Print

ချောင်းဆိုးသွေးပါခြင်း

  07-Sep-2019
Preview Image

ချောင်းဆိုးသွေးပါတာကို သိပ်ကြောက်စရာမလိုပါဘူး။ အရေးကြီးတာက ချောင်းဆိုးသွေးပါတာဟာ တကယ်ချောင်းဆိုးလို့ပါတဲ့ သွေးလား၊ သွေးအန်တဲ့ သဘောလား၊ ဆိုလိုတာက ပါးစပ်က သွေးတော့ပါတယ် ဒါပေမဲ့ လေလမ်းကြောင်းက
ဖြစ်တာမဟုတ်ဘဲ အစာစားတဲ့ လမ်းကြောင်း (အထူးသဖြင့် အစာအိမ်) က ပါတာလား၊ ဒါမှမဟုတ် နှာခေါင်းထဲကနေ သွေးလျှံပြီး ချောင်းဆိုးလိုက်တော့မှ ပါလာတာလား ဆိုတာတော့ ကွဲကွဲပြားပြား သိဖို့လိုပါတယ်။ ရောဂါရဲ့ ဖြစ်ရတဲ့အကြောင်းကို
သေသေချာချာ သိပြီးမှ ကုသမှု ခံယူရပါတယ်။

အဆုတ်လေပြွန်နဲ့ဆိုင်တဲ့ရောဂါ၊ (အဆုတ်ကင်ဆာ၊ အဆုတ်လေပြွန် ပြည်တည်နာရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ လေပြွန်ထဲသို့ ပြင်ပမှ ပစ္စည်းတစ်ခုဝင်ခြင်း)၊ အဆုတ်ရောဂါများ၊ (အဆုတ်တီဘီရောဂါ၊ အဆုတ်ရောင်ပြည်တည်နာရောဂါ၊ အဆုတ်ပြည်တည်ရောဂါ၊ အဆုတ်ထဲကပ်ပါး ရောဂါဝင်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ မှိုရောဂါများ) အဆုတ်သွေးကြောနှင့်ဆိုင်တဲ့ ရောဂါများ၊ (အထူးသဖြင့် အဆုတ်ထဲသွေးမရောက်ဘဲ ပျက်စီးခြင်း)၊ နှလုံးရောဂါများ၊ (နှလုံးသွေးကြော အဆို့ရှင်ကျဉ်းခြင်း၊ ရုတ်တရက် လက်ဝဲဘက်နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးသွေးကြောလွှတ်ကြောမ ဖောင်းကာခြင်း) နှင့် သွေးရောဂါများ၊ (သွေးကင်ဆာ၊ သွေးမတိတ်ရောဂါ၊ သွေးခဲမှုဟန့်တားသော ဆေးဝါးများ) ကြောင့် ချောင်းဆိုးသွေးပါရပါတယ်။

လူနာတော်တော်များများဟာ ချောင်းဆိုးသွေးပါရုံသက်သက်နဲ့တော့ မသေနိုင်ပါဘူး။ ဒါပေမဲ့ အကြောင်းတရားတွေကို ရှာဖွေဖို့တော့ လိုပါတယ်။ အဲဒါတွေကတော့ ဓာတ်မှန်ရိုက်တာ၊ သွေးနှင့်ပတ်သက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ၊ လေပြွန်ထဲကို
ပိုက်ထည့်ကြည့်တာ Bronchoscopy၊ အဆုတ်သွေးကြောကို ဓာတ်မှန်ရိုက်တာ၊ CT Scan နဲ့ ကြည့်တာ စတာတွေကို လိုအပ်သလို ရှာဖွေပြီး ကုသမှုခံယူရပါလိမ့်မယ်။

Credit : အေးကမ္ဘာဒေါက်တာချစ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18