Print

အမ်ဖက်တမင်းနှင့် စိတ်ရောဂါ

  30-Oct-2016
Preview Image

 

စိတ်ရောဂါဖြစ်စေသော အကြောင်းအမျိုးမျိုး ရှိပါသည်။ ယင်းအကြောင်းအမျိုးမျိုးတွင် ဆေးဝါးအချို့သည် အကြောင်းတစ်မျိုးအဖြစ် ပါ၀င်နေသည်။ အမ်ဖက်တမင်း (Amphetamine) သည် စိတ်ရောဂါဖြစ်စေသော ဆေးတစ်မျိုးဖြစ်သည်။“ သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး” ဟူသော စကားအတိုင်း အမ်ဖက်တမင်းကို ရောဂါကုသည့် ဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို့ တလွဲအသုံးပြုလျှင်မူ စိတ်ရောဂါဖြစ်တတ်သည်။ ဆေးများသည် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများကို နှိုးဆွပေးသော ဆေးများ (Psychostimulants) ဖြစ်ကြသည်။ ဤဆေးများကို အနည်းအကျဉ်းသောက်သုံးထားလျှင် စိတ်ကြည်လင် လန်းဆန်းနေတတ်သည်။ အိပ်ငိုက်ခြင်းမှ သက်သာသည်။ အာရုံစိုက်၍ ကောင်းသည်။ အပင်ပန်းခံနိုင်သည်။ အစာအမစားဘဲ နေနိုင်သည်။ စိတ်ရောကိုယ်ပါ သွက်လက်ပေါ့ပါးနေမည်။ ထို့အတွက်အဝေးပြေး ကားမောင်းသမားများ၊ စာမေးပွဲအတွက် စာကျက်နေသော ကျောင်းသားများ၊ လုပ်ငန်းရှင်ကြီးများနှင့် အားကစားသမားများသည် ဤဆေးမျိုးကို တစ်ခါတစ်ရံ သုံးစွဲတတ်ကြသည်။အမ်ဖက်တမင်းသည် စွဲစေတတ်သောဆေးဖြစ်ပါသည်။

 

စွဲတတ်သောသူများမှာ လူငယ်များ ဖြစ်ပါသည်။ ဆေးကို အလွန်အကျွံ သုံးထားသူသည် အလိုလို ပျော်ရွင်နေတတ်သည်။ သာမန်အားဖြင့် ခပ်အေးအေး ခပ်ကုပ်ကုပ်နေတတ်သော သူသည် ရွှမ်းရွှမ်းဝေအောင် ပြောဆိုလာတတ်သည်။ ရဲရဲတင်းတင်း ဆက်ဆံလာတတ်သည်။ အလွန်တတ်ကြွနေပြီး မအိပ်ဘဲ မစားဘဲ နေတတ်သည်။ သူ့ကို ထိန်းချုပ်လျှင် မကြိုက်။ စိတ်တိုစိတ်ဆတ်လွယ်သည်။ တစ်ခါတစ်ရံ ဒေါသထွက်ပြီး ရန်လိုတတ်သည်။ထို့အပြင် အသုံးအဖြုန်း၊ အပျော်အပါး သိသိသာသာ များလာပြီး လိင်မှုရေးရာများဖောက်ပြန်ရှုပ်ထွေးလာတတ်သည်။ သူ့ကိုယ်သူ အထင်ကြီး ဘဝင်မြင့် နေတတ်သည်။ အရှက်အကြောက် ကင်းမဲ့စွာပြောဆို ပြုမူနေတတ်သည်။ စိတ်ထင်တိုင်း လျှောက်လုပ်နေတတ်သဖြင့် အမှားများစွာ တွေ့ကြုံရတော့သည်။ သူ၏ လူမှုရေး၊ စီးပွားရေး ကိစ္စများ ထိခိုက်ပျက်စီးသည့်အဖြစ်မျိုး ရောက်တတ်သည်။ အမ်ဖက်တမင်းကြောင့်ဖြစ်သောစိတ်ရောဂါဖြစ်လျှင် တက်ကျွမ်းသည့် ဆရာဝန်ထံ ပြသသင့်သည်။ စနစ်တကျဆေးကုသပေးရန် လိုအပ်သည်။ စောစောကုသလျှင် ပျောက်ကင်း နိုင်ပါသည်။ အကောင်းဆုံး ကာကွယ်သည့် နည်းလမ်းလည်း ရှိပါသည်။ ၄င်းမှာ ဤဆေးကို လုံးဝမသုံးစွဲရေးပင်ဖြစ်သည်။ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ရော၈ါများရ တတ်သောကြောင့်လည်းကောင်း၊ နှလုံးကို ထိခိုက်ခြင်းနှင့် သွေးပေါင်မြင့်တက်လွန်းခြင်းတို့ကြောင့်အသက်အန္တရာယ် ကျရောက်နိုင်သည့် အတွက်ကြောင့် လည်းကောင်း၊ လူငယ်လူရွယ်များအနေဖြင့် အမ်ဖက်တမင်းဆေးကို လုံးဝ မသုံးစွဲ သင့်ကြောင်း ရေးသားလိုက်ရပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဟန်စိန်

နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18