Print

Kidney cancer (ကျောက်ကပ် ကင်ဆာ)

  27-Feb-2017
Preview Image

Kidney cancer (ကျောက်ကပ် ကင်ဆာ)
ခန္ဓာကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်သော ကျောက်ကပ်မှ ဖြစ်ပေါ်
လာသောကင်ဆာဖြစ်သည်။

 

လက္ခဏာများ
ကျောက်ကပ်ကင်ဆာသည် အစောပိုင်းတွင် မည်သည့်လက္ခဏာမှ မပေါ်တတ်ပါ။
နောက်ပိုင်းတွင် ဖြစ်ပေါ်ခံစားရနိုင်သော လက္ခဏာများမှာ-

- ဆီးထဲတွင် သွေးပါခြင်း
- ကျောအောင့်ခြင်း၊ ခါးနာခြင်း
- ကိုယ်အလေးချိန်ကျသွားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အဖျား တက်လိုက်ကျလိုက်ပုံစံ ဖျားခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းအရင်းဟူ၍ အတိအကျမသိသေး သော်လည်း

- အဝလွန်သူ
- ဆေးလိပ်သောက်သူ
- မိဘမျိုးရိုးထဲတွင် ကင်ဆာမျိုးရိုးရှိသူတို့တွင် အဖြစ်များသည်။

 

စစ်ဆေးမှုများ
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- အာထရာဆောင်းရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- Biopsy – အသားစယူ၍ စစ်ဆေးခြင်း

 

ကုသခြင်း
ဖြစ်ပေါ်နေသည့် ကင်ဆာအဆင့် (stage) နှင့်ကင်ဆာ အမျိုးအစားတို့ပေါ်မူတည်၍ ကုသနည်းကိုစဉ်းစားရသည်။

- ခွဲစိတ်ကုသခြင်း-
ဤနည်းလမ်းသည် ကျောက်ကပ်ကင်ဆာကုသခြင်းတွင်အဓိကကျသော ကုထုံးဖြစ်သည်။
- Partial nephrectomy (Nephron sparing surgery)- tumor ကင်ဆာ အလုံးသာထုတ်ခြင်းနှင့်
- Total nephrectomy- ကင်ဆာဖြစ်ပွားနေသည့် ကျောက်ကပ်တစ်ခုလုံးထုတ်၍ ကုသခြင်းတို့ဖြစ်သည်။

ထို့ပြင်

- Cryoablation- အအေးချောင်းဖြင့် ကင်ဆာအလုံးကိုတို့၍ ကုသခြင်း
- RFA(Radio frequency ablation)- electrical လျှပ်စစ်စီးကြောင်းဓာတ်ကို အသုံးပြု၍ ကင်ဆာအလုံးကိုသတ်ခြင်း တို့ဖြင့်လည်း ကုသနိုင်သည်။

ကုသပြီးနောက်ပြန်၍ ဖြစ်သောကင်ဆာများနှင့် ကင်ဆာအဆင့်မြင့်နေပါက

Biological therapy- ကင်ဆာဖြစ်ပေါ်ခြင်းကို ပြန်တိုက်နိုင်သည့် ခုခံအားဓာတ်ကို မြှင့် တင်ခြင်း ဆေးများပေး၍ ကုသခြင်း။
Targeted therapy- ကင်ဆာအလုံးကြီးထွားမှုကိုရပ်တန့်စေသည့် ဆေးဝါးများဖြင့် ကုသခြင်း
Radiation therapy- ဓာတ်ရောင်ခြည်သုံး၍ ကုသခြင်းတို့ဖြင့် ဖြစ်ပွားနေသည့် ကင်ဆာအလုံးကို အရှင်းသက်သာအောင်မပြုလုပ်နိုင်သော်လည်း ဖယ်နိုင်သမျှ ဖယ်ပစ်ရမည်။

 

ကာကွယ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်အလေးချိန်ထိန်းခြင်း
- သွေးပေါင်ချိန်လျော့ချခြင်းတို့ ပြုလုပ်နိုင်ပါသည်။

 

Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: Mayo clinic

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18