Print

အမျိုးသားများတွင် အဖြစ်များသောရောဂါများ

  19-Sep-2019
Preview Image

တကယ်တော့ ကျောက်ကပ်တွေ ပျက်စီးပြီး ဆီးမထွက်လာတဲ့ အခြေအနေက ပိုစိုးရိမ်စရာ ဖြစ်ပေမယ့် ဆီးအိမ်ထဲမှာ ဆီးမရှိတော့ ဆီအိမ်ဖောင်းကားပြီး နာကျင်မှုကိုလည်း မဖြစ်စေပါဘူး။ ရုတ်ခြည်းဆီးသွားမရခြင်း (Acute Retention) မှာတော့ ဆီးတွေက ဆီးအိမ်ထဲမှာ စုနေလို့နာပြီး အော်ဟစ်ညည်းညူနေရတတ်ပါတယ်။ ဆီးစပ်ကိုလည်း အထိမခံနိုင်ဘဲ လက်ချောင်းလေးတွေနဲ့ အသာခေါက်ကြည့်တဲ့အခါမှာ အသံဟာမာနေပါ တယ်။ ဒီလို ဆီးသွားမရတာဟာ ရုတ်ခြည်းမဟုတ်ဘဲ နာတာရှည်ဖြစ်လေ့ ဖြစ်ထရှိတဲ့အခါမှာတော့ နာကျင်တာ သိပ်မရှိတော့ဘဲ ဆီးခုံဖောင်းတင်းကာ ဆီးတွေယိုစီးမှု (Retention with Overflow) ဖြစ်နေတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ ကျောရိုးမကြီးအတွင်းက အာရုံကြောတွေ ထိခိုက်ပျက်စီးတဲ့အခါမှာ ဖြစ်တာများပါတယ်။ သာမန်အားဖြင့် အမျိုးသားများ၏ ဆီးလမ်းကြောင်း (Urethra) ဟာ ဆီးကျိတ် (Prostate) ကိုဖြတ် သန်းလာတာမို့ ဆီးကျိတ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ သားဖွားလမ်းကြောင်းနှင့် သားအိမ်က ဆီးလမ်းကြောင်းနှင့် ဆီးအိမ်နောက်မှာ ကပ်ရှိနေလို့ နောက်ဘက်ကို လန်နေတဲ့ Retroverted Gravid Uterus ရှိသူတွေမှာတော့ သားအိမ်ခေါင်းဝက ဖိထားလို့ တစ်ခါတစ်ရံ ရုတ်ခြည်းဆီးသွားရ ခက်ခဲတတ်ပါတယ်။

အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရတဲ့အခါမှာတော့ (Spinal Injury) ဆီးအိမ်ကြွက်သားတွေ ညှစ်အားနည်းပြီး ဟန်ချက်မညီတဲ့အခါတွေမှာ ဆီးအိမ်အတွင်း ထွက်ပေါက်မှာ ကျောက်တည်ပိတ်ဆို့တဲ့အခါမှာတော့ ရုတ်ခြည်းဆီးမသွားနိုင်မှုဟာ ကျား၊ မ မရွေးမှာ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ကြုံရပါတယ်။ တချို့လူနာတွေမှာ အထူးသဖြင့် စအိုပိုင်း ခွဲစိတ်ထားသူတွေ၊ သားဖွားလမ်းကြောင်း ခွဲစိတ်ထားပြီးစ သူတွေမှာ ဆီးမသွားနိုင်ကြတာတွေ့ရပါတယ်။ ဒီတစ်ဒါမှာ အနာသက်သာတဲ့ ဆေးတွေပေးပြီး ဆီးသွားစေဖို့ အားပေးတိုက်တွန်းခြင်း၊ ရေနွေးအိတ် ကပ်ပေးခြင်းများက ဆီးကို မချူရဘဲ အလိုလိုထွက်ကျလာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

ယောကျ်ား (ကလေးငယ်) တွေမှာတော့ လိင်တံထိပ်အရေပြားအပေါက် (Prepuce) အပေါက်ကျဉ်းလွန်းတဲ့ Pinhole Meatus နဲ့ ဒီပြွန်ထိပ်ဝမှာ ကျောက်တည် ပိတ်ဆို့နေမှု၊ လိင်တံထိပ်အရေပြားကို အတင်းဆွဲလှန်တဲ့အခါမှာ ဒီအရေပြားအပေါက်က ဖိညှစ်ထားလို့ ဆီးပြွန်ပိတ်ဆို့ကာ ဆီးမသွားနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုး စစ်ဆေးခြင်းဖြင့် အလွယ်တကူ တွေ့ရှိသိရှိပြီး ကျဉ်းနေတဲ့ နေရာတွေကို ခွဲစိတ်ချဲ့ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

ထုပ်တန်း၊ သစ်ကိုင်း စတာတွေပေါ် ခွလျက်ကျပြီး ဆီးပြွန်ဒဏ်ရာရတဲ့အခါတွေမှာလည်း Ruptured Urethry ဆိုတဲ့ ဒီဆီးပြွန် စုတ်ပြဲနေတဲ့နေရာက ဆီးတွေယိုစီးပြီး ကယ်ပယ်အိတ်၊ ဆီးခုံတွေမှာ ဆီးတွေ စုဝေးကာ ဗက်တီးရီးယားပိုးတွေ ဝင်ရောက်
ဒုက္ခပေးပါက သွေးဆိပ်တက်တတ်ပြီး ဒုက္ခရောက်တတ်ပါတယ်။အထူးကု ဆီးရောဂါ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပြသဖို့လိုပါတယ်။ ဒဏ်ရာဖြစ်နိုင်တဲ့သူတွေမှာ ညင်သာစွာ ဆီးပိုက် (Catheter) ကို ကြိုးစားထည့်ကြည့်သင့်ပါတယ်။ ကြမ်းတမ်းစွာ ဆီးပိုက်ထည့်ခြင်း၊ ဆီးပြွန်လမ်းကြောင်းကို ထိုးဆွမွှေနှောက်ခြင်းမဟုတ်ဘဲ ဆီးအိမ်ထဲက ဆီးတွေကို ဆီးခုံမှာ အပေါက်ဖောက်ပြီး Suprapubic Cystotomy မျှသာ ဆောင်ရွက်ပေးနိုင်ပြီး အထူးကုထံ ပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဖြစ်တတ်တဲ့ရောဂါကတော့ ကာလသားရောဂါဖြစ်ကာ ဆီးပြွန်ရောင်ရမ်းကာ ပြည်ပုပ်၊ သွေးပုပ်တွေ ထွက်တဲ့ Urethritis ဖြစ်ပါတယ်။ ရောဂါကို ပိုးသတ်ဆေးများဖြင့် သက်သာပျောက်ကင်းစေနိုင်သော်လည်း ဆီးပြွန်ကျဉ်းမြောင်း (Urethral Sticture) သွားနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ ဒီဆီးပြွန်ကို Dilatores များဖြင့် ပြန်ချဲ့ပေးခြင်း၊ နောက်ဆုံး Urethroplasty ကိရိယာဖြင့် ကျဉ်းသောနေရာများကို ဖြတ်ပေးခြင်း၊ နောက်ဆုံး Urethroplasty ခေါ်တဲ့ ပြန်လည်ပြုပြင်တဲ့ ခွဲစိတ်မှုကို အထူးခွဲစိတ်ကု ဆရာဝန်ကြီးတွေက ဆောင်ရွက်ပေးနိုင်ပါတယ်။

အသက်ကြီးရွယ်အိုတွေမှာတော့ ဆီးကျိတ်ကြီးမားမှုဟာ အဓိကပြဿနာဖြစ်ပါတယ်။ အသက် ၅၀ ခန့်မှာတော့ သဘာဝအရ ဟော်မုန်းဓာတ်တွေ ပြောင်းလဲမှုကြောင့် ဆီးကျိတ်ကြီးလာတတ်ပါတယ်။ တချို့မှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပေမယ့် တချို့ကျတော့ ဘာရောဂါလက္ခဏာမျှမပေါ်ပါ။ သာမန်အားဖြင့်၊ ဆီးသွားရခက်ခဲပြီး ကြာတတ်သလို ဆီးလုံးကလည်း အားလျော့ကာ ဆီးမထိန်းနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးလမ်းကြောင်းပိတ်ဆို့မှု မရှိသော်လည်း အိပ်ပျော်နေလို့ပဲ ဖြစ်ဖြစ်၊ ဆီးသွားချင်စိတ်ရှိနေတဲ့ အချိန်မှာ အောင့်ထားလွန်းလို့ပဲဖြစ်ဖြစ်၊ ကြာရှည်ဆီးမသွားဘဲ နေတဲ့အခါ ဆီးအိမ်ထဲက ဆီးတွေက ဆီးကျိတ်အတွင်းက သွေးပြန်ကြောတွေကို ဖိထားမိပြီး ဆီးကျိတ် ရုတ်ခြည်းကြီးမားလာကာ ဆီးပြွန်ကို ဖိညှစ်ပိတ်ဆို့မှု ဖြစ်သွားလို့ ရုတ်ခြည်းဆီးမသွားနိုင်ဘဲ ဆီးစပ်ဖောင်းတင်း လာတတ်ပါတယ်။

ဦးစွာတော့ အနာသက်သာအောင် ဆေးတွေပေးပြီး ကိုယ့်ဘာသာ ဆီးသွားနိုင်စေရန် အားပေးရပါတယ်။ ရေနွေးအိတ်ကပ်ခြင်း၊ အသာအယာ ဖိပေးခြင်းများ ပြုလုပ်ပေးလို့မှ မရတဲ့အခါမှာတော့ ဆီးပိုက်အသေးလေးနဲ့ ဆီးချူရပါတယ်။ ပိုက်ကို တစ်ပတ်ခန့်အထိ ထည့်ထားရပါတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့အခါမှာ ဆီးလမ်းကြောင်းကို မထိခိုက်စေဖို့ ညင်ညင်သာသာ လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပေးလို့မှ မရပါက ဆီးခုံမှာ အပေါက်ဖောက်ပြီး Suprapubic Cystotomy လုပ်ပေးကာ ဆီးကျိတ်ကို ပိုးသတ်ဆေးများ ပေးပြီးမှ ခြစ်ထုတ်ပေးတဲ့ TURP (Tran Urethral Resection of Prostate) ခွဲစိတ်မှုကို ပြုလုပ်ပေးခြင်းဖြင့် ရုတ်ခြည်းဆီးသွားမရ၊ ကျားတို့ ဒုက္ခကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။

Credit : ပါမောက္ခဦးမြသိန်းဟန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18