အူမကြီး အစာဟောင်းအိမ်ကင်ဆာ
01-Mar-2017
အူမကြီး အစာဟောင်းအိမ်ကင်ဆာသည် အသားပိုအလုံးများမှတစ်ဆင့် ဖြစ်ပေါ်လာတတ်ပါသည်။ ယင်းအသားပိုအလုံးများသည် တဖြည်းဖြည်း ကြီးထွားလာပြီး ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ သို့သော် အသားပိုအလုံးတိုင်းသည်လည်း ကင်ဆာမဟုတ်နိုင်ပါ။ ကင်ဆာအဖြစ် ပြောင်းလဲဖြစ်ပေါ်မှုများမှာ -
- ကင်ဆာသည် ကြီးမားလာနိုင်ပါတယ်။
- ကင်ဆာသည် ကြီးထွားသည်နှင့် အခြားနေရာများသို့ ပျံ့နှံ့နိုင်ပါတယ်။
- အဆင့် ၁ နှင့် ၂ သည် အူမကြီးနှင့် အစာဟောင်းတွင်း၌ပင် ရှိပါတယ်။
- အဆင့် ၃ သည် ပြန်ရည်ကျိတ်များသို့ရောက်သည်။
- အဆင့် ၄ သည် အသည်း၊ အဆုတ်၊ အရိုးနှင့် ဦးနှောက်သို့ ပျံ့နှံ့ပါတယ်။
အန္တရာယ်ရှိသော ရောဂါလက္ခဏာများ
- ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ (သွေးအားနည်း၍)၊
- ဝမ်းဗိုက်နာခြင်း၊
- ဝမ်းဗိုက်တွင်း အလုံးဖြစ်ပေါ်ခြင်း၊
- ဝမ်းသွားသည့်အလေ့အကျင့် ပြောင်းလဲခြင်း၊
- မစင်တုံးအရွယ်အစား သေးသွားခြင်း၊
- သွေးနှင့်အချွဲများ ပါလာခြင်း၊
- ဝမ်းသွားရာတွင် မကုန်ဟုခံစားရခြင်း။
စသည့်လက္ခဏာများ ဖြစ်လာပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသကာ လိုအပ်သည့်
စစ်ဆေးမှုများ ပြုလုပ်ပြီး ကုသမှုခံယူသင်ပါတယ်။
ရောဂါရှာဖွေစမ်းသပ်ခြင်း
ယောကျ်ား၊ မိန်းမ အသက် (၅၀) နှစ်တွင် အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးမှုများကိုပြုလုပ်ဆောင်ရွက်သင့်ပါတယ်။
အဖုအကျိတ်နှင့် ကင်ဆာများကို ရှာဖွေရန်
- Flexible Sigmoidoscopy - ၅ နှစ်တွင် တစ်ကြိမ်
- အူမကြီးနှင့်မှန်ပြောင်းကြည့်ခြင်း (Colonoscopy) - ၁၀ နှစ်တစ်ကြိမ်
- ဘေရီယမ်ဆေးရည်ဖြင့်ဝမ်းချုကာ ဓာတ်မှန်ရိုက်ခြင်း - ၅ နှစ်တစ်ကြိမ်
(Double contrast barium enema)
- အူမကြီးကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း - ၅ နှစ်တစ်ကြိမ်
(CT Colonography)
မူလပထမ ကင်ဆာဖြစ်ပွားမှုရှာဖွေရန် (Test that primarily Final cancer)
- မစင်တွင်းတွင် သွေးခဲအစအန ရှာဖွေခြင်း - နှစ်စဉ်
(Faecal occult blood test (FOBT)
- Faecal immunochemal test (FIT) - နှစ်စဉ်
အူမကြီးမှန်ပြောင်းကြည့်ခြင်း
- ကွေးညွှတ်နေသောပြွန်ကို ကင်ဆာနှင့်ဆက်သွယ်ပြီး စအိုမှသွင်းပါတယ်။
- ထိုမှတစ်ဆင့် အသားစယူခြင်း၊ အသားပိုနှင့် အလုံးအကျိတ်ဖယ်ရှားခြင်းပြုလုပ်ပါတယ်။
- ဓာတ်ရောင်ခြည်ပေးရန် မလိုပါ။
- စိတ်ငြိမ်ဆေးပေးပြီး ပြုလုပ်ခြင်းဖြစ်၍ ဆေးရုံတက်ရန် မလိုပါ။
- အချိန်ပိုင်းအတွင်း ကုသမှုပေးနိုင်ပါတယ်။
- ကုသချိန် ၁၀ - ၁၅ မိနစ်ခန့်သာ ကြာမြင့်ပါတယ်။ အသားပိုဖယ်ရှား၍ အသားစနမူနာ ရယူခြင်းသည် ကင်ဆာ ဟုတ်မဟုတ်ကို အတည်ပြုပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ကုသနည်းများ
- ခွဲစိတ်ကုသခြင်း
- ဓာတုဆေးဝါးသွင်း ကုသခြင်း
- ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမီမီကို (မိသားစုဆရာဝန်)
Ziwaka magazine, January 2015, Pg. 70