Print

ကြောချမ်းစရာပါတကား

  05-Dec-2017
Preview Image

ပန်းချီကားအရောင်းဆိုင်သို့ ဆရာဝန်တစ်ဦးရောက်လာရာ ပန်းချီဆရာက -


“ ဆရာပါလား။ ကြွပါ ကြွပါ။ ကျွန်တော်တော့ ဆရာကုပေးတဲ့ အသက်ပဲရှိတော့တယ် ”


“ ဟုတ်ကဲ့။ ဒါနဲ့ ခင်ဗျားပန်းချီကားတွေ အရောင်းသွက်လား ”


“ သိပ်ပြီးသွက်လှတယ်တော့ မဟုတ်ဘူးပေါ့ဆရာရယ် ”


“ ဒါဆို ပန်းချီကားအားလုံး ကျွန်တော်ဝယ်မယ်ဗျာ ”


“ ဆရာ့ဆေးခန်းမှာ ဆေးဖိုးတွေအရမ်းကုန်ကျလို့ အားနာလို့ဝယ်တာလားဆရာ ”


“ ဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အနုပညာက သူသေသွားမှ ပိုတန်ဖိုးရှိမှန်းသိလို့ပါ ”


“ ဟိုက် ”


Credit : မှူးအိမ်ဇင်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18