Print

ခြောက်သွေ့အသားအရေ

  30-Oct-2016
Preview Image

ခြောက်သွေ့အသားအရေဟာ အရေပြားမှာ အသားလွှာဖတ်ကလေးများ လန်နေတတ်ပြီး အရေပြားနီရဲယားယံခြင်းမျိုးလည်း အလွယ်တကူ ဖြစ်တတ်တာကြောင့် ပိုမို ထိခိုက်လွယ်တဲ့Sensitive အရေပြားမျိုးပဲ ဖြစ်တယ်လို့ အရေပြားဆိုင်ရာ ပညာရှင်များကဆိုကြပါတယ်။ ခြောက် သွေ့တဲ့ အရေပြားပိုင်ရှင်ဟာ အသုံးပြုမယ့် Skin Product အားလုံးရဲ့ အရည်အသွေးနဲ့ တုံ့ပြန်မှုကို အမြဲတမ်း ဂရုစိုက်နေရပါတယ်။ ဘာကြောင့်လဲ ဆိုရင် ခြောက်သွေ့တဲ့ အရေပြားအမျိုးအစားဟာ ထိခိုက်လွယ်တဲ့ အရေပြားမျိုးဖြစ်နေတာကြောင့် ပဲ ဖြစ်ပါတယ်။

ခြောက်သွေ့အသားအရေအတွက် ထိန်းသိမ်း စောင့်ရှောက်မှု

ခြောက်သွေ့အသားအရေ ပိုင်ရှင်တွေဟာ ကိုယ့်အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရာ မှာ ကလေးတစ်ယောက်ကို ကြင်နာဂရုစိုက်သကဲ့ သို့ အလွန်တရာ နူးညံ့ သိမ်မွေ့စွာ ဂရုစိုက်ပေးရ မှာ ဖြစ်ပါတယ်။ ခြောက်သွေ့အသားအရေပိုင်ရှင် တွေထိန်းသိမ်းစောင့်ရှောက်ရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေကိုလေ့လာကြည့် တဲ့ အခါမှာ

- Cleanser ကိုသုံးပြီး အသားအရေကို နူးညံ့ညင်သာစွာ သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ သင်ဟာ ညအိပ်ခါနီးမှာ Cleanser ကို အသုံးပြု ထားတယ်ဆိုရင် မနက်မိုးလင်း မျက်နှာသစ်တဲ့ အခါမှာတော့ Cleanser ကို ထပ်မံအသုံးပြုစရာ မလိုပါဘူး။ အသားအရေ အမျိုးအစားမရွေး အသုံးပြုနိုင်တဲ့ အပျော့စား Cleanser မျိုးကို အသုံးပြုပေးပါလို့ အရေပြားဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ဆိုပါတယ်။

- အသုံးပြုတဲ့Product တွေမှာRetinol ပါဝင်တဲ့ product မျိုးကို ရွေးချယ်ပါစို့။ Retinol ဟာ ခြောက်သွေ့အသားအရေအတွက် အလွန်ပဲ ကောင်းမွန်ပါတယ်။ Retinol ဟာ အသားအရေ ခြောက်သွေ့ခြင်းသာမက ထိခိုက်လွယ်တဲ့အသား အရေများအတွက်

ပါအကျိုးပြုပါတယ်။ ထိခိုက် လွယ်တဲ့ အသားအရေအတွက်လည်းRetinol က နီရဲယားယံမှုဖြစ်ခြင်း အကြိမ်ရေတွေကို လျော့ နည်းကျဆင်းစေပါတယ်။ ဒါ့ပြင် အရေပြားအိုမင်းမှု ကိုလည်း ဆန့်ကျင်တားဆီးပေးပါတယ်။နောက်ထပ် ပါဝင်ပစ္စည်းတစ်ခုက Hyaluronic Acid ပါ။Hyaluronic Acid က အရေပြားအစိုဓာတ်ကို တိုးပွားစေရန် ထောက်ပံ့ ကူညီပေးပါတယ်။

အစိုဓာတ်ထိန်းခရင်မ်ကတော့ အသားအရေ ခြောက်သွေ့သူတွေအနေနဲ့ မဖြစ်မနေ အသုံးပြု ရမှာပါ။ အသုံးပြုတဲ့အခါမှာလည်း Phoshpholipids, Cholesterol နဲ့ Essential Fatty Acids တို့ ပါဝင်တဲ့ အစိုဓာတ်ထိန်းမျိုးကို ရွေးချယ်ပါလို့ အရေပြားဆိုင်ရာပညာရှင်များက အကြံပြုထားပါတယ်။SPF 30 လောက်ပါဝင်တဲ့ အစိုဓာတ် ထိန်းခရင်မ်ကို မနက်ခင်းလိမ်းခြယ်ရုံ သာမက ညအိပ်ရာဝင်ခါနီးမှာပါ လိမ်းခြယ်ပေးဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်က ဆဲလ် သေများကြောင့်ဖြစ်ပေါ်လာတဲ့ အရေပြားအလွှာ များမဖြစ်ပေါ်အောင် ကာကွယ်တားဆီးပေးပါ တယ်။

Ref:

အေမီချို

ရတီကျန်းမာရေး

December 16th, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18