Print

နှလုံးမှ ထွက်သော သွေးကြောမကြီးကွဲခြင်း (Aortic dissection)

  01-Mar-2017
Preview Image

 

နှလုံးမှထွက်သော သွေးကြောမကြီးကွဲထွက်ခြင်း သည် အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေ တစ်ခုဖြစ်သည်။ ထိုသို့ကွဲထွက်သွားလျှင် နှလုံးထဲနှင့် အဆုတ်ထဲသို့ သွေးများစီးဝင်သွားမည်ဖြစ်သည်။ ထိုအခြေအနေမျိုးကြုံလာလျှင် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက် ပြသရမည်ဖြစ်သည်။ 

 

ရောဂါလက္ခဏာများ 
နှလုံးမှထွက်သော သွေးကြောမကြီးကွဲခြင်း၏ ရောဂါလက္ခဏာများသည် အခြားနှလုံးကြောင့် ဖြစ်သော ရောဂါလက္ခဏာများ နှင့် ခွဲခြားရခက်ခဲသည်။ အဖြစ်အများဆုံးရောဂါ လက္ခဏာမှာ ကြောနှင့်ရင်နှင့် ညှပ်အောင့်ခြင်းဖြစ်သည်။ ရင်ဘတ်ထဲတွင် တစ်ခုခု စုတ်ပြဲသွားသလို ခံစားရသည်။ အခြားနှလုံးရောဂါများနှင့် မတူသည်မှာ ရုတ်တရက်ချက်ခြင်း နာကျဉ်လာခြင်း ဖြစ်သည်။

 

ထို့ပြင် အခြားတွေ့ရသော ရောဂါလက္ခဏာများမှာ -

- အသက်ရှူ ရခက်ခြင်း
- ရုတ်တရက်မူးမေ့လဲကျသွားခြင်း
- အလိုလိုချွေးပြိုက်ပြိုက်ထွက်လာခြင်း
- ကိုယ်တစ်ခြမ်း သေသွားခြင်း
- စကားပြောရခက်ခဲလာခြင်း
- လက်တစ်ဖက်နှင့်တစ်ဖက် သွေးခုန်နှုန်းမတူညီခြင်း
- ခေါင်းမူးခြင်း၊ သို့မဟုတ် သတိမေ့သွားခြင်း

 

ဖြစ်နိုင်ချေရှိသူများ
အသက် ၄၀ နှင့် ၇၀ ကြားတွင် အဖြစ်များသည်။ အမျိုးသားဆိုလျှင် ပိုမို ဖြစ်နိုင်ချေများသည်။

- သွေးတိုးရှိသူများ
- ဆေးလိပ်သောက်သူများ
- နှလုံးသွေးတွင်းအဆီများသူများ
- နှလုံးနားတွင် ခွဲစိတ်မှုပြုလုပ်ထားသူများ
- မော်တော်ယာဉ် မတော်တဆတွင် ရင်ခေါင်း ထိခိုက်မှုရှိသူများ
- နှလုံးသွေးကြောမ ကျဉ်းသူများ
- နှလုံး အဆို့ရှင် မကောင်းသူများ
- ကိုကင်းသုံးစွဲသူများ 
- ကိုယ်ဝန်ဆောင်များ

 

အမျိုးအစားများ
Type A - သွေးကြောမကြီး၏ အတက်နေရာတွင် ဖြစ်လျှင် Type A ဟု သတ်မှတ်သည်။

Type B - သွေးကြောမကြီး၏ အဆင်းနေရာတွင် ဖြစ်လျှင် Type B ဟုသတ်မှတ်သည်။ 

 

စမ်းသပ်စစ်ဆေးမှုများ 
သွေးပေါင်ချိန်တိုင်းကြည့်လျှင် လက်တစ်ဖက်နှင့် တစ်ဖက်မတူညီသည်ကို တွေ့ရမည်။ နှလုံးလေသင်တုန်း ရိုက်ခြင်းနှင့် ခွဲခြားရန် အီးစီဂျီ ဆွဲရမည်။ အခြားလိုအပ်သော စစ်ဆေးမှုများ

- ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
- ကွန်ပြူတာ ဓါတ်မှန်ရိုက်ခြင်း
- သံလိုက်ဓါတ်မှန်ရိုက်ခြင်း
- နှလုံးဓါတ်မှန် ရိုက်ခြင်း

 

ဆေးကုသမှုခံယူခြင်း
Type B အမျိုးအစားကို ဆေးဝါးများဖြင့် ကုသနိုင်သည်။ Type A အမျိုးအစားဖြစ်လျှင် ခွဲစိတ်ကုသရန် လိုအပ်ပါသည်။

 

သောက်သုံးရန် ဆေးဝါးများ
နာကျင်ခြင်းကို သက်သာရန် မော်ဖင်း ကို အသုံးပြကြသည်။ သွေးကျဆေးသောက်ရမည်။ နှလုံးနှင့် ပါတ်သတ်သည့် ဆေးဝါးတစ်မျိုးမျိုးသောက်ရမည်။

 

ခွဲစိတ်ကုသခြင်း
ပြဲသွားသော သွေးကြောမကြီး နေရာကို ဖယ်ထုတ်ပြီး အပြင်မှ လုပ်ထားသော တစ်ရှူးဖြင့် အစားထိုးရမည်။ နှလုံးအဆို့ရှင် ပျက်စီးနေလျှင်လည်း အဆို့ရှင်လဲပေးရမည်။သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ပြီ ဖြစ်သော်လည်း Type B အမျိုးအစားမှ ဆက်လက်ပြင်းထန်လာလျှင် ခွဲစိတ်ကုသရမည်ဖြစ်ပါသည်။

 

စောင့်ကြပ်ကြည့်ရှုခြင်း
Type A အမျိုးအစား ဖြစ်လျှင် အသက်ရှင်နိုင်ရန် သွေးကြောမကြီး မပေါက်ခင် အရေးပေါ်ခွဲစိတ်ကုသခြင်း ပြုလုပ်ရမည်။ သွေးကြောမကြီးပေါက်သွားလျှင် အသက်ရှင်နိုင်ရန် ၅၀ ရာခိုင်နှုန်းသာရှိသည်။ ထို့ကြောင့် စောစောသိနိုင်ရန်လိုအပ်သည်။ ထို့ကြောင့် ရေရှည်တွင် 
စောင့်ကြပ်ကြည့်ရှုရန်လိုအပ်သည်။အထက်မှ ဖော်ပြထားသည့် အတိုင်း သွေးကြောမကြီးကွဲထွက်မည့် ဖြစ်နိုင်ချေရှိသူဖြစ်လျှင် သွေးကြောမ၏ အကျယ်ကို နှစ်စဉ် တိုင်းတာရန်လိုအပ်ပါသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Reference - Healthline
Translator - Dr. Victoria

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18