ဒူးနာ အဆစ်နာ
29-Oct-2016
အသက်ငယ်စဉ်အရွယ်တွင် မသိပေမဲ့ အသက်အရွယ်ရလာသောအခါတွင် အကြောတက် အဆစ်နာဆိုသည့် အရွယ်အရ စကားပြောလာပါသည်။ မိမိ၏ကိုယ်ခန္ဓာ အလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် ဒူးနာခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
ခန္ဓာကိုယ်အထက်ပိုင်း ကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့် ထိုင်နေရာမှထလျှင်ဖြစ်ဖြစ်၊ သွားလာနေရင်းဖြစ်ဖြစ်၊ ဒူးနာလာခြင်း၊ ခါးနာလာခြင်း သိသိသာသာ နာကျင်နေမှု ဖြစ်ပေါ်လာသည်။ တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှ ဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလည်းဖြစ်ပါသည်။ အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည်။ လှုပ်ရှားလျှင် ဒူးခေါင်းအဆစ်နေရာတွင် အသံတွေမြည်ပြီး နာကျင်ပါသည်။ လူတစ်ယောက် ဒူးနာရောဂါစွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ်။ အိမ်သာသွားလည်း ထိုင်လို့တောင် အစဉ်မပြေဖြစ်တတ်ပါသည်။ အဆစ်အမြစ်တွေ နာနေပြီဆိုလျှင် တစ်ချို ့ကလေးဖက်နာဆိုပြီး အလွယ်တကူ အမည်ပေးတတ်ကြပါသည်။ အဆစ်နာခြင်းလား အဆစ်ရောင်ခြင်းဆိုတာကို မသိကြပါ ။ အဆစ်ရောင်ခြင်းတွင် ယူရစ်အက်စစ်များခြင်းကြောင့် အဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက်ရောဂါ ဆိုလျှင် ရုတ်တရက်နာကျင်လာတက်ပါသည််။ နာနေစဉ် အလွန်နာ၊ မခံနိုင်အောင်နာ၊ လှုပ်မရအောင် နာလေ့ရှိပါသည် ။ ယင်းအနာပျောက်သွားချိန်ဆိုလျှင် အကောင်းပကတိ ဖြစ်နေတတ်သည်။ ရောဂါလုံးဝပျောက်သွားသလားလို ့ထင်မြင်မိကြပါသည်။
ဆေးပညာသဘောအရ အဆစ်နာ၊ အဆစ်ရောင်ရောဂါများကို အုပ်စုခွဲ သတ်မှတ်ထားပါသည်။ ရောင်ရမ်းသောအဆစ်ရောင်ရောဂါ ၊ သက်ကြီးဇရာ၊ ထိခိုက်မိသောကြောင့် ဒဏ်နှင့်ဇီဝဓာတုဓာတ်ပစ္စည်းများကြောင့်အဆစ်ရောင်ဖြစ် ပေါ်စေခြင်းတို ့ဖြစ်ပါသည်။ အဆစ်ရောင်အဆစ်နာဖြစ်နေသည်နေရာ၊ ဘယ်နှဆစ်ရောင်နေလဲ၊ နာကျင်ဝေဒနာအချိန်ကြာကြာဖြစ်ပေါ်နေလား၊ ဘယ်လိုအချိန်တွေမှာ ပိုမိုနာကျင်မှု ့ဖြစ်ပေါ်လာသလဲဆိုပြီး ဖြစ်ပေါ်သည့်ရောဂါများတွင် ကွဲပြားခြားနားမှု ့ရှိပါသည်။ နာကျင်နေသည့်အခါတိုင်းတွင် မိမိဖာသာ နာကျင်ခြင်းကို သက်သာစေသော အကိုက်အခဲပျောက်ဆေးများသောက်ခြင်း မပြု ့လုပ်သင့်ဘဲ နာကျင်နေမှု ့အတွက် တိကျသောအဖြေတစ်ခုရရှိရန်အတွက် ဓာတ်ခွဲမှု လုပ်ဆောင်သင့်ပါသည်။သင်လိုက်နာသင့်သည်မှာ အဝလွန်မဖြစ်စေရန် ထိန်းပါ။ အလေးပင်မခြင်း ရှောင်ရှားပါ။ ပြင်းထန်သောအားကစားများ လုပ်ဆောင်ခြင်းကို ရှောင်ရှားပါ။ နာကျင်နေသည့်အချိန်တွင် ခြေထောက်များကို ခါရမ်းခြင်း မပြု ့လုပ်သင့်ပါ။ ရောင်ရမ်းနာသော ဒူးအဆစ်နေရာများကို ဖိနှိပ်ခြင်းမလုပ်သင့်ပါ။ ကလီစာ အစာအစားများ စားသုံခြင်းမပြု ့သင့်ပါ။ အရက်ဘီယာသောက်သုံးခြင်းများကို ရှောင်ရှားခြင်းတို ့ပင်ဖြစ်ပါ သည် ။
Ref: Mg Mandalay Thursday, January 29, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
