Print

အလှအတွက် ကြိုးစားလုပ် ကြည့်ရမယ့် အလေ့အကျင့်ကောင်း ၁ဝ ခု

  29-Oct-2016
Preview Image

မိန်းကလေးတိုင်းကတော့ နေ့တိုင်း အလှဆုံးဖြစ်ချင်ကြတာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှ ဒါက အကျင့်ဆိုးလေးတွေဖြစ်သွားတတ်ပါတယ်။ ဥပမာ- ညဘက် မိတ်ကပ်မဖျက် မျက်နှာမသစ်ဘဲ အိပ်တတ်တာ၊ ဆယ်ကျော်သက်ညီမငယ်လေးတွေ

ဆေးလိပ်စမ်းသောက်ကြည့်တတ်တာ ဒါမှမဟုတ် မမကြီးတွေ စိတ်ညစ်ညစ်နဲ့အရက်

ဆေးလိပ်တွေ စမ်းရင်း စွဲသွားတာ၊ နေရောင်ထဲသွားတဲ့အခါ ထီး၊ ဦးထုပ်မပါ ၊ နေလောင်ခံခရင်မ်မလိမ်းဘဲ ခပ်ကြာကြာနေမိတတ်တာ၊ အသင့်စား စားစရာတွေ

ဝယ်စားတတ်တာ စသဖြင့် အများကြီးပါပဲ။ ဒီလမှာဖော်ပြပေးမှာကတော့ သင့်ရဲ့နေ့စဉ်

ဘဝထဲကို ဆောင်ယူလာသင့်တဲ့ အလှအပအတွက် အလေ့အကျင့်ကောင်း ၁ဝ ချက်ဖြစ်ပါတယ်။

 

၁။ မိတ်ကပ်ပါးနေပါစေ

 

အကယ်ဒမီဆုပေးပွဲတွေ၊ ဖျော်ဖြေပွဲတွေ သွားတာမဟုတ်ရင်၊ ကိုယ်တိုင်က အဓိက တင်ဆက်ရမယ့်သူမဟုတ်ရင် နေ့စဉ်လိမ်းခြယ် တဲ့အခါ မိတ်ကပ်နဲ့ပေါင်ဒါကို ခပ်ထူ ထူသုံးဖို့ အကြောင်းမရှိပါဘူး။ မိတ်ကပ်ထူသွားရင် အနီး ကပ်ကြည့်လေလေ သင့်ကို သဘာဝ မကျ မလှမပဖြစ်သွားစေလေပါပဲ။ အထူးသဖြင့် နေ့ခင်းဘက် မှာပေါ့။

နောက်ပြီး သင့်အသား အရေကို အသက်ရှူပေါက်မပေးရာရောက်လို့ အမြဲတမ်း

ဖောင်ဒေးရှင်းကို ခပ်ထူထူလူးရင် ချွေးပေါက်တွေပိတ်စေပါတယ်။ မျက်လုံး မိတ်ကပ်ကို လည်း ခပ်များများလိမ်းရင် အရေးအကြောင်းဖြစ်စေပါတယ်။ ပြီးတော့ မျက်လုံးနား က အရေပြားက နူးညံ့လွန်းတဲ့အတွက် ညင်ညင် သာသာနဲ့ ခပ်ပါးပါးပဲလိမ်းပေးသင့် ပါတယ်။ ဒါ့ကြောင့် နေ့စဉ်မိတ်ကပ်ကို ခပ်ပါးပါးပဲလိမ်းပါ။ တစ်ပတ်မှာ ၁ ရက် သို့မဟုတ် ၂ ရက်လောက် မိတ်ကပ်မလိမ်းဘဲနေလို့ရရင်နေပါ။ သင့်အရေ ပြားအတွက် အနားပေးခြင်း တစ်မျိုးအနေနဲ့ ပေါ့။ နေ့စဉ်လိမ်းဖို့လိုအပ်ရင်တော့ အပြင်က ပြန်လာတာနဲ့ ဖျက်ပစ်ခြင်းအားဖြင့် သင့်အရေပြား အတွက် အနားယူချိန်ပေးနိုင်ပါတယ်။

 

၂။ ကျန်းမာတဲ့အစားအသောက်ကို စားပါ

 

ဆံနွယ်၊ အသားအရေ၊ လက်သည်း ကစလို့ တစ်ကိုယ်လုံးလှပဖို့ အရေးကြီးဆုံး

အချက်က ကျန်းမာတဲ့အစားအသောက်ကို စားဖို့ပါပဲ။ ရေကိုတစ်နေ့ ၈ ခွက်သောက်ပါ။ မိမိစားတဲ့ အစာထဲမှာ ကျန်းမာမှုကိုအားပေးတဲ့ အဆီမျိုး၊ သစ်သီး၊ အသားဓာတ်၊

ဟင်းရွက်များပါဝင်ပါစေ။ သစ်သီးအစစ်နဲ့လတ်လတ်ဆတ်ဆတ် ဖျော်သောက်တဲ့

ဖျော်ရည်များက အသင့်သောက်အချိုရည်များထက်သာလွန်ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် အပြင်စာများများစားတတ်တဲ အကျင့့် ဆိုးလေးတွေရှိရင် ဂရုစိုက်ပြင်ပါ။

 

၃။ ချေးချွတ်ပြီး ပေါင်းတင်ပါ

 

လေထဲက မီးခိုးနဲ့ဖုန်မှုန်တွေကြောင့် အပြင် ထွက်တာများလေလေ ၊ လေတိုက်ဒဏ်ခံလေလေ အသားအရေက ညစ်ပတ်ပြီး ဆဲလ်သေတွေက သင့်မျက်နှာ

ပြင်ပေါ်မှာ စုပုံလာလေပါပဲ။ ဒါ့ကြောင့် တစ်လကို အနည်းဆုံး ၂ ကြိမ်လောက် မျက်နှာကို

ချေးချွတ်သင့်ပါတယ်။ ဆိုင်မှာချေးချွတ် ပေါင်းတင်လို့ရသလို မိမိကိုယ်တိုင် Scrub လုပ်ပြီး အသင့်ကပ် Beauty Mask အမျိုးအစား မြောက်မြားစွာထဲက ကိုယ်နဲ့သင့်တော်

တာကို ရွေးချယ်ပြီးကပ်လို့ ပေါင်းတင်နိုင်ပါတယ်။ ခရင်မ်ကို လိမ်းလိုက်တော့မှMask

ဖြစ်သွားပြီး ပေါင်းတင်နိုင်တာတွေလည်းရှိပါတယ်။ ထောက်ခံ ချက်ပေးချင်တဲ့

ပေါင်းတင်အမျိုး အစားထဲမှာ Clay Mask လည်းပါဝင်ပြီး သန့်စင်တဲ့ရွှံတွေက ချွေးပေါက်

တွေကို ကျုံ့ကာ အဆိပ်တွေကို ဖယ် ရှားပေးနိုင်ပါတယ်။

 

၄။ သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုကို ပြုပါ

 

ကိုယ်အပြင်ထွက်ရမယ့်နေ့၊ အချိန်၊ သွား မယ့်နေရာ အားလုံးကို ချင့်ချိန်ပြီး အဝတ်အစားကို ရွေးချယ်ပါ။ နွေးနွေးထွေးထွေးနဲ့စတိုင်ကျတဲ့ ဝတ်စုံဝတ်ရမယ့်အချိန်မှာ တိုတိုပြတ်ပြတ်လေး ဝတ်မိရင် တကယ့်သွားရမယ့်နေရာမှာ အဆင် မပြေဖြစ်နိုင်သလို

၊ပူအိုက်တဲ့နေရာကို သိပ်ကို အိုက်တဲ့ပူတဲ့အဝတ်အစားမျိုးနဲ့သွားမိရင် စိတ်ကျဉ်းကျပ်နေမှာ

ပါ။ နေပူတဲ့နေရာဆိုရင် အပူဒဏ် သိပ်မခံရအောင် အရောင်နုကို ရွေးဝတ်ပါ။ တကယ့်

အဝတ်အစားကောင်းဆိုတာ လူကိုလှပ စေသလို နေရထိုင်ရ လှုပ် ရှားရတဲ့အခါမှာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီဇိုင်းတစ်ခုတည်းကို မကြည့်ဘဲ ကျန်းမာရေး အတွက် ကိုက်ညီတဲ့ပိတ်စနဲ့ ချုပ် လုပ်ထားတာ ကို ရွေးချယ်ပါ။ အထူးသဖြင့် Underwear တွေကို လည်း ချည်သားကို ရွေးချယ်ဝတ်ရင် ဘယ်ရာသီ အတွက်မဆို

အဆင်ပြေစေပါတယ်။ ချွေးသိပ် ထွက်ပြီး လူထူတဲ့နေရာ ကိုသွားရင် ဆံပင်ချတဲ့ စတိုင်ကို မသုံးသင့်တာမျိုးလိုပဲ အခြေအနေ အချိန်အခါကိုကြည့်ပြီး ဆံပင်စတိုင်ကိုရွေးချယ်ပါ။ ဖိနပ်ကိုလည်း အလားတူပါပဲ။

 

၅။ နှုတ်ခမ်းနဲ့ မျက်လုံးကို တချိန်တည်းမှာ ပြင်လွန်းတာမျိုးမဖြစ်ပါစေနဲ့

 

သင့်မျက်ဝန်းကို ထင်ရှားတောက်ပစေချင် လို့ အရောင်တွေခြယ်ဖြစ်တဲ့

အခါ နှုတ်ခမ်းကို တောက်တောက်ပပကြီး မခြယ်မိပါစေနဲ့။မျက်လုံး ရော နှုတ်ခမ်းကို တစ်ပြိုင်နက် အလွန်အမင်းခြယ် ထားလွန်းရင် ကြည့်ရဆိုးစေပါတယ်။ နှုတ်ခမ်း နီတောက်တောက်လေးသုံးရင်မျက်လုံးကိုအသင့် အတင့်ပဲ ပြင်ပါ။

 

၆။ တစ်ပတ်တစ်ခါ ခေါင်းလျှော်ပါ

 

ခေါင်းကိုနေ့တိုင်းလျှော်တာမကောင်းပေမဲ့ တစ်ပတ်ကို နှစ်ကြိမ် အနည်းဆုံး တစ်ကြိမ်လျှော် သင့်ပါတယ်။ တစ်ပတ်လောက်ဆို စေးကပ်နေတဲ့ ဆံနွယ်တွေက ဖုန်တွေ၊ ဆီတွေ၊ ကော်တွေကို လျှော်ချဖို့သင့်ပါပြီ။ သင်နဲ့သင့်တော်တဲ့ ခေါင်း လျှော်ရည်ကို

ရွေးချယ်ပြီးသုံးပါ။ ခေါင်းလျှော် ရည်စင်အောင် ရေဆေးပါ၊ ဆံပင်ပျော့ဆေးသုံး ရင် လည်းအလားတူပါပဲ။ ပြီးရင် သဘာဝဆီ များနဲ့ သင့်ကေသာကို လိမ်းကျံပါ။ ဦးရေပြားကို ဆီလိမ်းပြီး နှိပ်ပေးပါ။ ဘီးများကို ပုံမှန်သန့်စင် ပေးဖို့ မပျင်းရိပါနဲ့။

 

၇။ အလှကုန်များကို မကြာခဏလဲသုံးပါ

 

တစ်ခါတစ်ရံမှာ ထုတ်ကုန်တစ်မျိုးတည်းကို ကာလရှည်သုံးနေတာ မသင့်တော်

တာမျိုး ရှိပါ တယ်။ တံဆိပ်တူရင်တောင်မှ အမျိုးအစားပြောင်း သင့်လား ဆိုတာ မိမိအသား အရေနဲ့ ရာသီ ဥတုအပြောင်းအလဲ၊ ဒီထုတ်ကုန်ပေါ်ကရတဲ့ ကောင်းကျိုး

ဆိုးကျိုးကို ချိန်ဆပြီး ပြောင်းသုံးပါ။Skin care နဲ့ Natural အလှကုန်များစွာရှိ နေပြီ

ဖြစ်လို့ ရွေး ချယ်စရာများစွာရှိပါတယ်။

 

၈။ ညတိုင်းမျက်နှာသစ်အိပ်ပါ

 

မိတ်ကပ်လူးရင် မိတ်ကပ်ဖျက်ပြီးမှ အိပ်သင့် သလို သနပ်ခါးလူးရင်လည်း မျက်နှာသစ်ပြီးမှပဲ အိပ်သင့်ပါတယ်။ မဟုတ်ရင် ဝက်ခြံပေါက်တတ်သလို သင့်ခေါင်းအုံး

တွေကိုလည်း ညစ်ပေစေနိုင်ပါတယ်။

 

၉။ မဝယ်မီ မိတ်ကပ်ကို စမ်းပါ

 

မိတ်ကပ်ကို စမ်းသပ်လိမ်းလို့ရတဲ့ Tester ရှိတဲ့ဆိုင်တွေမှာ ဝယ်တာက ပိုအဆင်ပြေပါတယ်။ ဝယ်ပြီးမှ အဆင်မပြေရင် နှမြောစရာကောင်း ပါတယ်။ မလိမ်းဖူးတဲ့ မိတ် ကပ်ကို အလောတကြီး ဝယ်ဖို့မလိုသလို ကုန်ဆုံးရက်ကို ကြည့်ဖို့လည်း မမေ့ပါနဲ့။

 

၁ဝ။ အသားအရေကို ကာကွယ်ပါ

 

အရိပ်ထဲမှာနေသူတွေအတွက် ရေဓာတ်ကို ထိန်းပေးတဲ့ Lotion အမျိုးအစားမြောက်မြား စွာရှိပါတယ်။ နေပူထဲကိုသွားရင်တော့Sun screen ဒါမှမဟုတ် UV ကာကွယ်ေ ပးနိုင်တဲ့ Lotin တွေရှိပါတယ်။ အရေပြားရဲ့နုပျိုမှုကို ထိန်း ပြီး ရင့်ရော်မှုကိုကာကွယ်ဖို့ကတော့ နေနဲ့လေ ကို တိုက်ရိုက်မထိအောင်Sunscreen များ၊Lotion များနဲ့ ကာကွယ်ထားခြင်းက အကောင်း ဆုံးပါပဲ။ ရက်စွဲမလွန်၊ စေးကပ်မှု

မရှိတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ စတိုင်အတွက် မဟုတ်ဘဲ အန္တရာယ်ရှိတဲ့နေရောင်ကို ကာကွယ်ဖို့ မျက်လုံးအတွက်ကတော့UVရောင်ခြည်တွေ အမှန်တကယ် ကာကွယ်ပေးနိုင်

တဲ့ နေကာမျက်မှန်သုံး ပါ။ ထီး၊ ဦးထုပ်စတဲ့လိုအပ်တဲ့အသုံးအဆောင် များကိုလည်းသုံးပါ။

 

Ref:

မာဦး

ရတီကျန်းမာရေး

January 23rd, 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18