Print

သွေးချိုရောဂါနှင့် သွေးတိုးရောဂါ

  01-Mar-2017
Preview Image

 

သွေးချိုရောဂါနှင့် သွေးတိုးရောဂါနှစ်မျိုးသည် အတူယှဉ်တွဲ ဖြစ်လေ့ရှိသည်။ သွေးချိုရောဂါရှိသူတွင် သွေးတိုးရောဂါရှိရန်ရာခိုင်နှူန်းမှာ ပုံမှန်ထက် ၂ဆ၊ ၃ဆ ပိုများသကဲ့သို့သွေးတိုးရောဂါရှိသူတွင်လည်း သွေးချိုရောဂါဖြစ်ရန် ပိုအခွင့်အလမ်းများပါသည်။ထို့ကြောင့် သွေးချိုရောဂါရှိသူသည် သွေးတိုးရှိ၊မရှိ ပုံမှန်တိုင်းထွာသင့်သလို သွေးတိုးလူနာသည်လည်း သွေးချိုရှိ၊ မရှိ အခါအားလျော်စွာ စစ်ဆေးသင့်ပါသည်။ ယင်းရောဂါ နှစ်မျိုးစလုံးသည် နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်းတို့ကိုဖြစ်စေသော အဓိကရောဂါများတွင် ပါဝင်ရာ လူနာတစ်ဦးတွင် ယင်းနှစ်ခုလုံး ရှိနေပါက
နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်းဖြစ်ရန် အလားအလာမှာ အလွန်အမင်း ပိုများလာပါသည်။ ထို့ကြောင့် သွေးချိုရောဂါ၊ သွေးတိုးပါ ရောဂါနှစ်မျိုးစလုံး ထိရောက်စွာ ကုသရန် လိုအပ်ပါသည်။

 

သွေးချိုတွင်ဖြစ်သော သွေးတိုးရောဂါကို ကုသရာတွင် သာမန်သွေးတိုးရောဂါနှင့် မတူဘဲ သွေးတိုးရောဂါကို ပိုမိုချရန် ညွှန်းထားပါသည်။ သွေးချိုရောဂါမရှိသော သာမန် သွေးတိုးလူနာတွင် သွေးဖိအားကို 140 / 90 မီလီမီတာ မာကျူရီ အောက်သို့ရောက်ရုံဖြင့် လုံလောက်သည်ဟု ယူဆသော်လည်း သွေးချိုရောဂါ လူနာများတွင်သွေးဖိအားကို ၁၃၀ / ၈၅ အောက်သို့ ရောက်အောင် ချရမည်ဖြစ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခနေဝင်း (ဆေးပညာ)
သွေးချိုရောဂါအကြောင်းသိသင့်သမျှ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18