Print

နို့သီးခေါင်းနာကျင်ခြင်းအကြောင်းသိကောင်းစရာ

  05-Apr-2018
Preview Image

အမျိုးသမီးအများစုဟာ နို့သီးခေါင်းလိုမျိုး အထိခိုက်မခံတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သိပ်သတိမထားမိ တတ်ကြပါဘူး။ နို့သီးခေါင်းဟာ သားအိမ်ခေါင်း၊ သားအိမ်လမ်းကြောင်းနှင့် မိန်းမအင်္ဂါအစေ့တို့လို လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုတွေကို ဦးနှောက်ဆီပေးပို့တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်မှာ နို့သီးခေါင်းရောင်ရမ်းခြင်း၊ အရောင်ရင့်လာခြင်းတို့ အပါအဝင် ထူးခြားတာတွေဖြစ်တာကြောင့် ဂရုစိုက်မိကြပေမယ့် တကယ်တော့ ကျန်တဲ့အချိန်တွေမှာလည်း နို့သီးခေါင်းက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပြပေးနိုင်တာကြောင့် သတိထားဖို့လိုအပ်ပါတယ်။ 


 နို့သီးခေါင်းကနေ ထူးထူးခြားခြားအရာတစ်ခုခုထွက်တာ၊ ပုံသဏ္ဍာန်ပြောင်းလဲလာတာ၊ နာကျင်တာ၊ ရောင်ရမ်းတာနဲ့ ယားယံတာတွေကို သတိထားရမှာပါ။ အမျိုးသမီးအများစုက ဘဝမှာ တစ်ကြိမ်တစ်ခါတော့ နို့သီးခေါင်းနာကျင်မှုနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နို့သီးခေါင်းနာကျင်ရခြင်းရဲ့ အကြောင်းရင်းတွေကိုလည်း သတိထားသင့်ပါတယ်။ 


၁။ ကိုယ်ဝန်ရှိတာဖြစ်နိုင်ပါတယ်

 နို့သီးခေါင်းနားတစ်ဝိုက်မှာ နာကျင်နေတာက ကိုယ်ဝန်ရှိလို့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နို့သီးခေါင်းတင်မကဘဲ ရင်သားရဲ့ တစ်သျှူးတွေ အားလုံးနာကျင်နေတာဖြစ်ပါတယ်။ လိင်အာသာဖြေဖျောက်ခြင်းနဲ့ ဓမ္မတာလာချင်တာကြောင့်လည်း ကိုယ်ဝန်ရှိနေတာလို့တော့ ထစ်ထစ်ချပြောလို့မရပါဘူး။


၂။ ရောဂါပိုးဝင်ခြင်း

 နို့သီးခေါင်းနာကျင်ခြင်းက နို့သီးခေါင်းမှ မှက္ခရုနာကြောင့် ဖြစ်နိုင်ပါတယ်။ မိခင်နို့မတိုက်ရတဲ့ အမျိုးသမီးတွေမှာ နို့သီးခေါင်းနာကျင်တာနဲ့ ရောင်ရမ်းခြင်းတွေက မှက္ခရုနာ ဒါမှမဟုတ် ရောဂါပိုးဝင်ရောက်တာကြောင့်ပါ။ ဆရာဝန်ပြပြီး ပိုးသတ်ဆေးသောက်သုံးဖို့ လိုအပ်ပါတယ်။


၃။ သွေးထွက်ခြင်း

 နို့သီးခေါင်းက သွေးထွက်တဲ့အရာတွေမှာ စိုးရိမ်စရာအကောင်းဆုံးက သွေးထွက်ခြင်းပါပဲ။ ဒါက တစ်ခုခုမှားနေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့် ပြဿနာ အကြီးအသေးကတော့ အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်။ နို့သီးခေါင်းက သွေးထွက်တယ်ဆိုတာ နို့တိုက်မိခင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ပုံမှန်အတိုင်းဆိုရင် ခဏအတွင်း ပျောက်ကင်းသွားနိုင်ပါတယ်။ နောက်တစ်ခုဖြစ်နိုင်တာကတော့ နို့ရည်ပြွန်အတွင်းမှာဖြစ်ပေါ်တဲ့ အန္တရာယ်မဖြစ်စေတဲ့ ရင်သားအကျိတ်ကြောင့်ဖြစ်ပါတယ်။ ဒီလိုအကျိတ်ဖြစ်လာပြီဆိုရင် ဆရာဝန်သွားပြဖို့လိုအပ်ပြီး ပုံမှန်အားဖြင့် ခွဲစိတ်ဖယ်ရှားလိုက်ရင်ရပေမယ့် ကင်ဆာကျိတ်လည်း ဖြစ်နေတတ်ပါတယ်။ 


၄။ နို့ရည်ပြွန်ကျယ်ခြင်း

 နို့သီးခေါင်းနာကျင်တာက နို့ပြွန်ကျယ်တာကြောင့်ဆိုရင် စိတ်ပူစရာမရှိပါဘူး။ အသက် ၄၅ နှစ်အထက် အမျိုးသမီးတွေမှာ အဖြစ်များပြီး ရင်သားထဲက နို့ပြွန်ကျယ်ရင် ဒါမှမဟုတ် ပိတ်ဆို့နေရင် ဖြစ်တတ်ပါတယ်။ နာကျင်ပေမယ့် ကင်ဆာမဟုတ်ပါဘူး။ 


၅။ နို့သီးခေါင်းပြောင်းပြန်ဖြစ်ခြင်း

 မွေးကတည်းက နို့သီးခေါင်းပြောင်းပြန်ဆိုရင်တော့ ဒါကပုံကြီးချဲ့စရာမဟုတ်ပါဘူး။ နို့သီးခေါင်းက အတွင်းကို ဝင်သွားခြင်း ဒါမှမဟုတ် အပေါ်ကိုထောင်တက်နေခြင်းဆိုတဲ့ အခြေအနေတွေက ရင်သားကင်ဆာနဲ့ ဆက်နွှယ်မှုရှိနေတာကြောင့် စစ်ဆေးဖို့လိုအပ်ပါတယ်။


၆။ ဆေးများကြောင့် တန်ပြန်ဖြစ်ပေါ်မှု

 စိတ်ဝင်စားဖို့ကောင်းတာက တချို့စိတ်ရောဂါကုဆေးတွေက နို့သီးခေါင်းမှာ တုံ့ပြန်မှုတွေ  ဖြစ်ပေါ်စေပါတယ်။ SSRIs ကနေ MAOIs အထိ စိတ်ကျရောဂါပျောက်ဆေး အမျိုးမျိုးကြောင့် နို့သီးခေါင်းကနေ အရည်ထွက်စေတတ်ပါတယ်။ 


၇။ ရောဂါကြီးတွေရဲ့ လက္ခဏာဖြစ်နိုင်ခြင်း

 အရွယ်ရောက်ပြီးသား အမျိုးသမီးအများစုရဲ့ နို့သီးခေါင်းတွေက ညှစ်လိုက်ရင် အရည်ထွက်လာတတ်တာပုံမှန်ပါပဲ။ ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူးဆိုရင်တောင် နို့သီးခေါင်းဆိုတာ နို့ထွက်ဖို့တည်လာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပါ။ နို့သီးခေါင်းကို ညှစ်လိုက်ရင် အရည်ထွက်လာတာပုံမှန်ဆိုပေမယ့် ခန္ဓာကိုယ်က တခြားပြဿနာကြီးတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ 


Credit: အမရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18