Print

ပျော်သွားမှာပါ သားရယ်

  20-Dec-2017
Preview Image

ဝေးလံခေါင်းပါးသောဒေသတွင် တာဝန်ကျနေသော လူပျိုဆရာဝန်လေးက မိခင်ထံဖုန်းဆက်ရာဝယ် -


“ အမေ သားဒီမှာမပျော်ဘူး။ နေရထိုင်ရစားသောက်ရတာလည်း အဆင်မပြေဘူး ”


“ မပူပါနဲ့။ သား မကြာခင်ပျော်သွားတော့မှာပါ ”


“ ဘာလဲ ဒီကပြန်ပြောင်းရအောင် အမေတို့လူကြီးတွေကို လိုက်အပူကပ်နေတယ်ပေါ့ ”


“ ဟုတ်ဘူး။ သားတို့ဆေးရုံကို တာဝန်ကျလာမယ့် နာ့စ်လေးက အမေ့သူငယ်ချင်းရဲ့သမီးလေ ”


“ အဲဒါ သားနှင့်ဘာဆိုင်လဲ ”


“ သူက ဖြူဖြူနုနု ရုပ်ချောသဘောကောင်းလေ သားရဲ့ ”


“ အန် ”


Credit : မှူးအိမ်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18