Print

တင်ပါးကြီးချင်း ( Big bum )

  30-Dec-1899
Preview Image

ဟော်မုန်း - အီစထရိုဂျင် Oestrogen

အမျိုးသမီးဟော်မုန်း အီစထရိုဂျင်က မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ အဆီတွေကို တင်ပါးနဲ့ပေါင်မှာ စုဆောင်းမှု ဖြစ်စေတာကြောင့် သစ်တော်သီးပုံသဏ္ဍာန်ကိုယ်လုံးဖြစ်နေတတ်ပါတယ်။ Oestrogen ပမာဏများလွန်းသူတွေက ခန္ဓာကိုယ်အောက်ပိုင်းကြီးထွားနေတတ်ပြီး ဓမ္မတာသွေးပေါ်တာများလွန်းတဲ့ လက္ခဏာပြတတ်ပါတယ်။ သားမြတ်လည်း ကြီးထွားနေတတ်ပါတယ်။


ဖြေရှင်းနည်း 

- သြဂဲနစ် organic ထုတ်ကုန်စားပါ။ တစ်ချို့အမျိုးသမီးတွေက တစ်ချို့အမျိုးသမီးတွေထက် သဘာဝအတိုင်း Oestrogen ထုတ်လုပ်မှုပိုများနေတတ်ပါတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပလတ်စတစ်နဲ့ တစ်ချို့ အလှကုန်ပစ္စည်းတွေကလည်း Oestrogen အစားအသောက် ရွေးချယ်တာ၊ ပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေနဲ့ အရန်သင့် အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ 

- ဗီတာမင် ဘီ မှီဝဲပါ။

ဗီတာမင် ဘီ က ပိုလျှံနေတဲ့ Oestrogen ကို အားပျော့စေနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ကောက်နှံတစ်ခုလုံး ပါဝင်စာတွေ များများစားပေးပါ။

- လူ့အကျိုးပြု ဘက်တီးရီးယား မှီဝဲပါ။

Oestrogen က အူမှတစ်ဆင့် အပြင်ကို ထွက်ရှိသွားနိုင်ပေမယ့် အစာခြေစနစ်မကောင်းမွန်ရင် အူထဲမှာပဲ ကျန်ရှိနေခဲ့ပြီး ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတတ်ပါတယ်။ အူမကြီး ရွေ့လျားမှု ကောင်းအောင်နဲ့ အစာခြေစနစ်ကောင်းမွန်အောင် လူ့အကျိုးပြုဘက်တီးရီးယားတွေ မှီဝဲသင့်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။ 

             

ရင်ကြီးခြင်း ( Bra bulge ) 

ဟော်မုန်း - သိုင်းရွိုက်ဟော်မုန်း

လည်ပင်းအရှေ့မှာ တည်ရှိတဲ့ သိုင်းရွိုက်အကျိတ်ကနေစပြီး သိုင်းရွိုက်ဟော်မုန်းတွေထွက်ရှိလာကာ အဲ့ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ စွမ်းအင်လောင်ကျွမ်းမှုနဲ့စွမ်းအင်အဖြစ် အသုံးချမှုကို ထိန်းချုပ်ပေးပါတယ်။ သင်ရဲ့ သိုင်းရွိုက်က အလုပ်လုပ်တာ နည်းလွန်းရင် ကိုယ်အလေးချိန်လျှော့ချဖို့ အလွန်ခက်ခဲတတ်ပါတယ်။ တစ်ခါတလေမှာ ချိုင်းအောက်မှာ အဆီတွေ စုဆောင်းနေတတ်ပါတယ်။


ဖြေရှင်းနည်း 

- အစားအစာရွေးချယ်ပါ။

သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို အနှောင့်အယှက်ပေးတဲ့ အစားအစာတွေကို ရှောင်ပါ။ ပန်းဂေါ်ဖီ၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ မက်မွန်သီးနဲ့ မြေပဲလိုမျိုး အစားအစာတွေကို ရှောင်ပါ။ 

- တရားထိုင်ပါ။ 

စိတ်ဖိစီးမှုများတာက သိုင်းရွိုက်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ပြောင်းလဲစေတတ်ပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှုကို လျော့ကျနိုင်တယ်လို့ ကနေဒါမှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ 

- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပါ။

နေကြာစေ့ဆီလိုမျိုး အဆီတွေက သိုင်းရွိုက်လုပ်ငန်းဆောင်တာကို အနှောင့်အယှက် ဖြစ်စေတယ်ပါတယ်။ သံလွင်ဆီလိုမျိုး အဆီတွေစားပေးပါ။ သံလွင်ဆီကမြင့်မားတဲ့ အပူချိန် အပူပေးရင်တောင်မှ ဒုက္ခပေးမယ့် ဓာတ်တိုးပစ္စည်းတွေ ထွက်မလာပါဘူး။


ကိုးကား - ဒေါက်တာ ခင်မိုးမိုး Arogyam 2015 November



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18