Print

တင်းပါးဆုံ လှပစေမယ့် လေ့ကျင့်ခန်း (၅) ခု

  30-Oct-2016
Preview Image

မိန်းကလေးတိုင်းကတော့ ကိုယ့်တင်ပါး ကြည့်ကောင်းပြီး လှပနေစေချင်ကြတာချည်းပါပဲ။ တင်ပါးက တင်းတင်းရင်းရင်းလေးနဲ့ အဆင်ပြေနေချင်တယ်၊ ဒီ့အတွက် အချိန်လည်း သိပ်အကုန်မခံနိုင်ဘူးဆိုရင် အောက်ပါ gym ကစားခြင်းနည်းဖြင့် အဆင်ပြေနိုင်ပါတယ်။ တင်ပါးအတွက်သာ အထိရောက်ဆုံး လေ့ကျင့်ခန်း (၅) မျိုးကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဆောင့်ကြောင့်ထိုင် ခုန်ဆွလေ့ကျင့်ခန်း

ခြေဖမိုး အပြင်ဘက်ခြမ်းလေးသာ ထောက်လျက် မတ်တပ်ရပ်ကာ လက်တွေကို တင်ပါးပေါ်ထားကာ အနည်းငယ် ဖြန့်ထုတ်ပါ။ ဒူးကွေးပြီး ကိုယ်ကို မတ်မတ်ရပ်ပါ။ နောက်ပြီး တစ်ချက်ခုန်ပါ။ ကျောရိုးလည်း ပါဝင်လှုပ်ရှားစေရပါမယ်။ တဖြည်းဖြည်း အောက်ပြန်ချပြီး ကျောပြင်ကို ဆောင့်ကြောင့်ထိုင် အနေအထားဖြစ်အောင် နိမ့်ပေးရင်း အောက်ချပေးပါ။ ဒီသုံးကွက်ကို တစ်ခု မိနစ် ၂၀ စီ လုပ်ပေးပါ။

လက်မြှောက်ခြင်း

လက်ကို နောက်စေ့ကို ပို့ထားပြီး တံတောင်ဆစ်ကားလျက် မတ်တပ်ရပ်နေရပါမယ်။ နောက်ပြီး ယောဂ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ရာမှာ သုံးတဲ့ဖျာ တစ်ခုခု အခံထားပြီး ညာဘက်ဒူးကို ကြမ်းပြင် ချထားရပါမယ်။ဘယ်ဘက်ဒူးကို ချပြီး ဒူးထောက်နေလို့ ရပါပြီ။ညာဘက်ဒူးဆစ် မပြီး ညာခြေထောက်ကို မိမိရှေ့မှာ ထားပါ။ ဆောင့်ကြောင့်ထိုင်လျက် ဘယ်ခြေကို ရှေ့ပို့ပါ။ ပြီးတော့ ခြေဖနောင့်နဲ့ မတ်တပ်ရပ်လို့ ရအောင် ဖိထားပါ။ အဲဒီအတိုင်း နောက်တစ်ဖက်ကို ပြောင်းလုပ်ပေးရပါမယ်။ ၁ မိနစ် ဆက်တိုက်လုပ်ပေးပါ။

ကိုယ်ခန္ဓာရှေ့ပို့လေ့ကျင့်ခန်း-

ခြေထောက်တွေ စေ့ပြီး ဒူး ပျော့ပျော့ထားလျက် ရပ်နေပါ။ ခုန်ပြီး ဘယ်ဘက်ခြေထောက်ကို ရှေ့ပို့ထားရပါမယ်။ ခုန်ဆွခုန်ဆွလုပ်ပြီး ညာဘက်ခြေထောက်ကို ရှေ့သို့ ပစ်ထိုးရင်း ခြေထောက်နှစ်ခုလုံး ရှေ့ထုတ်ပါ။ တစ်ခေါက်ပြည့်စေဖို့ ခြေထောက်စုံ နောက်ပစ် ခုန်ပေးရပါမယ်။ ၁ မိနစ်အတွင်း အခေါက်ရေ လုပ်နိုင်သမျှ လုပ်ပါ။

ခြေတစ်ဖက်တည်းလေ့ကျင့်ခန်း

ပက်လက်အိပ်ပြီး ဒူးဆစ်အောက်နားလေးမှာ လက်နဲ့ ဆုပ်ကိုင်ရင်း ဘယ်ဘက်ဒူးဆစ်ကို ရင်ဘတ်ပေါ်တင်ပါ။ ညာဘက်ခြေချောင်းတွေ အပေါ်ထောင်ပြီး တင်ပါးဆုံရိုးနဲ့ ရင်ပိုင်းကို အပေါ် မတင်ဖို့ ညာဘက်ခြေဖနောင့် ဖိတွန်းထားရပါမယ်။နောက်ကျောနဲ့ တင်ပါးဆုံရိုး ကြမ်းပြင်ဆီ ပြန်နိမ့်ပေးပါ။ ဒီနည်းအတိုင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်ထိ လုပ်ပေးပါ။

တစ်ဖက်ခြေချောင်းထိလေ့ကျင့်ခန်း

ဘယ်ဘက်ခြေထောက်တစ်ခုတည်းထောက်ပြီး မတ်တပ်ရပ်ပါ။ ဘယ်ဘက်ဒူးဆစ် ကွေးပြီး ခြေချောင်းရှေ့ လက်မအနည်းငယ်အကွာ ကြမ်းပြင်ကို လက်ချောင်းများနဲ့ ထိရင်း ကျောရိုးကို ဖြောင့်အောင်ထား၊ ရှေ့ကို စောင်းထား ပေးရပါမယ်။ ရင်ပိုင်းတည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ဝမ်းဗိုက်ကို ထိန်းထားပါ။ ညာဘက်ခြေထောက်က balance ဖြစ်စေဖို့ နောက်ဘက်သွား ရပါမယ်။

မတ်မတ်ရှိနေစေဖို့ ရင်ပိုင်းကို ဘယ်ဘက်ခြေဖနောင့်နဲ့ မတင်ရင် ကြမ်းပြင်ကို ဖိတွန်းရပါမယ်။ ဒီသုံးချက်ကို တစ်ဖက်ဆီ ၁၂ ကနေ ၁၅ ကြိမ်လောက် လုပ်ပါ။

 

Healthcare.com.mm

Credit : Trend Myanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18