Print

ဆိုရီယေးစစ်အရေပြားရောဂါကို ဘယ်လိုထိန်းချုပ်နိုင်သလဲ။

  25-Feb-2017
Preview Image

ဆိုရီယေးစစ်အရေပြားရောဂါကို ဘယ်လိုထိန်းချုပ်နိုင်သလဲ။
ဆိုရီယေးစစ်ဆိုတာ အရေပြားမှာ ပန်းနုရောင်အပွေးထအကွက်တွေ
ပေါ်နေတတ်တဲ့ နာတာရှည် အရေပြားရောဂါ ဖြစ်ပါတယ်။ ကြွပ်ပွေးလို့လည်း
ခေါ်ပါတယ်။ အသက်ငယ်ရွယ်တဲ့အချိန်မှာ ဖြစ်ပွားလေ့ရှိပြီး တံတောင်ဆစ်၊ ဒူးခေါင်း၊ ဦးရေပြားနဲ့ တခြားအစိတ်အပိုင်းတွေမှာ ပေါက်တတ်ကာ မိသားစုအချင်းချင်း ကူးစက်တတ်ပါတယ်။ ရောဂါပြင်းထန်တဲ့အခါ ခန္ဓာကိုယ်အနှံ့အပြားမှာ ဖြစ်ပေါ်ပြီး စိတ်ဖိစီးမှုများရင် ရောဂါပိုပြီးခံစားရတတ်ပါတယ်။ ဒါကြောင့် ဆိုရီယေးစစ်
ရောဂါဖြစ်တယ်လို့ စမ်းသပ်တွေ့ရှိတဲ့အခါ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

 

ကိုယ်အလေးချိန်လျှော့ပါ
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်အဖြစ် လျှော့ချလိုက်တဲ့အခါ ဆိုရီယေးစစ်ဝေဒနာ ပိုမိုသက်သာစေတယ်လို့ နယူးယောက်မှ အရေပြားအထူးကု
ဒေါက်တာဂယ်ရီက ဆိုပါတယ်။

 

လေ့ကျင့်ခန်းလုပ်ပါ
လေ့လာချက်တစ်ခုမှာ အေရိုးဗစ်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာနဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်တတ်တဲ့ အမျိုးသမီးတွေဟာ ဆိုရီယေးစစ်ကို ၃၆ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

 

လက်သည်းပုံမှန်ညှပ်ပါ
ဆိုရီယေးစစ် ခံစားရတဲ့လူနာတွေဟာ အများအားဖြင့် လက်သည်းမှာ
ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် လက်သည်းကို သန့်သန့်ရှင်းရှင်းထားပြီး ပုံမှန်ညှပ်ပေးပါ။

 

UV ထိတွေ့ပါ
ရောဂါခံစားနေရတဲ့ နေရာအစိတ်အပိုင်းတွေကို UV ရောင်ခြည်အနည်းငယ် ထိတွေ့တာဟာ သင့်တော်တဲ့ နည်းလမ်းဖြစ်တယ်လို့ အရေပြားဆရာဝန်တွေက
ထောက်ခံထားပါတယ်။ ဒါပေမယ့် နေရောင်ကို အချိန်ကြာကြီး ထိတွေ့ထားရင်
ရောဂါပြန့်ပွားမှု လွယ်ကူတတ်တယ်လို့လည်း သုတေသီတွေက
ထောက်ပြထားတာကြောင့် “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားပုံအတိုင်း သတိထားဖို့တော့ လိုပါတယ်။

 

အသားအရေနှင့် ဓာတ်မတည့်သည့် မိတ်ကပ်များရှောင်ပါ
သင်ဟာ အသားအရေဓာတ်မတည့်မှု မကြာခဏဖြစ်တတ်တဲ့သူဆိုရင် မိတ်ကပ်ဝယ်တဲ့အခါ သေသေချာချာ စမ်းသပ်ပါ။ စျေးကြီးပေးဝယ်ပြီး ဓာတ်မတည့်တာကို မသိဘဲ သုံးမိရင်တော့ ရောဂါအခြေအနေကို ပိုဆိုးစေပါတယ်။

 

Junk Food ရှောင်ပါ
အချိုများတဲ့အစာတွေ၊ ဆီကြော်မုန့်နဲ့ အာလူးချောင်းကြော်တွေဟာ ကျန်းမာရေးအတွက် မသင့်လျော်သလို ဆိုရီယေးစစ် ဖြစ်နေသူတွေအတွက်လည်း
ရောဂါပိုဆိုးစေပြီး ရောင်ရမ်းမှုတွေဖြစ်စေပါတယ်။ Gluten များတဲ့အစာတွေ၊ ဥအမျိုးမျိုးနဲ့ သေချာအရောင်ချွတ်ထားတဲ့ ဂျုံမုန့်၊ သကြားတို့ကိုလည်း အတတ်နိုင်ဆုံးရှောင်ပြီး စားသင့်ပါတယ်။

 

ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာဟာ ကင်ဆာရောဂါတွေသာမက ဆိုရီယေးစစ်ရောဂါကို
ပြင်းထန်စေပြီး ကုသလို့မရတဲ့အထိ ဖြစ်စေပါတယ်။

 

မှန်ကန်သည့် ဆေးဝါးကုသမှုခံယူပါ
ဆိုရီယေးစစ် အရေပြားရောဂါကို ကုသတဲ့ နည်းပညာတွေဟာ မကြာခဏဆိုသလို အသစ်အသစ်တွေ ပေါ်ပေါက်လာတတ်တာကြောင့် ဘယ်နည်းလမ်းက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.261, April 2014, Pg.179-182

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18