Print

အလှပြင်ပစ္စည်းတွေ ဘယ်လောက်ကြာကြာ သုံးသင့်သလဲ

  17-Sep-2019
Preview Image

အမျိုးသမီးတွေနဲ့ခွဲမရတဲ့ အရာကတော့ အလှအပပစ္စည်းတွေပဲဖြစ်ပြီး သုံးနေတဲ့အလှကုန်တွေ ဘယ်လောက်ကြာနေပြီလဲဆိုတဲ့ အချက်ကိုတော့ သတိပြုမိသူ နည်းပါတယ်။ မိတ်ကပ်ရည်တို့၊ အောက်ခံနို့ရည် စတာတွေဟာ စိုစွတ်တဲ့အခန်းတွေထဲမှာ ကြာကြထားရင် ဘက်တီးရီးယားတွေ ပေါက်ပွားတတ်တာကြောင့် အလှကုန်တွေ အကြာကြီးထားသုံးဖို့ မသင့်လို့ ဘယ်လိုသုံးသင့်တယ်ဆို တာအကြံပြုလိုက်ပါတယ်။

မျက်တောင်ကော့ဆေး – သုံးလလောက်ကြာပြီးရင်တော့ မျက်တောင်ကော့ဆေးတွေခြောက်လာပြီး ပျင်းတွဲတွဲဖြစ်လာပါတယ်။ မျက်လုံးအနီးတစ်ဝိုက် အန္တရာယ်မဖြစ်စေဖို့အတွက်ဆိုရင်တော့ မသုံးသင့်တော့ပါဘူး။

လိုင်နာရည် – နှစ်လလောက်ပဲသုံး တာသင့်တော်ပါတယ်။ လက်သည်းဆိုးဆေး – တချို့ဆိုး ဆေးတွေက အရောင်တွေမပျက်စီး၊ ဆေးမခြောက်မချင်း တစ်နှစ်လောက်အထိ အထားခံပါတယ်။

မျက်ခွံဆိုးဆေး – အမျိုးသမီး အတော်များများ နှစ်နဲ့ချီသိမ်းလေ့ရှိ တဲ့အရာပါ။ မျက်ခွံဆိုးဆေးတွေကို တစ်နှစ်ထက်ပိုပြီး မထားသင့်ပါဘူး။ အောက်ခံပေါင်ဒါမှုန့် – မျက်လုံးနဲ့ အရေပြားကိုဒုက္ခပေးနိုင်လို့ ၂ နှစ် ထက်ပိုပြီး မသုံးသင့်ပါဘူး။ အောက်ခံမိတ်ကပ်ရည် – ပုလင်း ဖွင့်ပြီး ၆ လအတွင်းကုန်အောင် သုံးသင့်ပါတယ်။ အကြာကြီးထားရင် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး မျက်နှာအရေပြားကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လို့ပါ။

နှုတ်ခမ်းနီ – အရောင်အပြောင်းအလဲ၊ ဆိုးလိုက်တဲ့အချိန်မှာရတဲ့ ခံစားမှုတွေကိုကြည့်ပြီး သုံးသင့်၊ မသုံးသင့်ဆုံးဖြတ်နိုင်ပါတယ်။ တစ်နှစ် (ဒါမှမဟုတ်) ၁၈ လလောက် ကြာတဲ့အခါ နှုတ်ခမ်းဆိုးဆေးထဲက ပါဝင်ပစ္စည်းတွေ အငွေ့ပျံပျက်စီးသွားတာကြောင့် နှုတ်ခမ်းနီ အ ရောင်မလှတော့တာတွေ့ရမှာပါ။

မျက်လုံးနှင့်နှုတ်ခမ်းလိုင်နာခဲတံ – တစ်နှစ်လောက်ပဲသုံးတာ အသင့်တော်ဆုံးပါပဲ။

နေလောင်ခံဆန်းခရင်မ် – နေ လောင်ခံလိမ်းဆေးအများစုမှာ တော့ သက်တမ်းကုန်ရက်ပါရှိပါ တယ်။ သက်တမ်းကုန်ရက်ထက် တစ်နှစ် (ဒါမှမဟုတ်) ၂ နှစ်လောက် ထိကျော်သွားရင်လည်း သုံးနိုင် တယ်လို့ဆိုပါတယ်။

မျက်နှာလိမ်းခရင်မ် – ပန့်ပ်လေးပါ တဲ့ဘူးနဲ့ဆိုရင်တော့ ဘက်တီးရီး ယားပေါက်တာကို အနည်းငယ် ကာကွယ်နိုင်လို့တစ်နှစ်လောက် ထားသုံးနိုင်ပေမယ့် ဒီအတိုင်းပုလင်းအဖုံးဖွင့်သုံးရတဲ့ခရင်မ်တွေကတော့ ခြောက်လအတွင်းကုန်အောင် သုံးစွဲသင့်ပါတယ်။


Credit : စုံစုံစိစိအကုန်သိ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18