Print

အလှပြင်ပစ္စည်းတွေ ဘယ်လောက်ကြာကြာ သုံးသင့်သလဲ

  30-Oct-2016
Preview Image

အမျိုးသမီးတွေနဲ့ခွဲမရတဲ့ အရာကတော့ အလှအပပစ္စည်း တွေပဲဖြစ်ပြီး သုံးနေတဲ့အလှကုန် တွေ ဘယ်လောက်ကြာနေပြီလဲဆို တဲ့အချက်ကိုတော့သတိပြုမိသူ နည်းပါတယ်။ မိတ်ကပ်ရည်တို့၊အောက်ခံနို့ရည် စတာတွေဟာ စိုစွတ်တဲ့အခန်းတွေထဲမှာ ကြာကြာ ထားရင် ဘက်တီးရီးယားတွေပေါက်ပွားတတ်တာကြောင့် အလှ ကုန်တွေအကြာကြီးထားသုံးဖို့ မသင့်လို့ ဘယ်လိုသုံးသင့်တယ်ဆို တာအကြံပြုလိုက်ပါတယ်။

မျက်တောင်ကော့ဆေး – သုံးလ လောက်ကြာပြီးရင်တော့ မျက် တောင်ကော့ဆေးတွေခြောက်လာ ပြီး ပျင်းတွဲတွဲဖြစ်လာပါတယ်။ မျက်လုံးအနီးတစ်ဝိုက် အန္တရာယ် မဖြစ်စေဖို့အတွက်ဆိုရင်တော့ မသုံးသင့်တော့ပါဘူး။

လိုင်နာရည် – နှစ်လလောက်ပဲသုံး တာသင့်တော်ပါတယ်။

လက်သည်းဆိုးဆေး – တချို့ဆိုး ဆေးတွေက အရောင်တွေမပျက် စီး၊ ဆေးမခြောက်မချင်း တစ်နှစ် လောက်အထိအထားခံပါတယ်။

မျက်ခွံဆိုးဆေး – အမျိုးသမီး အတော်များများ နှစ်နဲ့ချီသိမ်းလေ့ရှိ တဲ့အရာပါ။ မျက်ခွံဆိုးဆေးတွေကို တစ်နှစ်ထက်ပိုပြီးမထားသင့်ပါဘူး။

အောက်ခံပေါင်ဒါမှုန့် – မျက်လုံးနဲ့ အရေပြားကိုဒုက္ခပေးနိုင်လို့ ၂ နှစ် ထက်ပိုပြီးမသုံးသင့်ပါဘူး။

အောက်ခံမိတ်ကပ်ရည် – ပုလင်း ဖွင့်ပြီး ၆ လအတွင်းကုန်အောင် သုံးသင့်ပါတယ်။ အကြာကြီးထား ရင် ဘက်တီးရီးယားတွေပေါက်ပွား ပြီး မျက်နှာအရေပြားကို ဆိုးဆိုး ရွားရွားထိခိုက်စေနိုင်လို့ပါ။

နှုတ်ခမ်းနီ – အရောင်အပြောင်း အလဲ၊ ဆိုးလိုက်တဲ့အချိန်မှာရတဲ့ ခံစားမှုတွေကိုကြည့်ပြီး သုံးသင့်၊ မသုံးသင့်ဆုံးဖြတ်နိုင်ပါတယ်။ တစ် နှစ် (ဒါမှမဟုတ်) ၁၈ လလောက် ကြာတဲ့အခါ နှုတ်ခမ်းဆိုးဆေးထဲက ပါဝင်ပစ္စည်းတွေ အငွေ့ပျံပျက်စီးသွားတာကြောင့် နှုတ်ခမ်းနီ အ ရောင်မလှတော့တာတွေ့ရမှာပါ။

မျက်လုံးနှင့်နှုတ်ခမ်းလိုင်နာခဲတံ – တစ်နှစ်လောက်ပဲသုံးတာ အသင့် တော်ဆုံးပါပဲ။

နေလောင်ခံဆန်းခရင်မ် – နေ လောင်ခံလိမ်းဆေးအများစုမှာ တော့ သက်တမ်းကုန်ရက်ပါရှိပါ တယ်။ သက်တမ်းကုန်ရက်ထက် တစ်နှစ် (ဒါမှမဟုတ်) ၂ နှစ်လောက် ထိကျော်သွားရင်လည်း သုံးနိုင် တယ်လို့ဆိုပါတယ်။

မျက်နှာလိမ်းခရင်မ် – ပန့်ပ်လေးပါ တဲ့ဘူးနဲ့ဆိုရင်တော့ ဘက်တီးရီး ယားပေါက်တာကို အနည်းငယ် ကာကွယ်နိုင်လို့တစ်နှစ်လောက် ထားသုံးနိုင်ပေမယ့် ဒီအတိုင်းပုလင်းအဖုံးဖွင့်သုံးရတဲ့ခရင်မ်တွေက တော့ ခြောက်လအတွင်း ကုန် အောင် သုံးစွဲသင့်ပါတယ်။

Healthcare.com.mm

Ref: စုံစုံစိစိအကုန်သိ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18