Print

ဦးနှောက်အမြှေးရောင်ရောဂါ

  25-Feb-2017
Preview Image

၁။ ဦးနှောက်အမြှေးရောင်ရောဂါသည်။ ဦင်္းနှောက်နှင့် အာရုံကြောမကြီးပတ်လည်တွင် ဝန်းရံထားသော အမြှေးပါးများ ယောင်ယမ်းခြင်း အမျိုးမျိုးသော ဘတ်တီရီးယားပိုးမွှားများနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်နိုင်ပါသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ 
ကလေးငယ်တွင် ဦးနှောက်အမြှေးရောင်ပါကလူကြီးတွင် ဖြစ်ပွားသည့် ရောဂါလက္ခဏာများနှင့် ကွဲပြားပါသလား။

၂။ အရေးပေါ်ဖုန်းနံပါတ်သို့ မခေါ်မီရောဂါလက္ခဏာအားလုံး ပေါ်လာသည့်အချိန်ထိတိုင်အောင် စောင့် ကြည့်နေသင့်ပါသလား။
ဦးနှောက်အမြှေးရောင်ရောဂါရှင်သည် လျှင်မြန်စွာ အခြေအနေဆိုးရွားနိုင်ပါသည်။ ရောဂါ အခြေအနေသည် မကြာခဏပြင်းထန်နိုင်ပြီး အချိန်မီကုသရန် လိုအပ်ပါသည်။ 

၃။ လူနာတင်ကားစောင့်နေစဉ် စိုးရိမ်ပူပန်မှုမရှိစေရန် အားပေးပါ။
လူနာသည် အဖျားရှိပါက အပူလျော့ကျစေရန် ရေအေးတိုက်ပါ။

ဦးနှောက်အမြှေးရောင်ရောဂါဆိုသည်မှာ အဘယ်နည်း။
ဦးနှောက်အမြှေးရောင်ရောဂါသည် ဦးနှောက်ပတ်လည်တွင် ဝန်းရံထားသော အစိတ်အပိုင်း များ အစီအစဉ်မကျဖြစ်ပြီး ကျောရိုးအာရုံကြောရောင်လာစေပါသည်။ အမျိုးမျိုးသော ဘတ်တီးရီးယား ပိုးမွှားများနှင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်စေပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါ သည်။ 

ကလေးငယ်တွင် ဦးနှောက်အမြှေးရောင်ပါက ရောဂါလက္ခဏာများနှင့် အတူတူပင်ဖြစ်ပါသည်။ ထို့ပြင် ငိုအားကြီးလာပြီး ပို၍အိပ်ချင်လာပါမည်။ ၄င်းတို့၏နူးည့ံသောနေရာသည် ပိုမာလာမည်။ ထိုအခါတွင် ကလေးကိုသင်နှိုး၍မရတော့သည်ကို သတိပြုပါ။

၉၁၁ သို့ဖုန်းမခေါ်ရသေးခင် ရောဂါလက္ခဏာအားလုံးပေါ်လာသည့်အချိန်ထိတိုင်အောင် စောင့်ကြည့် နေသင့်ပါသလား။
ရောဂါလက္ခဏာအားလုံးပေါ်လာသည်အထိ မစောင့်ဆိုင်းဘဲ ဦးနှောက်အမြှေးရောင်ရောဂါဟု သံသယဖြစ်လျှင်ဖြစ်ချင်း ၉၁၁ သို့ဆက်သွယ်သင့်ပါသည်။ ဦးနှောက်အမြှေးရောင်ခြင်းကြောင့် ဖြစ်ပေါ် လာသော ဆိုးကျိုးများမှ ကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ 

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း
21.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18