Print

ဘယ်ဟာပျောက်တာလဲ ဆရာ

  28-Nov-2017
Preview Image

ဒေါက်တာရမ်းကုက လူနာအား ဆေးကုသပေးနေရင်း -


“ ဘယ်လိုလဲ။ ကျုပ်ပေးတဲ့ ဆေးသောက်လိုက်တာ ခင်ဗျားရောဂါအခြေအနေ ”


“ နည်းနည်းမောလာသလိုပဲ ဆရာ ”


“ ဆေးသောက်ခါစမို့ပါ။ ငါးမိနစ်လောက်စောင့်ကြည့်ပြီး အခြေအနေထပ်ပြော ”


“ခေါင်းထဲမှာချာချာလည်လာပြီ ဆရာ ”


“ ဒါ အနာနဲ့ဆေးတည့်ပြီမှတ်။ ကျုပ်ရဲ့ဆေးသောက်ပြီး ပျောက်သွားတဲ့ လူနာမနည်းတော့ဘူး ”


“ ဂစ်..ဂစ်..ဂစ်”


Credit : မှူးအိမ်ဇင်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18