Print

မှန်ကန်သောခေါင်းလျှော်နည်း

  30-Dec-1899
Preview Image

 

ခေါင်းလျှော်တာပဲ၊ လွယ်ပါတယ်လို့တော့ ပြောကြမှာပါပဲ။ ဒါပေမဲ့ ခေါင်းလျှော်တဲ့နေရာမှာလည်း သူ့နည်းသူ့ဟန်ရှိပါတယ်။ လွယ်တယ်လို့ မှတ်ယူထားပေမယ့်စနစ်တကျဖြစ်မှသာဆံသားပျက်စီးမှု နည်းမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်သားဟာ ရေစိုနေစဉ်ချိန်
မှာ အားနည်းပြီး ခုခံနိုင်စွမ်းနည်းပါး တယ်လို့ပါပဲ။ နည်းစနစ်မမှန်တဲ့အပြင် ကြမ်းတမ်းမှုလည်း ရှိမယ်ဆိုရင်ဆံပင်သား ပြတ်တောက်တတ်တာမျိုးနဲ့ ကြေမွသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

• ခေါင်းလျှော်ရာမှာ ရေပန်းနဲ့ဖြစ်စေ၊ ရေခွက်နှင့်ဖြစ်စေ ဆံပင်အပေါ်မှာ ရေလောင်းပေးတဲ့
နည်းဟာ အကောင်းဆုံးပါပဲ။

 

• ခေါင်းလျှော်ရည်ကို အမြှုပ်ထွက်အောင်လျှော်ပါ။ ဒီဆပ်ပြာမြှုပ်ကမှသာ ဆံပင်မှာ တွယ်ကပ်နေတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ဆပ်ပြာမြှုပ်နဲ့ အသာအယာ ဦးရေပြားကို နှိပ်နယ်ပေးပါ။ 

 

• လက်သည်းရှည်ကြီးများနှင့် ဦးရေပြားနှင့် ဆံပင်သားကို ကုတ်ခြစ်ပြီး လျှော်ခြင်းမျိုးကိုရှောင်ပါ။ ဒီလိုကုတ်ခြစ်ခြင်းမှ ကြေးညှော်ကင်းစင်မယ်လို့ ထင်မြင်ခြင်းဟာ မှားယွင်းပါတယ်။ ဆံပင်သားများ လုံးထွေးခြင်း၊ ငြိခြင်းများနဲ့အတူ ပြတ်ထွက်ယ ကျွတ်ထွက်စေခြင်းများ ဖြစ်စေလို့ပါပဲ။

 

• ခေါင်းလျှော်ရာမှာ ဆံပင်သားကို ပွတ်ချေတာမျိုး မပြုလုပ်ဘဲ ဦးရေပြားကို အသာအယာနှိပ်နယ်ပြီး ဆံပင်သားကို အရင်းပိုင်းမှ အဖျားပိုင်းတိုင် ဆပ်ပြာမြှုပ် နေရာအနှံ့ရောက်အောင်လက်ထိပ်လေးများနဲ့ ပွတ်သပ်ပေးရုံနဲ့ လုံလောက်ပါတယ်။

 

• ရေနဲ့ ဆေးချတဲ့အခါမှာတော့ ဆပ်ပြာမြှုပ်များ ကုန်စင်အောင်လျှော်ပေးပါ။ ဆပ်ပြာရည် မစင်တဲ့အခါ ခေါင်းလျှော်ရည်မှာ ပေါင်းစပ်ပါဝင်တဲ့ ဓာတုဆေးများကြောင့် ဆံပင်သားကို ပျက်စီးစေနိုင်လို့ပါပဲ။

 

• ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း မျက်နှာသုတ်ပဝါနှင့် ခပ်ကြမ်းကြမ်းမသုတ်ဘဲ ဆံပင်မှရေများကို အသာညှစ်လိုက်ပြီး ငါးမိနစ်ခန့်မျက်နှာသုတ်ပဝါနဲ့ ပတ်ထားပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
နန်းအိအိဇာ
ဆံကေသာအကြောင်းသိကောင်းဖွယ်ရာ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18