အဆုတ်ရေအောင်းခြင်း
01-Mar-2017ဆရာဝန်နှင့် ပြသရမည့်အချိန်
အောက်ပါလက္ခဏာများကို ကြုံရလျှင် ဆရာဝန်ထံသွားဖို့ လိုအပ်မည်ဖြစ်ပါသည်။
• အဆုတ်တွင် မနေသာမထိုင်သာ ကူးစက်နာ ခံစားရစဉ်၌ (Acule Respiratory Infection) ခံစားမှု ရှုပ်ထွေးပြီး အာရုံလုံးစုံ ယောင်မှားမှုဖြစ်နေလျှင်၊
• ထိုသို့ အဆုတ်တွင် ခံစားရစဉ် အိပ်ပျော်အောင်အိပ်၍ မရခြင်း၊ စကားပြောရာ၌ စကားလုံး မသဲကွဲခြင်းတို့ဖြစ်လျှင်၊
• ချောင်းဆိုးပြီး အကျိအချွဲထွက်လာသောအခါ အရောင်အပျစ်အကျဲ၊ အနံ့နှင့် အနည်းအများတို့ ပြောင်းလဲမှုနှင့် သွေးစသွေးန ပါခဲ့လျှင်။
• အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်းနှင့် Wheezing တို့ ဆိုးရွားလာခဲ့လျှင်။
• ညအခါ၌ အသက်ရှူမဝဘဲ ထ၍ ထိုင်ရသောအဖြစ်မျိုး တစ်ကြိမ်ထက်ပိုခဲ့လျှင်။
• တစ်နေ့တစ်ရက်ထက်ပို၍ ပင်ပန်းနွမ်းနယ်မှုဖြစ်နေခဲ့လျှင်။
• ညအိပ်စဉ် ခြေထောက်ကို မြှင့်၍အိပ်သော်လည်း ခြေဖမိုးနှင့် ခြေမျက်စိများ အရောင်မကျဘဲ ရှိနေလျှင်။
• အိပ်ရာထက်၌ အိပ်ခြင်းမဟုတ်ဘဲ သက်သာကုလားထိုင်၌ ထိုင်စဉ်အသက်ရှူ၍ ကောင်းစေရန်အတွက် မှီခေါင်းအုံးနှင့် ခုံများကို ခုသင့်သည်ထက် ခုထားမှနေသာလျှင်။
• မနက်ထသည့် အချိန်များ၌ ခေါင်းကိုက်ခြင်း၊ မအီမသာ ရှုပ်ထွေးခြင်းနှင့် မူးဝေမှုများ ရှိခဲ့လျှင်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။