Print

မျက်နှာပေါ်ကချွေးပေါက်တွေဘာကြောင့်ကျယ်

  30-Oct-2016
Preview Image

ချွေးပေါက်လေးတွေ အကြောင်း

- ချွေးပေါက်ကျယ်တွေကို အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေမှာ တွေ့ရတတ်တယ်နော်။

- အထူးသဖြင့် မျက်နှာရဲ့T ဇုန်နေရာတွေနဲ့ ပါးတွေမှာပေါ့။

- တကယ်တော့ ချွေးပေါက်တွေဟာ အရေပြားရဲ့ နှာခေါင်းပေါက်တွေလိုပဲမို့ အရေပြားအသက်ရှုဖို့ မရှိမဖြစ်လိုအပ်တယ်လေ။

- ချွေးပေါက်တွေဟာ အရေပြားက လိုအပ်တဲ့အာဟာရတွေ၊ ဗီတာမင်တွေနဲ့ အစိုဓာတ်ကို စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။

- ပြီးတော့ ချွေးပေါက်လေးတွေကနေတဆင့် အဆီတွေထွက်လာပြီး အရေပြားချောမွေ့အောင် လုပ်ပေးသလို အရေပြားကို ကာကွယ်တဲ့ အလွှာပါးလေးအနေနဲ့ ဆောင်ရွက်ပေးပါတယ်။

- ပြီးတော့ ချွေးတွေထွက်စေပြီး အရေပြားက မလိုအပ်တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပြန်ပါတယ်။

- ဒါကြောင့် ချွေးပေါက်လေးတွေ ရှိနေတာ အရမ်းကောင်းတာပေါ့နော်။

- ဒါပေမယ့် ချွေးပေါက်တွေ အရမ်းကျယ်နေရင်တော့ ချွေးပေါက်ထဲကို ဖုန်တွေ အညစ်အကြေးတွေ အလွယ်တကူ ၀င်ရောက်နိုင်လို့ ဆားဝက်ခြံတွေ ၀က်ခြံတွေ ဖြစ်စေတော့တာပေါ့။

ချွေးပေါက်လေးတွေ ကျယ်လာစေတဲ့ တရားခံများ

၁။ မျိုးရိုးဗီဇ

- ချွေးပေါက်တွေကျယ်ခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ မျိုးရိုးလိုက်လို့ပါပဲ။

- သင့်မိဘတွေဟာ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဖြစ်ပြီးတော့ ချွေးပေါက်ကျယ်တွေလည်းရှိနေမယ်ဆိုရင် သင့်အသားအရေဟာလည်း ဒီလိုပဲဖြစ်ဖို့များတာပေါ့။

- ရှောင်လွှဲလို့မရတဲ့အချက်ပေမဲ့ အသားအရေကို သေချာဂရုစိုက်ပေးမယ်ဆိုရင် ဒီပြသနာဟာ အရမ်းမဆိုးနိုင်ဘူးနော်။

၂။ နေရောင်ခြည်ဒဏ်

- အရေပြားကို ဘာအကာအကွယ်မှ မလုပ်ထားပဲ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ ချွေးပေါက်တွေက ကျယ်လာမှာပါပဲ။

- ဘာလို့လဲဆိုတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ အရေပြားဟာ အလိုအလျောက်ထူလာတယ်လေ။

- ပြီးတော့ အရေပြားကဆဲလ်လေးတွေဟာ ချွေးပေါက်တွေရဲ့ပတ်လည်မှာ စုပုံလာလို့ ချွေးပေါက်နေရာတွေဟာ ဖောင်းကားလာတာကလည်း ချွေးပေါက်တွေကျယ်လာအောင် တွန်းအားပေးနေပြန်ပါတယ်။

- နေရောင်ဟာ အရေပြားက Collagen နဲ့Elastin ကို ပျက်စီးစေပြန်ရော။

- ချွေးပေါက်တွေ သေးငယ်ပြီး တင်းတင်းရင်းရင်းရှိနေအောင ်လုပ်ပေးတဲ့ Collagen က ပျက်စီးသွားတော့ ချွေးပေါက်တွေကလည်း ကျယ်လာတော့တာပေါ့။မှားယွင်းသော အသားအရေထိန်းသိမ်းခြင်း

- ချွေးပေါက်ကျယ်တာတွေကိုဖြစ်စေတဲ့ အဓိကအချက်မှာ မှားယွင်းတဲ့ အသားအရေထိန်းသိမ်းနည်းတွေကြောင့်လည်း ပါပါတယ်။

- မိတ်ကပ်တွေကို သေချာမဖျက်ပဲ အိပ်ယာဝင်တာ၊ တစ်နေ့ကို နှစ်ကြိမ်လောက်မျက်နှာမသစ်တာတွေပေါ့။

- အဲ့ဒီအမှားတွေကို ခုချက်ခြင်းပြုပြင်လိုက်တော့နော်။

- ပြီးတော့ တစ်ပတ်ကိို ၁ ကြိမ် မျက်နှာပေါင်းတင်ပေးပါ။

- ဘာလို့လဲဆိုတော ့ဆဲလ်အသေတွေကို ပုံမှန်မဖယ်ရှားရင် ဆဲလ်သေတွေက ချွေးပေါက်တွေမှာ စုပုံလာပြီး ချွေးပေါက်တွေ ပိုကျယ်လာနိုင်လို့ပါပဲ။

၃။ အရွယ်ရောက်ချိန်

- အပျိုဖော် လူပျိုဖော်ဝင်လာပြီဆိုရင် ၀က်ခြံတွေထွက်လာတတ်သလို ချွေးပေါက်ကျယ်တာတွေလည်း ဖြစ်လာတတ်တယ်လေ။

- အဲ့ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဆီတွေအများကြီး ထွက်လာတတ်တယ်။

- ထွက်သလောက်အဆီတွေကို စွန့်ထုတ်နိုင်ဖို့ ချွေးပေါက်တွေလည်း အလိုလိုကျယ်လာရတာပေါ့။

- ဒါကတော့ ဆယ်ကျော်သက်တိုင်းလိုလို ကြုံရတာပဲနော်။

- အဲ့ဒီတော့ မျက်နှာကအဆီပိုတွေကို သေချာသန့်စင်ပေးပါ။

- အသားအရေကိုလဲ သေချာဂရုစိုက်ပေးဖို့ လိုတာပေါ့။

၄။ ဇရာ

- အသက်ကြီးလာတာနဲ့အမျှ အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်တွေ ထုတ်လုပ်မှုနည်းသွားလို့ အသားအရေလည်း တင်းရင်းမှုမရှိတော့ပဲ ချွေးပေါက်တွေ ကျယ်လာတာပါ။

၅။ ၀က်ခြံ

- ၀က်ခြံတွေနဲ့ ချွေးပေါက်ကျယ်တွေဟာ အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွမ်းမှီနေတာပါပဲ။ ချွေးပေါက်ကျယ်တွေ ပိတ်ဆို့လို့ ၀က်ခြံ ဆားဝက်ခြံတွေ ဖြစ်စေတယ်နော်။

- အဲလိုပဲ ၀က်ခြံ ဆားဝက်ခြံတွေကြောင့် ချွေးပေါက်တွေပိုပိတ်၊ ပိုးဝင်ရောင်ရမ်းတော့ ချွေးပေါက်တွေပိုကျယ် သံသရာကို လည်နေတော့တာပဲလေ။

အရေပြားမှာရေဓာတ်ခမ်းခြောက်ခြင်း

- အရေပြားမှာ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း အသားအရေက တင်းရင်းမှုမရှိပဲ ချွေးပေါက်တွေကျယ်လာတတ်တယ်နော်။

မိတ်ကပ်အလွန်အကျွံသုံးခြင်း

- မိတ်ကပ်တွေကြောင့် ချွေးပေါက်တွေ ပိတ်ရာကနေ ကျယ်လာတာပါ။

၆။ စားသောက်မှုပုံစံမှားယွင်းခြင်း

-ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်မှုပုံစံကြောင့် အဆီတွေပိုထွက်လာစေပြီး ချွေးပေါက်တွေ ပိုကျယ်လာတတ်တယ်နော်။

၇။ ဆေးလိပ်သောက်ခြင်း

- ဆေးလိပ်သောက်တာများတဲ့အခါ အရေပြားကို သွေးသွားတာနဲသွားပါတယ်။

- အဲဒီအခါ အရေပြားရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာမလုပ်နိုင်တော့လို့ အရေပြားရဲ့ကျုံ့ဆန့်နိုင်တဲ့သတ္တိတွေလည်း လျော့နည်းလာပြီး ချွေးပေါက်တွေ ကျယ်လာတော့တာပေါ့။

 

Healthcare.com.mm

Ref:

ရင်နှင်းငယ်

Source: ပိုပိုဇော်(သဘာဝအားအင်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18