Print

သားအဖကျန်းမာရေးစကားဝိုင်း

  15-Jan-2018
Preview Image

စကားတတ်သော သားငယ်နှင့် ဖခင်တို့၏ ကျန်းမာရေးစကားဝိုင်းသည်ကား - 


“ သား .. ကျန်းမာရေးအတွက် အသီးအနှံက အကောင်းဆုံးကွ”


“ ဟုတ်ကဲ့ ဖေကြီး ”


“ ဥပမာ ပဲဆိုရင် သူ့မှာပါတဲ့ ဗျူတိုင်ရိတ်က ကင်ဆာပွားတာကို ကာကွယ်ပေးတယ်၊ ခရမ်းချဉ်သီးလည်း ဒီအတိုင်းပဲ၊ ပြီးတော့ ကန်စွန်းရွက်ကလည်း ”


“ အပိုတွေ ပြောမနေပါနဲ့ ဖေကြီးရာ၊ အသားဟင်းချက်မကျွေးနိုင်တိုင်း ”


“ ဟိုက် ”


Credit : မှူးအိမ်ဇင်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18