Print

လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာ

  25-Feb-2017
Preview Image

လိပ်ခေါင်းဆိုသည်မှာ စအိုဝ၌ ပေါ်ပေါက်လာသော ဖောင်းကြွပြီး နာကျင်မှုရှိ
သည့် သွေးပြန်ကြောများဖြစ်ပါသည်။ ဆေးပညာအရ Haemorrhoid, Piles, Rectal Lump စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပါသည်။ လိပ်ခေါင်းရောဂါသည် လူတော်တော်များများ
တွင်ဖြစ်လေ့ ရှိသည့် ရောဂါတစ်ခုဖြစ်ပါသည်။ ဝမ်းချုပ်တတ်သူများ၊ ဝမ်းသွားချိန်တွင် အားသုံး၍ ဝမ်းညှစ်တတ်သူများ၊ အညောင်းထိုင် အလုပ်လုပ်သူများ၊ စအိုဝတွင် အနာရောဂါဖြစ်သူများနှင့် အသည်းခြောက်ရောဂါရှိသူများတွင် အဖြစ်များပါသည်။ ကိုယ်ဝန် ဆောင်ချိန်နှင့် ကလေးမီးဖွားပြီး အချိန်များတွင်လည်း ဖြစ်တတ်ပါသည်။

စအိုဝရှိ သွေးပြန်ကြောများတွင် သွေးဖိအားများလာသော အခါလိပ်ခေါင်းရောဂါဖြစ်
စေပါသည်။ စအိုဝရှိ သွေးပြန်ကြောများ၏ သွေးလျှောက်မှုကို ဖိနှိပ်ပိတ်ဆို့စေသောအခါ
သွေးပြန်ကြောအတွင်း သွေးများစုပုံလာပြီး ဖိအားများလာပါသည်။ဖိအားများလာသော
ကြောင့် စအိုဝရှိ သွေးပြန်ကြော များ ဖောင်းပွလာကာ နာကျင်မှု ဝေဒနာကို ခံစားလာ
ရပါသည်။ အထူးသဖြင့် ထိုင်နေသည့် အနေအထားတွင် နာကျင်မှုဝေဒနာကို သိသိသာ
သာ ခံစားရပါသည်။ လိပ်ခေါင်းသည် စအိုဝ၏ အတွင်း(Internal Haemorrhoids) ၌ ပေါ်နိုင်သကဲ့သို့ စအို၀ ၏အပြင် (External Haemorrhoids) ၌လည်း ပေါ်ပေါက်နိုင်
ပါသည်။လိပ်ခေါင်း ဖြစ်ပြီဆိုပါက စအိုဝအနီးတစ်ဝိုက်တွင် ယားယံ လာတတ်ပါသည်။ ထို့နောက် စအိုဝပတ်ပတ်လည်တွင် နာကျင် ကိုက်ခဲမှုဝေဒနာကို ခံစားလာရပြီး ၎င်းဝေဒနာသည် ထိုင်နေသည့် အချိန်တွင် ပိုဆိုးပါသည်။ တစ်ခါ တစ်ရံတွင် စအိုဝမှ
သွေးယိုစီးမှု ရှိနိုင်ပြီး သွေးစသွေးနများကို မစင်ပေါ်တွင်လည်းကောင်း၊ အိမ်သာခွက်ထဲ
တွင်လည်းကောင်း၊ အိမ်သာသုံးစက်္ကူပေါ်တွင်လည်းကောင်း တွေ့ရနိုင်ပါသည်။

ဝမ်းသွားချိန်တွင် နာကျင်မှုရှိနိုင်ပါ သည်။ စအိုဝပတ်ပတ်လည်တွင် နာကျင်မှု
ရှိသော အလုံးအကျိတ်များတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုကာ ပေါ်ပေါက်လာနိုင်
ပါသည်။ ဆရာဝန်မှ ကြည့်ရှုစမ်းသပ်သောအခါ စအိုဝ ကို စမ်းသပ်စစ်ဆေးကြည့်ရုံဖြင့် လိပ်ခေါင်းရောဂါ ရှိကြောင်း ဖော်ထုတ်နိုင်လေ့ရှိပါသည်။ လိုအပ် ပါက Sigmoidoscopy သို့မဟုတ် Anoscopy များ အသုံးပြုကာ စမ်းသပ်မည် ဖြစ်ပါသည်။ လိပ်ခေါင်းရော
ဂါဖြစ်ပြီဟု ယူဆပါက ဆရာဝန်နှင့် ပြသ တိုင်ပင်သင့် ပါသည်။ Corticosteroids Cream လိမ်းပေး ခြင်းသည် လိပ်ခေါင်း ကြောင့်ဖြစ်ပေါ်သော နာကျင် ရောင်ရမ်းမှုကို သက်သာစေပါသည်။ ဝမ်းပျော့ဆေး စားသုံးခြင်းသည် ဝမ်းညှစ်အား အသုံးပြုမှုကို
လျော့ကျစေပါသည်။ ချည်သား စစ်စစ်ဖြင့် ပြုလုပ်ထားသောအောက်ခံဘောင်းဘီ
ဝတ်ဆင်ခြင်းသည် ယားယံမှုကို လျော့ကျစေ နိုင်ပါသည်။ အိမ်သာသုံးစက္ကူများ အသုံး
မပြုရပါ။ ယားယံမှုကို ပိုဆိုးစေသောကြောင့် ဖြစ်ပါသည်။

ယားယံသော စအိုဝကို မကုတ်မိပါစေနှင့်။ ရေနွေး နွေးတွင် စအိုကိုစိမ်၍ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းသည် သက်သောင့်သက်သာရှိစေ နိုင်ပါသည်။
မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် သောက်ဆေးသောက်ရုံဖြင့် သက်သာပျောက် ကင်းနိုင်သော်လည်း ပြင်းထန်လာပါက ခွဲစိတ် ကုသသော နည်းလမ်းများကို အသုံးပြုရတတ်ပါ သည်။

လိပ်ခေါင်းရောဂါကို ကုသရာတွင် Infrared coagulation နည်းမှာ လိပ်ခေါင်းအား ရှုံ့ဝင် ပျောက်ကွယ်သွားအောင် ပြုလုပ်သောနည်း ဖြစ်ပါ သည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် Infrared coagulation နည်းသည် ထိရောက်မှု ရှိပြီး ခွဲစိတ်ကုသမှုကို ရှောင်ကျဉ်ရန် အထောက် အကူ ဖြစ်စေနိုင်ပါသည်။ နာကျင်မှုဝေဒနာ
ပြင်းထန် စေသော လိပ်ခေါင်းရောဂါ များနှင့် သွေးယိုစီးမှု များသော လိပ် ခေါင်းရောဂါ
များတွင် အခြား နည်းလမ်းများ အသုံးပြု၍ မသက်သာသော အခါ ခွဲစိတ်ကုသ သည့် နည်းလမ်းကို အသုံးပြုရပါသည်။ ခွဲစိတ် ကုသမှု ပြုလုပ်ရန် လိုအပ်လာသောအခါ အရပ်
သုံး စကားဖြင့် သားရေကွင်းပစ်သည်ဟု ခေါ်ဆိုလေ့ရှိသော Rubber band ligation နည်းလမ်းကို အသုံးပြု သကဲ့သို့ လိပ်ခေါင်းကို ခွဲစိတ်လှီးထုတ်သော Surgical Haemorrhoidectomy နည်းလမ်းကို လည်း အသုံးပြုလေ့ ရှိပါသည်။လိပ်ခေါင်းရောဂါ
ပြင်းထန်ပါက စအိုဝရှိ ဖောင်းကြွနေသော သွေးပြန်ကြောအတွင်း၌ သွေးခဲ ဖြစ်ပေါ်တတ်
ပါသည်။ ထိုကဲ့သို့ သွေးခဲ ဖြစ်ပေါ်သောအခါ ၎င်းင်းသွေးပြန်ကြောအနီးရှိ အသားစများ ပုပ်သွားတတ်ပါသည်။ ထိုအခြေ အနေတွင် လိပ်ခေါင်းနှင့် သွေးခဲကို ခွဲထုတ် ဖယ်ရှား
ရလေ့ ရှိပါသည်။ လိပ်ခေါင်းမှ သွေးယိုစီးမှုသည် အများအား ဖြင့် မပြင်းထန်တတ်ပါ။ အကယ်၍ လိပ်ခေါင်းမှ သွေးယိုစီးမှုသည် ပြင်းထန်ပါက အချိန် ကြာမြင့်သောအခါ
နောက်ဆက် တွဲ ဆိုးကျိုးအနေဖြင့် သံဓာတ်လျော့ နည်းသည့် သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်ပေါ်နိုင်ပါသည်။

Healthcare.com.mm

Ref:သန့်ဇော် (ဆေး-၂)
Source : Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)
ကျန်းမာရေးသတင်းများ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18