Print

သင့်အရေပြားကိုနုပျိုစေမည့် အသီးအနှံများ

  11-Apr-2018
Preview Image

အစားအစာတွေက သင့်အတွက် အမှတ်တကယ်ဆေးဖြစ်စေပါတယ်။ သင်စားလိုက်တဲ့ အစားအစာတိုင်းဟာ သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးအထောက်အပံ့တွေဖြစ်စေဖို့လိုပါတယ်။ သင့်အရေပြားကို နုပျိုစေမယ့် အသီးအနှံတွေရှိပါတယ်။ လေ့လာကြည့်ရအောင်နော်။


သဘာဝသစ်သီး

 သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ပန်းသီးတစ်လုံးဟာ သင့်ကို ဆရာဝန်တစ်ယောက်အနားမှာရှိနေသလို ကျန်းမာမှုကို ရရှိစေတယ်လို့ ဆိုပါတယ်။ ပန်းသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးလို့ရသလို အစိမ်းရောင်ပန်းသီးက ဝက်ခြံတွေကို သက်သာစေပါတယ်။ မျက်ဝန်းညိုတာနဲ့ မျက်အိတ်ထွက်တာကို သက်သာစေပြီး ဗီတာမင်အေနဲ့ စီပါဝင်တာကြောင့် အရေပြားကျန်းမာစေပါတယ်။ 


သရက်သီး

 သရက်သီးဟာ ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ သရက်သီးဟာ အရေပြားကို ပျော့ပျောင်းစေပြီး ကိုယ်လက်စထရောကို ကျစေပါတယ်။ ဗီတာမင်အေနဲ့ အင်တီအောက်ဆီးဒင့်တွေပါဝင်တဲ့ သရက်သီးဟာ အရေပြားကို ကျန်းမာနုပျိုစေပါတယ်။ 


ရက်စ်ဘယ်ရီသီး

 ရက်စ်ဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်တွေကြွယ်ဝပါတယ်။ အမျှင်ဓာတ်နဲ့ ဗီတာမင်စီလည်း ပါဝင်တာကြောင့် အရေပြားအတွက် အသင့်တော်ဆုံးပါပဲ။ ဗီတာမင်စီက အရေပြားကို လန်းဆန်းနေစေပါတယ်။ 


သင်္ဘောသီး

 သင်္ဘောသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ကယ်လ်ဆီယမ်တွေ ပါဝင်ပါတယ်။ အရေပြားချောမွေ့စေပြီး သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ အသားအရေညီညာလှပစေနိုင်ပါတယ်။ အရေပြားထိခိုက်မှုတွေကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။ 


သံပရာသီး

 သံပရာသီးဟာ အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ သံပရာသီးဟာ အရေပြားကို ကျန်းမာလန်းဆန်းစေရုံသာမကဘဲ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်စွမ်းရှိပါတယ်။


လိမ္မော်သီး

 လိမ္မော်သီးမှာ ဗီတာမင်စီကြွယ်ဝပြီး ကော်လာဂျင်တွေ ပါဝင်တာကြောင့် အရေပြားကျန်းမာလှပစေနိုင်ပါတယ်။ လိမ္မော်ရည်ကို သဘာဝပေါင်းတင်ပစ္စည်းတစ်ခုအနေနဲ့လည်း သုံးနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်ဘီဝမ်းပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကိုလည်း ကောင်းမွန်းစေပါတယ်။ အရေပြားတင်းတင်းကျပ်ကျပ်ဖြစ်ဖြစ်နေရင် လိမ္မော်ရည်ကို အနည်းငယ်လိမ်းပြီးရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။


ငှက်ပျောသီး

 ငှက်ပျောသီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ ဘီ၊ အီးတွေပါဝင်ပြီး အရေပြားကို နူးညံ့ချောမွေ့စေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရေပြားတွန့်တာကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ငှက်ပျောသီးတစ်လုံးလောက်နေ့စဉ် စားသင့်ပြီး အနှစ်ပြုလုပ်ကာ မျက်နှာပေါင်းတင်ပေးလို့လည်း ရပါတယ်။ 


ကီဝီသီး

 ကီဝီသီးဟာ အရေပြားနုပျိုစေတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ကီဝီသီးဟာ သံပရာသီးလိုပဲ ဗီတာမင်စီကြွယ်ဝပါတယ်။ အရေပြားပျက်စီးတာကို ကာကွယ်ပေးနိုင်ပြီး အရသာရှိတဲ့ ကီဝီသီးကို နေ့စဉ်တစ်နေ့တစ်လုံးမှီဝဲသင့်ပါတယ်။


Credit: သဲသဲ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18