Print

မှတ်သားဖွယ် အလှအပရေးရာ အဖြေရှာ

  30-Oct-2016
Preview Image

အလှပြင်တဲ့အခါ မကြာခဏတွေ ့ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေကိုရိုးရှင်း လွယ်ကူတဲ့နည်းလေးတွေနဲ ့အောက်ပါအတိုင်း အဖြေ ညှိလိုက်ကြရအောင်။

(၁) ပွထောင်နေတဲ့ ဆံပင်တွေအတွက် အုန်းဆီ-ခေါင်းလိမ်းဆီက သပ်သပ် ရပ်ရပ်ဖြစ်စေသော်လဲဘဲ၊ ဆီ(လုံးဝ)မကြိုက်သူများအတွက် baby hair oil(ခေါ်)ကလေးခေါင်းလိမ်းဆီလေးတွေလိမ်းပေးပါ (သို့မဟုတ်)ဆံပင်ကို အပေါ်ကနေ hairspray ဖြန်းပေး ပါ။

(၂) နှုတ်ခမ်းဆိုးဆေးအနီရဲရဲတွေကို တခါတလေမှသုံးသူများက၊လက်မငြိမ်ဘဲဆိုးမိ တာကြောင့် အခန့်မသင့်ရင် ဆေးတွေဘေး သို့ပြန့်သွားတတ်ပါတယ်။ အဲဒီ လိုမဖြစ်စေဖို့ ဦးစွာအနီရောင်နဲ ့အနီးစပ်ဆုံးတူတဲ့ နှုတ်ခမ်းဆိုးဆေး ခဲတံလိုင် နာဖြင့် နှုတ်ခမ်းကို အနားသတ်လိုင်းဖော်ရပါမယ်။ ပြီးမှ အနီရဲရဲနှုတ် ခမ်းနီကို ဆိုးပေးပါ။

(၃) ဆောင်းတွင်းမှာ အသားပပ်လို့ ခြေသလုံးတွေ ပက်ကျားအက််နေခြင်းအတွက်၊ထွေထွေထူးထူးစဉ်းစားမနေပါနဲ ့။ အုန်းဆီ ၃-စက်လောက်ကို လက်ထဲလောင်းချ၍ လက်ဖဝါး ၂-ဘက်ကိုပွတ်ကာ၊ ခြေသလုံးသားထဲစိမ့်ဝင်သွားအောင် ပွတ်သပ် လိမ်းပေးပါ။

(၄) အကြောင်းတခုခုကြောင့် လက်သည်းတွေပဲ့ထွက်တဲ့အခါ လက်သည်းညှပ် အလွယ်တကူမရှိဘူးဆိုပါစို ့။ ဥပမာ ပဲ့နေသော လက်ညှိုးရဲ ့လက်သည်းကို လက်မရဲ့လက်သည်းဖြင့် လက်သည်းချင်းပွတ်ကုတ်ပေးပါ(သို ့မဟုတ်) မိမိ၀တ် ဆင်ထားတဲ့ ပိတ်စ ကြမ်းကြမ်းအဝတ်ထည်ဖြင့် အဲဒီလက်သည်းကိုပွတ် တိုက်ပေးပါ။ (လက်သည်းညှပ်သေးသေးလေးတွေ၊ ဆံညှပ် နဲ့တွယ်ဂျိပ် လေးတွေ vကို ခရီးသွား ဟန်လွှဲ အရေးပေါ်သုံးနိုင်အောင် ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားသင့်ပါတယ်)

(၅) မျက်တောင်မွှေးကို အလှပြင်တဲ့ Mascara တွေကို နည်းနည်းသာသုံးသင့်ပါတယ်။ Mascara အမျိုးအစားတွေက တခုနဲ ့တခုမတူညီတာကြောင့် မိမိသုံးနေကျ အမျိုးအစား မဟုတ်တဲ့ ပစ္စည်းအသစ်ကိုဝယ်တဲ့အခါ အရောင်းကောင်တာမှာ စမ်းသပ်၍သော် လည်းကောင်း၊ အရောင်းစာရေးကို ပစ္စည်းအသုံးပြုနည်းမေးမြန်း၍သော်လည်းကောင်း လေ့လာပြီးမှဝယ်ပါ။ အကယ်၍ Mascara သုံးတာများသွားတဲ့အခါ မျက်တောင်မွှေးကို သုံးတဲ့ ဘရက်ရှ်လေးဖြင့် အသာအယာဖြီးလိမ်း သုတ်သင်ပါ။

(၆) အမျိုးသားများ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ(သို့မဟုတ်)အမျိုးသမီးတွေဂျိုင်းမွှေးနဲ့ ခြေသလုံးမွှေးရိတ်တဲ့အခါ အမွှေးရဲ့လား ရာလမ်းကြောင်းအတိုင်း သင်တုန်းဓားကို အလိုက် သင့်ရိတ်ပေးရပါမယ်။ အကယ်၍ အမွှေးရဲ့လားရာလမ်းကြောင်းနဲ့ဆန့်ကျင်ရိတ်တဲ့အခါအရေပြားနာကျင်တတ်ပြီး မွှေးညှင်းပေါက်တွေပိတ်သွားတတ်ပါတယ်။ နာကျင်မှုသက်သာအောင်နဲ့ မွှေးညှင်းပေါက် တွေမပိတ်ရအောင် ရေဆွတ်၍ရိတ်ပေးပါ။

(၇) မျက်ခုံးမွှေးသွယ်သွယ်တန်းတန်းလေး ဖြစ်အောင် ဓား(သို့မဟုတ်)ဇာဂနာဖြင့် အနားသပ်ညှိတဲ့အခါ တခါတရံ လက်လွန်ပြီးမျက်ခုံးမွှေးတွေပါသွားတတ်ပါတယ်။ အဲဒီအခါ မိမိမျက်ခုံးမွှေးအရောင်နဲ့အနီးစပ်ဆုံးဆင်တူတဲ့ မျက်ခုံးမွှေးဆွဲခဲတံကိုသုံး၍ လို အပ်တဲ့နေရာမှာမျက်ခုံးမွှေးဖြည့်ဆွဲပေးလိုက်ပါ။

(၈) အချို့ အမျိုးသမီးများက မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ်ညှိတဲ့ဘရက်ရှ်(အမွှေးလေးတွေ)ကိုသုံးတတ်ကြပါတယ်။ အဲဒီ ဘရက်ရှ်တွေက ကြာလာတဲ့အခါ၊ အမွှေးလေးတွေလုံးခဲ၍ကျွတ်သွားတတ်ပါတယ်။ ဘရက်ရှ်သုံး လို့ကောင်းစေဖို ့အတွက် ကလေးရေချိုးဆပ်ပြာ ပျော့စားဖြင့် ဆေးကြောသန် ့စင်၍၊ ဘရက်ရှ်တံရဲ့အမွှေးကိုအောက် သို့ ထား၍ တွဲလောင်းချိပ်ကာ (လုံးဝ) ခြောက် သွားတဲ့အထိ နေပူလှန်းပေးပါ။

(၉) အိုင်းလိုင်နာအရည်တွေ လေသလပ်ပြီး ပုလင်းဗူးလေးထဲမှာ ခြောက်ကပ်နေ တယ်ဆိုပါစို့ ။ ရေ ၁-စက် (သို့မဟုတ်) ၂-စက် ထဲ့၍ ပုလင်းလေးကို နာနာလှုပ်ခါပြီး သုံးကြည့်ပါ။

Healthcare.com.mm

Ref:ဖိုးသူတော်

Credit:ပျိုမေတို့သိစေဖို့

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18