Print

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်းလေးဘဲလှချင်တယ်ဆိုရင်

  30-Oct-2016
Preview Image

အမျိုးသမီးတော်တော်များများကတော့ မိတ်ကပ်က လူတစ်ယောက်ကို ကြည့်ကောင်းပြီး လှပစေတဲ့ အကောင်းဆုံးနည်းလို့ ထင်ကြပါတယ်။ ဒါပေမယ့် မှန်ရှေ့မှာ အချိန်ပေးပြီး တစ်ရက်တစ်ရက် မိတ်ကပ်လိမ်းရတာ ကိုတော့ နှစ်သက်တဲ့လူ နည်းပါလိမ့်မယ်။ ဒါဟာအချိန်လည်း ပေးရတာမို့ တစ်ရက်စာ အပြင်မသွားခင် မှန်တင်ခုံရှေ့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။ တစ်ခါတစ်လေ ဖောင်ဒေးရှင်းတွေ လိမ်းမထားပဲ၊ mascaraတွေဆိုးမထားပဲ အမျိုးသမီးတွေ ဘယ်လောက်ကြည့်ကောင်းကြတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းပဲနဲ့လည်း လှနေအောင်၊ ကြည့်ကောင်းနေအောင် ဒီနည်းလေးတွေအတိုင်း လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

၁။မနက်တိုင်း၊ ညတိုင်း တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ဒီအချက်ကတော့ အထူးပြောနေစရာ မလိုပါဘူး။ မနက်နိုးတဲ့အခါ မျက်နှာသစ်ပေးဖို့နဲ့၊ အိပ်ခါနီး ဒါမှမဟုတ် အပြင်က ပြန်ရောက်တဲ့အချိန် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတစ်နေ့နှစ်ကြိမ် မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့ပါ။ ဒီအချက်က အရေးမကြီးဘူးလို့ ထင်ကောင်းထင်နို်င်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အရမ်းအိပ်ချင်လို့ အပြင်က ပြန်ရောက်ရောက်ချင်း အိပ်ပျော်သွားတာ၊ မျက်နှာသစ်ဖို့ မေ့သွားတာမျိုးတွေကလည်း မဖြစ်သင့်ပါဘူး။ ဒါဟာ ၀က်ခြံကင်းစင်စေဖို့ အထူးဂရုပြုသင့်တဲ့ အချက်ဖြစ်နေပါတယ်။

၂။Cleanser အပျော့စားလေးတွေ သုံးပေးပါ

ပြင်းတဲ့ Cleanser အမျိုးအစားတွေက မျက်နှာအသားအရေကို စားသွားတာမျိုးဖြစ်တတ်သလို အသားအရေလည်း ခြောက်သွားတတ်ပါတယ်။ ဒီတော့ cleanser သုံးမယ်ဆိုရင် အရမ်းမပြင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ကိုယ်ဝယ်မယ့့် cleanser အမျိုးအစားမှာ hypo-allergenic ဆိုတဲ့စာတန်း၊ ဒါ့အပြင် non-comedogenic ဆိုတဲ့စာတန်းမျိုးပါမှ ၀ယ်ပါ။

၃။Moisturizer ကောင်းကောင်းသုံးပါ။

မျက်နှာသစ်ပြီးတဲ့အခါ မဖြစ်မနေလိမ်းပေးသင့်တာကတော့ အသားအရေကို စိုပြေစေပြီး အရွယ်တင်နုပျိုစေတဲ့ Moisturizer ပါပဲ။ ကိုယ်အသားအရေနဲ့ လိုက်တဲ့ Moisturizerရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့အဆင်မပြေတဲ့ Moisturizer အမျိုးအစားကြောင့် အဆီပြန်တတ်တာမျိုးတွေ ကြုံရနိုင်လို့ပါ။ ကိုယ်နဲ့သင့်တော်တဲ့ အမျိုးအစားရွေးချယ်မှုဟာ ခက်ခဲနိုင်ပေမယ့် သင်နဲ့အဆင်ပြေသွားပြီဆိုရင်လည်း Moisturizer ဆိုတာ အလှအပနဲ့ အသားအရေအတွက် တကယ့်အရေးကြီးတဲ့အရာဆိုတာ မမေ့ပါနဲ့။ နောက်ထပ်တစ်ချက်တော့ Moisturizer ရှာတဲ့အခါ SPF ကာကွယ်မှုပါတာကိုလည်း ရွေးချယ်လိုက်ပါဦးနော်။

၄။Mascara ဆိုးမယ့်အစား Vaseline သုံးပေးပါ။

ဒီနည်းလမ်းက အူကြောင်ကြောင်ကြီးလို့ ထင်ရင်ထင်နိုင်ကြပါတယ်။ ဒါပေမယ့် mascara လိမ်းမယ့်အစား vaseline လိမ်းကြည့်တာနဲ့ သင့်မျက်ဝန်းတစ်ဝိုက်ဟာ တောက်တောက်ပပလေးနဲ့ ကြည့်ကောင်းနေမှာပါ။ အထူးသဖြင့် မျက်တောင်တွေပါပဲ။ ဒါ့အပြင် Vaseline ကို mascara ဆိုးပြီး ပြန်သန့်စင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ Vaseline ဟာ အခြားmakeup remover တွေထက် ပိုနူးညံ့လို့ပါပဲ။

၅။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားတွေအတွက် အုန်းဆီကိုအသုံးပြုနိုင်

သဘာဝအုန်းဆီဟာ သင့်နှုတ်ခမ်းသားတွေ ကွဲအက်ခြင်းကို ကုစားပေးနိုင်ပါတယ်။နှုတ်ခမ်းသားလေးတွေ သဘာဝအတိုင်း လှပနေဖို့ဆိုရင် သူက အကူအညီပေးနိုင်ပါတယ်။

Healthcare.com.mm

Credit: Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18