Print

အဆီချဆေးများထက် ငါးအဆီစားခြင်းက လျင်မြန်စွာအဆီကျကျန်းမာရေး

  30-Oct-2016
Preview Image

ငါးအဆီစားခြင်းမှာ အဆီချဆေးများသောက်ခြင်းထက် ပို၍ လျင်မြန်စွာ အဆီကျစေနိုင်သောကြောင့် အသက်(၃ဝ)ကျော် (၄ဝ)ကျော်အရွယ် ကိုယ်အလေးချိန်ပိုများနေသူများ (သို့မဟုတ်)အဝလွန်နေသူများ ကိုယ်အလေးချိန်ချရာတွင် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သုတေသီများက ပြောသည်။

ငါးအဆီက အစာချေဖျက်မှုလမ်းကြောင်းထဲရှိ ဆဲလ်များကို နှိုးဆွပေးပြီး အထောက်အကူပြု အာရုံကြောစနစ်အား အပူပေးကာ အဆီကိုချေဖျက်ရန် သိုလှောင်ထားသော ဆဲလ်များအား တွန်းအား ပေးသည်။

အဆီတစ်သျှူးများက အဆီအားလုံးကို သိုလှောင်မထားပေ။ တည်မြဲသော ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်းရန် အညိုရောင်ဆဲလ် များက အဆီကို ချေဖျက်ပြီး စွမ်းအင်ထောက်ပံ့မှုကို ထိန်းသိမ်းရန် အဖြူရောင်ဆဲလ်များက အဆီကို သိုလှောင်ထားသည်။

ကလေးများတွင် အညိုရောင်ဆဲလ် အများအပြားရှိသော်လည်း အရွယ်ကြီးလာသည်နှင့်အမျှ အညိုရောင်ဆဲလ်အရေအတွက်လျော့ ကျသွားသည်။

အညိုဖျော့ရောင်ဆဲလ်များဟုခေါ်သည့် တတိယအမျိုးအစား အဆီဆဲလ်တစ်မျိုးကို များမကြာမီက လူသားများနှင့်ကြွက်များ၏ ခန္ဓာကိုယ်တွင်း၌ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏လုပ်ဆောင်ချက်များမှာ အညိုရောင်ဆဲလ်များ၏လုပ်ဆောင်ချက်များနှင့် များစွာတူညီသည်။

လူသားများ သက်လတ်ပိုင်း အရွယ်ရောက်လာချိန်တွင် ယင်း အညိုဖျော့ရောင်ဆဲလ်များ အရေအတွက် လျော့ကျသွားပြီး ယင်းဇီဝဖြစ်ပျက်မှုဆိုင်ရာ ဆဲလ်များမရှိပါက အဆီများသည် အသုံးချခြင်း မရှိဘဲ ဆယ်စုနှစ်များစွာကြာ တိုးပွားလာနိုင်သည်။

အဆီစုဝေးဖြစ်ပေါ်မှုကို ကာကွယ်နိုင်ခြင်းအပါအဝင် ငါးအဆီ တွင် ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိပြီး ငါးအဆီစားပေးခြင်း ကြောင့် ခန္ဓာကိုယ်တွင် အဆီချေဖျက်နိုင်သော ဆဲလ်များတိုးပွားလာ ကြောင်း သုတေသီ ကာဝါဒါက ပြောကြားသည်။

သုတေသီများက ဓာတ်ခွဲခန်းထဲတွင် ကြွက်များဖြင့် စမ်းသပ်ခဲ့ ကြခြင်းဖြစ်ပြီး ငါးအဆီ ကျွေးထားသောကြွက်များသည် ငါးအဆီမ စားသောကြွက်များထက် အဆီတိုးပွားမှု ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိလျော့နည်းပြီး ခန္ဓာကိုယ်တွင် အဆီ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင် နှုန်းပိုနည်းကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

အထောက်အကူပြု အာရုံကြောစနစ်ကို အသက်သွင်းလိုက် ပါက အဖြူရောင်ဆဲလ်များမှ အဆီကို ချေဖျက်နိုင်သော အညိုဖျော့ ရောင်ဆဲလ်များဖြစ်ပေါ်လာသည်ကိုလည်း သုတေသီများ စစ်ဆေး တွေ့ရှိခဲ့သည်။

 

Healthcare.com.mm

 

Ref: TOI

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18