Print

Cracked Heels ဖနောင့်ကွဲခြင်း

  30-Oct-2016
Preview Image

• ခြေထောက်ကို မေ့မေ့လျော့လျော့ထားရာကနေဖြစ်တာများတယ်။ စိုစံပ်မှုနည်းလို့ဆက်ဖြစ်တာပါ။ အပေါ်ယံသာ ကွဲအက်တာနဲ့ အတွင်းနက်တာအထိရှိတယ်။ နာလာမယ်။ ပိုးဝင်တာ၊ သွေးထွက်တာဆက်ဖြစ်လာနိုင်တယ်။ ဘေးကားလာမယ်။ Zinc သွပ်ဓါတ်နဲ့ Omega-3 fatty acid အိုမီဂ်-သရီးနည်းလို့လဲဖြစ်တယ်။ Xerosis အရေပြားခြောက်တဲ့ရောဂါကနေဆက်ဖြစ်တာလဲရှိတယ်။

• စိုးရိမ်စရာမရှိပါ။ နာတာရှည်ရောဂါတခုခုရှိနေရင်၊ HIV နဲ့ ဆီးချိုရှိနေရင်တာ သတိထားရမယ်။ ပျောက်ခဲတယ်။ အသက်ကြီးရင် ပျောက်ခဲတယ်။

• ရပ်နေတာ၊ သွားလာတာကြာရင်ဖြစ်နိုင်တယ်။ မာတဲ့အောက်ကြမ်းပေါ် ဖနပ်မပါဘဲ သွားလာ လုပ်ကိုင်သူတွေမှာလဲ ဖြစ်နိုင်တယ်။ ဖိနပ်အဆင်မပြေလဲဖြစ်နိုင်တယ်။

• Athlete’s foot အားကစားသမားခြေထောက် မှိုရောဂါ၊ Psoriasis ဆိုရီယေးဆစ်ရောဂါ၊ Eczema နှင်းကူနာနဲ့ Thyroid disease လညပ်ပင်းကြီးရောဂါတွေနဲ့ဆက်စပ်နေတတ်တယ်။ ရေထဲကြာကြာ ခြေထောက်ထားရရင်လဲ ဖြစ်တယ်။

• Shortening or hydrogenated vegetable oil ခြေထောက်ကိုဆေးကြောပြီးနောက် သဘာဝအသီးအနှံက ထုတ်တဲ့ဆီတခုခုလိမ်းပါ။ ပြီးရင် ခြေအိပ်ထူထူဝတ်ထားပါ။ နောက်နေ့ဆေးပစ်ပါ။

• Pulp of a ripe banana ငှက်ပျောသီးမှည့်အခွံဖုံးအုပ်ထားပေးပါ။ ၁ဝ မိနစ်ထားပါ။ ဆေးပစ်ပါ။ ထောပတ်သီး၊ အုန်းသီးကိုပါတွဲသုံးနိုင်တယ်။

• lemon juice သံပုရာရည်ထဲမှာ ၁ဝ မိနစ်စိမ်ပါ။

• cleaning and moisturizing နေ့တိုင်း ဆပ်ပြာနဲ့ရေနွေးထဲမှာ ၁၅ မိနစ်ကြာ နေ့စဉ်စိမ်ပါ။

• Vaseline ကေ်ဆလင်းနဲ့ သံပုရာရည်ရောထာထဲမှာစိမ်ပါ။

• glycerin အလှဆီနဲ့ rosewater နှင်းဆီရည်ရောထာထဲမှာစိမ်ထားပါ။

• paraffin wax ပါရာဖင်ဆီနဲ့ mustard oil မုန်ညင်းဆီနည်းနည်းရောတာ ၁ဝ-၁% ရက်ကြာသုံးပါ။

• အစားအသောက်မှာ Calcium, Iron, Zinc, Vitamin E and Omega-3 Fats ဓါတ်တွေပါတာကို များများ စားသုံးပါ။ အဲတာတွေပါတဲ့အားဆေးသောက်ပါ။

Healthcare.com.mm

Ref: ဒေါက်တာတင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18