Print

အရေပြားတွန့်ခြင်းနှင့် ကာကွယ်နည်းများ

  30-Nov-2020
Preview Image

အရေပြားတွန့်ခြင်းနှင့် ကာကွယ်နည်းများ

          အရေပြားကို အလွှာသုံးထပ်ဖြင့် ဖွဲ့စည်းထားသည်။

(၁) Epidermis

(၂) Dermis

(၃) subcutaneous tissue တို့ဖြစ်သည်။

          Epidermis သည် အပေါ်ယံဆုံးအလွှာဖြစ်ပြီး ပြင်ပနှင့် အများဆုံးထိတွေ့ရသော အပိုင်းဖြစ်သည်။ ဒုတိယအလွှာ Dermis ကိုမူ Tissue များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပထမအလွှာနှင့် ဒုတိယအလွှာကြားရှိ နေရာကို Dermal Epidermal Junction ဟုခေါ်ပြီး အရေးကြီးသော နေရာတစ်ခုလည်းဖြစ်သည်။ အောက်ဆုံးအလွှာကိုမူ Sub Cutaneous Tissue ဟုခေါ်ပြီး အဆီ Cell များပါဝင်သည်။

          လူတစ်ဦး အသက်ကြီးလာလေ Epidermal Cell များ ပါးလွှာလေဖြစ်သည်။ ထိုသို့ အလွှာပါးလေ စိုထိုင်းမှုကို ထိန်းသိမ်းနိုင်စွမ်း ကျဆင်းလာလေဖြစ်သည်။ ထိုသို့ကျဆင်းလာခြင်းက ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေသည်။ အသက် အရွယ်ကြီးရင့်လာခြင်းကြောင့် ဒုတိယအလွှာပါ ပါးလွှာလာသည်သာ မကဘဲ Collagen ထုတ်လုပ်နိုင်မှုပါ ကျဆင်းလာသည်။ ထိုသို့သော အပြောင်းအလဲများကြောင့် အရေပြားကို တွန့်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ Sebum ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် ချွေး Gland ပေါင်းများစွာ လျော့ပါးလာခြင်းစသည့် အပြောင်းအလဲနှစ်ခုက အရေပြားခြောက်သွေ့ခြင်းကို ဦးတည်စေသည်။ အခြားအလွှားများရှိ အပျက်အစီးများကို အဆီ Cell များမှ ပြန်လည်မဖြည့်တင်းပေးနိုင်ခြင်းကြောင့် အောက်ဆုံးလွှာ Subcutaneous တွင် အဆီ Cell များ သေးငယ်လာကာ အရေပြားတွန့်ခြင်းဖြစ်ပေါ်လာသည်။

အသီးများ

          ရာသီအလိုက်ထွက်သော အသီးအများစုသည် အရေပြားအတွက် သဘာဝအာဟာရဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ မက်မုံသီးနှင့် သစ်တော်သီးတို့သည် ခြောက်သွေ့သော အရေပြားအတွက် အထူးကောင်းမွန်ပါသည်။ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီးတို့မှာမူ အဆီပြန်သော အရေပြားအတွက် အကောင်းဆုံးဖြစ်ပါသည်။ ထို့ပြင် ငှက်ပျောသီးများကို ချေ မျက်နှာပြင်ပေါ် သုတ်လိမ်းပေးထားပါကလည်း အရေပြားကို နူးညံ့စေပါသည်။ အရေပြား တင်းရင်းစေရန်အတွက်ကိုမူ ငှက်ပျောသီးကို ပျားရည်နှင့်ရောပြီး မျက်နှာပြင်ပေါ်တွင်သာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ သုတ်လိမ်းပေးနိုင်ပါသည်။

ကြက်ဥ

          ကြက်ဥအနှစ်သည် ခြောက်သွေ့သော အရေပြားအတွက် ဆေးတစ်မျိုးဖြစ်ပြီး အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ အဆီပြန်သော အရေပြားအတွက်မူ ကြက်ဥအကာက အသုံးဝင်ပါသည်။ အကယ်၍ သင် အသက် ၃၅ နှစ် ရှိလာပါက ကြက်ဥအနှစ်ကို အရေပြားပေါ် မကြာခဏဆိုသလို သုတ်လိမ်းပေးသင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကြက်ဥအနှစ်နှင့် အကာနှစ်မျိုးစလုံးသည် အရေပြားအတွက် အကောင်းဆုံးသော ရလဒ်မျိုးကို ပေးနိုင်ပါသည်။ ထို့အတူ Vinegar နှင့် အဆီတို့ကလည်း ကြက်ဥနှင့် အာနိသင်ချင်း ညီမျှသည့်အတွက် ကြက်ဥအစား အသုံးပြုနိုင်ပါသည်။

အဆီများ

          အကယ်၍ သင်သည် အဆီတစ်မျိုးထက်ပိုပြီး အသုံးပြုမည်ဆိုပါက မလိမ်းမီ ထိုအဆီနှစ်မျိုးကို ပထမဦးစွာ ရောစပ်ပြီး အချိန်အနည်းငယ် ထားပေးရန် လိုအပ်ပါသည်။ သို့မှသာ အာနိသင်ချင်းပေါင်းစပ်မိပြီး စွမ်းအင်မြင့်တက်လာပါလိမ့်မည်။ Jasmine, Lavender, Sandalcood, Myrrh, Patchouli နှင့် Ylang – Ylang စသည့် အဆီများသည် Moisturizer နှင့် ရော အသုံးပြုပေးပါက အရေပြားတွန့်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါသည်။

နှိပ်နယ်ခြင်း

          အလှပြင်ဆိုင်များတွင် အချိန်ပေးပြီး မျက်နှာကို Skincare မလုပ်နိုင်သူများအတွက် မိမိနေအိမ်တွင်ပင် မျက်နှာကို Moisturizer ဖြင့် နံနက်တိုင်းနှင့် ညတိုင်း နေ့စဉ် မှန်မှန်လိမ်းပြီး နှိပ်နယ်ပေးခြင်းက အရေပြားတွန့်ခြင်းကို ကာကွယ်ရာ၌ များစွာအကူအညီပေးပါသည်။ ထိုသို့ နှိပ်နယ်ရာတွင် လည်ပင်းကို မေ့မထားသင့်ပါ။ အသက်ကြီးလာသည်နှင့်အမျှ လည်ပင်းတွင်ပါ အရေးအကြောင်းများ ဖြစ်လာတတ်သောကြောင့် လည်ပင်းမှ အပေါ်ဘက်သို့ ပင့်နှိပ်နယ်ပေးရပါမည်။ ထို့ပြင် နှိပ်နယ်ပေးခြင်းက မျက်နှာပြင်ရှိသွေးကြောများအတွင်း သွေးလည်ပတ်စီးဆင်းမှုတို့ထက် ကောင်းမွန်စေပါသည်။ သို့ရာတွင်အရေပြားကို ခပ်မြန်မြန်နှင့် အားဖြင့်ဆွဲခြင်းကို လုံးဝရှောင်ကြဉ်ပါ။ ရေခဲရေဖြင့် မျက်နှာကို ပက်ဖျန်းပေးခြင်းကလည်း တူညီသော ရလဒ်ကို ပေးပါသည်။

အရွယ်မတိုင်မီ အရေပြားတွန့်ခြင်း မဖြစ်ရလေအောင်

၁။ ဘေးစောင်းအိပ်ခြင်းက မျက်နှာပြင်အရေပြားအရေးအကြောင်းထင်ခြင်းကို အားပေးသည့်အတွက် အိပ်သည့်အခါ တတ်နိုင်သမျှ ပက်လက်လဲလျောင်းပါ။

၂။ မေးစေ့ကို အောက်စိုက်ထားခြင်းက လည်ပင်းရှိ အရေပြားကို တွန့်စေနိုင်သည့်အတွက် ဦးခေါင်းကို မတ်မတ်ထားပါ။

၃။ ရေစိုနေသော အရေပြားကို ဖိပွတ်တိုက်ခြင်းမျိုးမလုတ်ဘဲ အဝတ်ဖြင့် အသာအယာ တို့ရိုက်သာ လုပ်ပါ။

၄။ အရေပြားကို မကြာခဏ ချေးချွတ်ခြင်း၊ ပေါင်းတင်ခြင်းက အရေပြားရှိ အဆီဓာတ်များကို ပျက်စီးဆုံးရှုံးစေပြီး တွန့်ကြောင်းများ ဖြစ်လာစေပါသည်။

၅။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းက အရွယ်တင်နုပျိုစေပြီး အရေပြားတွန့်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

Credit : Original Writer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18