အရိုးပါးရောဂါ
27-Feb-2017အရိုးပါးရောဂါ
လူသန်းပေါင်းများစွာသည် အရိုးပါးရောဂါ ခံစားနေရသည်။ အရိုးပါးရောဂါသည် အရိုးဆုံးရှုံးခြင်းဖြစ်စေကာ အရိုးကျိုးခြင်းအား ဦးတည်စေနိုင်သည်။ အရိုးမာများကို အမျိုးသမီးများ သွေးမဆုံးမီကာလအတွင်း အီစထရိုဂျင်က ကာကွယ်ပေးသည်။ အီစထရိုဂျင်သည် ကယ်လစီယမ်နှင့် အခြားသတ္တုဓာတ်များကို အရိုးများတွင် ထိန်းသိမ်းပေးသည်။ သို့သော် သွေးဆုံးပြီးနောက် အရိုးများကို အခေါင်းပေါက်များအဖြစ် ကျန်ရစ်စေပြီး ကြွပ်ဆတ်စေသည်။ လေ့လာချက်များက ဖော်ပြသည်မှာ ကိုယ်အလေးချိန် ထိန်းသိမ်းပေးသော ကိုယ်လက်လေ့ကျင့်ခန်း (ဥပမာ - လမ်းလျှောက်ခြင်း) က အရိုးသိပ်သည်းဆကို တိုးပွားစေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှဖေ
Arogyam magazine, June 2013, No.251, Pg. 182