ရင်တုန်ခြင်း
27-Feb-2017ရင်တုန်ခြင်း
မိမိ နှလုံးခုန်သံကို မိမိဘာသာ ဂရုစိုက် နားထောင်ကြည့်လျှင် ပုံမှန် (သို့) နှေးနေ၊ မြန်နေသည်ကို (သို့) နှလုံးခုန်ပုံ ရုတ်တရက် အပြောင်းအလဲကို သိလာနိုင် သည်။ ယင်းကား တွေ့နေကျ ပြဿနာ လေ့ကျင့်ခန်း လုပ်ခြင်းများလျှင်၊ စိတ်လှုပ်ရှားလျှင်၊ ဖိစီးမှု များလျှင်၊ သောကရောက်လျှင်၊ ကဖီန်း၊ နစ်ကိုတင်းန် စသည့် အရာတို့ အသုံးများသွားလျှင် ရင်တုန်သည်။ စက္ကန့် (သို့) မိနစ် အနည်းငယ်ခန့်သာ ကြာတတ်သည်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိ။ သို့သော် အကြောင်းရင်းခံ မည်မည်ရရ မရှိဘဲ (သို့) အခြား မည်သည့် ဝေဒနာမှ မခံစားရဘဲ (သို့) တောက်လျှောက် ရင်တုန်နေလျှင်မူ ပြဿနာ ဖြစ် လာတတ်သည်။ မပေါ့သင့်ပါ။
ဆရာဝန်နဲ့ အရင်ပြရန်
• ခဏခဏ ရင်တုန်လျှင်၊ ရင်တုန်ချိန်ကြာလျှင် နှလုံးခုန် မမှန်လျှင်၊ ဆရာဝန်နှင့် အရင်ပြပါ။
• ရင်တုန်လျှင်၊ မတုန်ခင်က ပြုမူခဲ့သော အပြုအမူ၊ အစားအသောက်၊ ခံစားချက် စသည် တို့ကို မှတ်တမ်းတင်ထားကြည့်ပါ။
• စိတ်ဖိစီးမှုကြောင့်ဟု ယူဆပါက စိတ်ဖိစီးမှု လျော့ပါးစေမည့် အသက်ရှူ လေ့ကျင့်ခန်း၊ အကြောလျှော့၊ စိတ်လျှော့ လေ့ကျင့်ခန်းများ လုပ်ကြည့်ပါ။
• အိပ်ရေးဝဝ အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်ရေးပျက်၍ နုန်းပါကလည်း ရင်တုန်ခြင်းကို ပိုဆိုးရွားစေနိုင်သည်။
• ကဖီန်းပါသော အစားအသောက်၊ ဆေးဝါးများ (ဥပမာ အအေးမိ နှာစေး
ပျောက်ဆေးများ) ကို ရှောင်ပါ။
• ချောင်းဆိုး ပျောက်ဆေး၊ အအေးမိ ပျောက်ဆေးများကို သောက်မည်ဆိုပါက
ဆေးပုလင်းပါ စာများကို အသေအချာ ဖတ်ပါ။ နှာပွင့်ဆေး၊ နှာရည်ယို သက်သာဆေးကို ပါတတ်သည်။ ယင်းတို့ကြောင့်လည်း ရင်တုန်နိုင်သည်။
• အရက် လျှော့ပါ။ အရက်သောက် များပါကလည်း ရင်တုန်သည်။
• ဆေးလိပ် ဖြတ်ပါ။ နစ်ကိုတင်း ကြောင့် နှလုံးခုန် မြန်ကာ ရင်တုန်သည်။
• တားမြစ်ခြင်း၊ မူးယစ်ဆေးတို့ကိုလည်း ရှောင်ပါ။ ယင်းဆေး အားလုံးကြောင့် ရင်တုန်သည်။
ဆရာဝန်နဲ့ ဆက်ပြရန်
• ရင်တုန်စေတတ်သော အကြောင်းရင်းတို့ကို ရှာဖွေ ဖြေဖျောက်သည့်ကြားက မကြာမကြာ ရင်တုန်လျှင်။
• ရင်တုန်ခြင်းအပြင် အခြားဝေဒနာများ ဖြစ်သည့် လူပိန်လာခြင်း၊ ခြေကုန် လက်ပန်းကျခြင်း တို့ပါ ဖြစ်လာလျှင်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။