Print

သားအိမ်ခေါင်းကင်ဆာနှင့် စီအိုင်အန်ဆိုတာ

  06-Feb-2018
Preview Image


CIM ဆိုသည်မှာ သားအိမ်လည်တံကင်ဆာ မဟုတ်သေးပါ။ ရောဂါဗေဒပါရဂူများ၏ အသေးစိတ် လေ့လာခြင်းဖြင့် တွေ့ရှိလာသော ကင်ဆာမဖြစ်မီ ပြောင်းလဲမှုများသာဖြစ်သည်။ CIN ၏ အရှည်မှာ Cervical interaepithelial Neoplasia ဟု အဓိပ္ပာယ်ရှိပါသည်။ ဆိုလိုသည်မှာ သားအိမ်လည်တံံရှိ အဖြစ်အများဆုံးနေရာ Squamo Columnar Junction မှ ခြစ်ယူ၍ရသော ကလာပ်စည်းများကို အနုကြည့်မှန်ပြောင်းဖြင့် လေ့လာစိစစ်ခြင်းမှ တွေ့ရှိချက်များသာဖြစ်ပြီး ရောဂါဗေဒရှုထောင့်မှ ကလာပ်စည်းများ၏ ပြောင်းလဲမှု အနည်းအများကိုလိုက်၍ CIN (1) မှ CIN (3) အထိ ခွဲခြားသတ်မှတ်ထားခြင်းသာ ဖြစ်သည်။ 


Positive Pap Smear ဆိုသည်မှာ သားအိမ်လည်တံမှ ခြစ်ယူထားသော ကလာပ်စည်း တချို့မှ အနည်းနှင့်အများ ပုံမှန်ကလာပ်စည်းများနဲ့ မတူဘဲ ပြောင်းလဲမှုှရှိကာ အဆင့်လိုက်တွေ့ရှိခြင်းကို ဆိုလိုသည်။ CIN (1) မှ CIN (3) အထိ ရှိနိုင်သည်။ Cytological Diagnosis သာဖြစ်၍ အသားစယူပြီး မသင့်သေးပါ။ လူနာတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် Positive ဖြစ်ပါက အချိန်အနည်းငယ်ခြားပြီး ဒုတိယအကြိမ် Test လုပ်ရာတွင်  ပထမ စမ်းသပ်စစ်ဆေးသည့် နေရာဌာနတွင် မဟုတ်ဘဲ အခြားတစ်နေရာတွင် စမ်းသပ် စစ်ဆေးနိုင်ပါက ပိုမိုသင့်လျော်သည်။ Positive ဖြစ်ခြင်းသည် CIN ကြောင့် သာမဟုတ်ဘဲ အခြားရောင်ရမ်းသော (Infection) အခြေအနေများကြောင့် ယာယီဖြစ်တတ်သည်။ ၎င်း infection ကို ကုသပြီး ပြန်လည်စစ်ဆေးပါက မူမှန်ဖြစ်သွားနို်င်သည်။ ရံဖန်ရံခါ အဖြေမှားများလည်း ထွက်တတ်ပါသည်။ (False Positive အဖြေ) ဒုတိယအကြိမ် Positive ဖြစ်ပါက သေချာစေရန် ပြောင်းလဲမှုအဆင့်များ ခွဲခြားနိုင်ရန်  Colposcope ဖြင့် စမ်းသပ်ကြည့်ရှုပြီး အသားစ (Biopsy) ယူသင့်ပါသည်။


၎င်းအသားစအဖြေ၏ တွေ့ရှိချက် အဆင့်ကိုလိုက်ပြီး လူနာ၏  အသက်အရွယ်၊ သားသမီး ဦးရေနှင့် နောက်ဆက်တွဲ မှန်မှန်စစ်ဆေးနိုင်မှုကိုမူတည်ပြီး သင့်လျော်သော ကုသမှုပေးလေ့ရှိသည်။ ဤအချက်ကို သတိထားခြင်းဖြင့် CIN အဆင့်ချင်း တူသည်တိုင် သားအိမ်ထုတ်ရန်လိုခြင်း၊ မလိုခြင်း စသည်တို့ ကွဲပြားနေခြင်း ဖြစ်ပေသည်။ အဖြေတွင် CIN (2) သို့မဟုတ် CIN (3) ဟု ဖော်ပြထားသည်။ အသက်အရွယ်လည်း ၄၀ နှစ်ဝန်းကျင် ဆွေမျိုးရင်းချာများတွင် သားအိမ်လည်တံကင်ဆာ ဖြစ်ဖူးခြင်းနှင့် သားအိမ်လည်တံကင်ဆာအတွက် “ အန္တရာယ်လောင်းလူနာစာရင်း ” တွင် ပါဝင်နေပါက သားအိမ်ထုတ်ပြီး ကုသလေ့ရှိသည်။ သို့တိုင် သွေးမဆုံးမီ အရွယ်ဖြစ်ပါက အမျိုးသမီးများ၏ အရည်အသွေး စွမ်းရည်မကျသော ခွဲစိတ်မှုမျိုးဖြင့် ကုသကြသည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း။ ကင်ဆာဆေးသွင်းခြင်းများ မလိုအပ်ပါ။ 


နောက်တစ်ချက်မှာ CIN ရောဂါ နှင့် Human Papilloma Virus  (HPV) ဗိုင်းရပ်စ်တို့ အနီးကပ်ဆက်သွယ်မှုရှိနေသော သုတေသန တွေ့ရှိချက်များဖြစ်သည်။ HPV ဗိုင်းရပ်စ်ပိုး အမျိုးပေါင်း ၆၀ ကျော်ရှိရာ ၎င်းတို့အထဲမှာ လေးမျိုးသာ CIN အဆင့်များနှင့် ယှဉ်တွဲဖြစ်တတ်ပြီး ကုသမှု အချိန်မီမပေးပါက သားအိမ်လည်တံကင်ဆာ (Invasive) အဆင့်သို့ ကူးပြောင်းသွားသည်။  Colposcope ကြည့်ခြင်းဖြင့်လည်းကောင်း HPV ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်းဖြင့်လည်းကောင်း  အကျိုးထူးများ ရနိုင်သည်။ ဤအချက်များကို အခြေခံ၍ ကင်ဆာမဖြစ်မီ အဆင့်ဖြစ်သော CIN ကို ကာကွယ်နိုင်ရန် HPV ဗိုင်းရပ်စ်ပိုးကို ကုသကာကွယ်ခြင်းစနစ် ပြုလာပါလာကြသည်။ သားအိမ်လည်တံကာကွယ်ဆေး (Vaccine) သည် HVP ဗိုင်းရပ်စ်ပိုးကို ကာကွယ်တိုက်ဖျက်ခြင်းဖြင့် သားအိမ်လည်တံကာကွယ်ဆေး ဖြစ်လာရသည်။ သုတေသီတို့၏ ကြိုးစားမှုရလာဒ်ကြောင့်များ မကြာမီကာလအတွင်း ကုသမှုမပေးမီ နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်း Counselling လုပ်ရပါသည်။ အသုံးပြုနိုင်တော့မည်ဖြစ်သည်။ CIN ဟု လိုအပ်သော စမ်းသပ်မှုများဖြင့် သေချာသော အဖြေများရရှိသည့် လူနာများအတွက် ပညာရှင်များမှ အောက်ဖော်ပြပါ တစ်နည်းနည်းဖြင့် ကုသပေးလေ့ ရှိပါသည်။


၁။ သုံးလ၊ ခြောက်လ၊ တစ်နှစ်စီခြား၍ နောက်ဆက်တွဲ စမ်းသပ်မှုများ ပြုလုပ်ပြီး စောင့်ကြည့်ခြင်း ။

၂။ သားအိမ်လည်တံ၏ အသားစိုင်ကို ကန်တော့ပုံ လှီးဖြတ်ခြင်း

၃။ ပြင်းထန်သော အအေးဓာတ်ဖြင့် ကုသခြင်း (Cryo Surgery) 

၄။ လေဆာရောင်ခြည်ဖြင့် ကုသခြင်း (Laser Surgery) 

၅။ လုံလောက်သော အသားစိုင်အတွင်းလိုက် လှီးထုတ်ခြင်း  (Largeloo – pexcision)

၆။ သားအိမ်ထုတ်ခြင်း


အထက်ပါ ကုသမှု အမျိုးမျိုးရှိရာ လူနာ၏ အခြေအနေနှင့် ခံယူချက်၊ ကုသသော အိုဂျီအထူးကုု၏ ခြုံငုံ သုံးသပ်ပြီး ဆုံးဖြတ်ချက်များက တစ်ဦးနှစ်တစ်ဦး မတူနိုင်ပါ။ လူနာတစ်ဦးချင်း စီ၏ အခြေအနေအလိုက် ကုသမှုပေးရလေ့ရှိပါသည်။ လူနာများဘက်ကရော ကုသသောပညာရှင်များဘက်ကပါ “ မြွေ၊ ပွေး ခါးပိုက်ပိုက် ” ဆိုသည့် စကားအဆိုအတိုင်း အစဉ်သဖြင့် အပြတ်မရှင်းသင့်ပါ။ အသက်ငယ်ရွယ်သေး၍ လည်ကောင်း CIN အဆင့်စော၍ လည်းကောင်း၊ သားသမီး နောက်ထပ်လိုချင်၍ လည်းကောင်း၊ ချင့်ချိန်ညှိနှိုင်းသင့်လှပါသည်။ အထူးမှာကြားလိုသည်မှာ မိမိယုံကြည် အားကိုးသော အထူးကုများမှ အကြံပြုသော ကုထုံးများကို မငြင်းဆိုသင့်ကြောင်းနှင့် အခြားတစ်ဖက်မှာလည်း အထူးကုများမှ အကြံမပြုသေးမီ ဆန္ဒမစောမိကြစေရန် ဖြစ်ပါသည်။ အမျိုးသမီးများ သာအိမ်လည်တံ ကင်ဆာဘေးမှ ကင်းဝေးကြပြီး မိသားစုတာဝန်၊ နိုင်ငံ့တာဝန်ကို စိတ်ချမ်းသာစွာ ပီပီပြင်ပြင် ထမ်းဆောင်နိုင်ကြဖို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။


Credit: ပါမောက္ခဒေါက်တာမြင့်မောင်မောင်

(သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး) 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18