Print

စိတ်ဓာတ်ကျမှုကို ကျော်လွှားဖို့နည်းလမ်းအချို့

  11-Sep-2019
Preview Image

လူတွေစိတ်ဓာတ်ကျနေတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်အာရုံတွေပြန့်ကျဲပြီး ငေးမှိုင်နေတတ်တဲ့ သဘာဝရှိတတ်ကြပါတယ်။ လူအများနဲ့ ပြောချင်စိတ်လည်း ကုန်ခမ်းကာ တစ်ယောက်တည်း သီးသန့်ခံစားနေတတ်တာလည်း ရှိပါတယ်။ စိတ်ဓာတ်ကျမှုဟာ ရောဂါဆိုးတစ်ခုကို ခံစားရသလိုမျိုးဖြစ်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေကာ လုပ်ငန်းခွင်မှာပါ အဆင်မပြေမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှုကို ဖြေရှင်းကျော်လွှားပြီး ပြန်လည်အင်အားမွေးနိုင်ဖို့ အောက်ဖော်ပြပါ နည်းလမ်းအချို့က အထောက်အကူပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ WHO က စာရင်းပြုစုပြီး ဖော်ပြထားတာကတော့ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ လူတွေ 15% လောက်ဟာ သူတို့ရဲ့ နေထိုင်ရာဘဝ ကာလတစ်လျောက်မှာ မမျော်လင့်ဘဲ စိတ်အားညှိုးငယ်မှုတွေ ခံစားတတ်ကြရတယ်လို့ ပြောဆိုထားပါတယ်။

(၁) ပရဟိတအလုပ်တစ်ခုကိုလုပ်လိုက်ပါ။

လူ့လောကမှာမိမိထက် ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ အရင်ဆုံုးခံစားနားလည်လိုက်ပါ။ ပြီးတော့ တကယ်လိုအပ်မှုရှိနေတဲ့ နေရာတစ်ခုခုကိုသွားပြီး နှလုံးသားအပြည့်နဲ့ မိမိတတ်နိုင်တဲ့ ကူညီဆောင်ရွက်မှုတွေ ပေးလိုက်ပါ။
ပရဟိတ လုပ်တယ်ဆိုတာကလဲ ကုသိုလ်ပြုတဲ့နည်းတစ်ခုပါပဲ။ အဲဒီလိုလုပ်နေတဲ့ကာလမှာပဲ စိတ်ကျေနပ်မှုကိုရရှိပြီး ရှေ့ဆက်ဖို့ အားအင်တွေလဲ ရရှိစေမှာဖြစ်ပါတယ်။

(၂) မိတ်ဆွေအပေါင်းအသင်းနဲ့ စကားပြောဆိုပါ။


စိတ်ဓာတ်ကျနေတဲ့အခါ တစ်ယောက်တည်းမနေဘဲ ခင်မင်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပွင့်ပွင်းလင်းလင်း ပြောဆိုနေထိုင်ခြင်းဟာလည်း စိတ်ကိုပေါ့ပါးသက်သာစေပြီး စိတ်ဓာတ်ကျတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဆီမှ နှစ်သိမ့်အားပေးမှုတွေ၊ အကြံဉာဏ်တွေရရှိပြီး မိမိစိတ်ကို ပြန်လည်တည်ဆောက်မယ့် ခွန်အားတွေ ရရှိနိုင်ပါတယ်။

(၃) လမ်းလျောက်ပါ။

လမ်းလျောက်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဒါဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ လေ့ကျင့်ခန်းလုပ်တာဖြစ်ပြီး ဦးနှောက်အတွင်းကို အောက်ဆီဂျင်များများ ရောက်ရှိစေတဲ့အတွက် ခေါင်းကိုကြည်လင်စေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။

(၄) အကောင်းအဆိုးကို ခွဲခြားသိမြင်အောင်ကြိုးစားပါ။

ဘယ်အကြောင်းအရာအပေါ် စိတ်ဓာတ်ကျနေရသလဲဆိုတာ မိမိကိုယ်မိမိ ခွဲခြားသိမြင်အောင်ကြိုးစားပါ။ မကောင်းမြင်ဝါဒက အကျိုးဆုတ်ယုတ်စေရုံမက ကျဆုံးမှုကို ဖြစ်စေတတ်ပါတယ်။ အကောင်းမြင်ဝါဒကတော့ စိတ်ဓာတ်ကို အင်အားဖြစ်စေ
သလိုနွေးနွေးထွေးထွေးနဲ့ ယုံကြည်မှုရစေတာကြောင့် စိတ်လုံခြုံမှုဖြစ်စေပါတယ်။ ဒါကြောင့် မကောင်းတဲ့ အမြင်ဝါဒတွေကို စာရင်းပြုစုပြီး တတ်နိုင်သလောက် အမြစ်ဖြတ်ချပါ။ အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒတွေကိုလည်း စာရင်းပြုစုပြီး ဘဝခရီးလမ်းအတွက် အင်အားတစ်ရပ် အဖြစ်အသုံးချပါ။ ဒီလိုနဲ့ မိမိရဲ့ စိတ်ဓာတ်အင်အားကို ပြန်လည်ရယူထိန်းသိမ်းနိုင်ပါတယ်။

(၅) တရားထိုင်ပါ။

နေ့စဉ်ပုံမှန် မိမိတတ်နိုင်သလောက် မိနစ်အနည်းငယ်ပေးပြီး တရားထိုင်တာဟာ တစ်နေ့တာလုံးအတွက် စိတ်ကိုကြည်လင်စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ တရားထိုင်တဲ့အခါ လေကိုပြင်းပြင်း ရှူလိုက်သွင်းလိုက်လုပ်ရတာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ခန္ဓာအတွင်းသိုလှောင်ထားတဲ့ သွေးတွေကို ဦးနှောက်ဆီ အပြည့်အဝရောက်ရှိစေပြီး အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။ ဒါ့ကြောင့် စိတ်ငြိမ်သက်ခြင်းဆိုတာ
ဖြစ်ပေါ်လာရခြင်းဘဲ ဖြစ်ပါတယ်။ စိတ်ငြိမ်သက်လာတဲ့အခါ အကျိုးအကြောင်းကို မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ပြီး မိမိကိုယ်မိမိ ပြန်လည်ထူထောင်လာနိုင်မှာ ဖြစ်ပါတယ်။


Credit : သုတဇုန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18