Print

အစိုဓာတ်ထိန်းခရင်မ်တွင် ပါဝင်သည့်အရာများ

  30-Dec-1899
Preview Image

 

အမြဲတမ်းနုပျိုလှပနေသူတွေဟာ အစိုဓာတ်ထိန်းခရင်မ်ကို မဖြစ်မနေ အသုံးပြုလေ့ရှိကြပါတယ်။ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးလို့ အရေးကြောင်းထင်တာကို တားဆီးနိုင်ပါတယ်။ အမြဲတမ်း နုပျိုသူတွေဟာ သဘာဝကရတဲ့ အစိုဓာတ်ထိန်းသိမ်းပေးနိုင်တဲ့ အောက်ပါပစ္စည်းတွေကို အသုံးပြုလေ့ရှိတတ်ကြပါတယ်။ 

 

ပျားရည်
******
ပျားရည်မှာ သဘာဝပိုးသတ်အာနိသင်ရှိပြီး အသားအရေ အစိုဓာတ်ထိန်းခရင်မ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပျားရည်နဲ့ ပိုးသတ်အာနိသင်က ဝက်ခြံမဖြစ်အောင် ကာကွယ်ဖို့နဲ့ မျက်နှာပေါ်ရှိ ဝက်ခြံတွေ သက်သာဖို့ အသုံးပြုနိုင်ပါတယ်။

 

သံလွင်ဆီ
********
သံလွင်ဆီက ဆောင်းရာသီ အေးချမ်းမှုကြောင့်ဖြစ်လာတဲ့ အသားအရေခြောက်သွေ့မှုကို အသုံးပြုဖို့ အကောင်းဆုံးပါ။ သံလွင်ဆီမှာပါဝင်တဲ့ လီနိုလင်းနစ် အက်စစ်က အရေပြားကနေ အစိုဓာတ်တွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးပါတယ်။

 

ရှားစောင်းလက်ပပ်
**************
ရှားစောင်းလက်ပပ်မှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေပါဝင်တာကြောင့် အသားအရေကို စိုပြည်လှပစေပါတယ်။ ဆဲလ်တွေ ပျက်စီးမှုမှ ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။

 

ထောပတ်သီး
**********
ထောပတ်သီးမှာ ဗီတာမင်အီးများစွာ ပါဝင်ပြီး အရေပြားအစိုဓာတ်ကို ထိန်းပေးတာကြောင့် အသားအရေ လှပစိုပြည်စေတဲ့အပြင် အရေပြားအိုမင်းမှုကိုလည်း တားဆီပေးပါတယ်။ 

 

နှင်းဆီပွင့်ဖတ်ရည်
*************
နှင်းဆီပွင့်ဖတ်ရည်က အရေပြားချွေးပေါက်ပိတ်တာ၊ ချွေးပေါက်ထိပ်မှာ အမည်းဆံလေးတွေ ရှိတာနဲ့ သက်ကြီးအရေးကြောင်းတွေကို လျော့ပါးသက်သာစေပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, July 2016, Pg. 70



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18