နှလုံးရောဂါမဖြစ်ရန် ချောကလက်စားကြပါ
01-Mar-2017
အမည်းရင့်ရောင် ချောကလက်သည် ဆိုးရွားသော နှလုံးရောဂါအန္တရာယ် နည်းပါးစေရန် ကူညီမှုပေးနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ တစ်နေ့လျှင် လေးထောင့် အရွယ် ချောကလက်အနည်းငယ် စားသုံးခြင်းဖြင့် သွေးလွှတ်ကြောကျဉ်းခြင်း မဖြစ်စေဘဲ ဆေးလိပ်သောက်၍ သွေးလွှတ်ကြော မာကျွတ်ခြင်းကိုလည်း သက်သာစေသည်။ ကိုကာ ၇၄ ရာခိုင်နှုန်းပါဝင်သော အမည်းရင့်ရောင် ချောကလက် ၄၀ ဂရမ်သည် ဆေးလိပ် စီးကရက်သောက်သူ အမျိုးသား ၂၀ ဦးတွင် နှလုံးသွေးစီးဆင်း မှုကို ကောင်းမွန်ချောမွတ်စေကြောင်း လေ့လာတွေ့ရှိရသည်။
အဖြူရောင် ချောကလက်ကြောင့် ထိုအကျိုးရှိမှုများ မရရှိပါ။ သုတေသီများက အမည်းရင့်ရောင် ချောကလက်တွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိမြင့်မားမှုသည် အဓိကသော့ချက်ဖြစ်ကြောင်း ၀ိုင်အနီ၊ လက်ဖက်ရည်ကြမ်းနှင့် ဘယ်ရီသီးများ ကဲ့သို့ အစားအသောက်များတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိများ ပိုမိုပါဝင်ကြောင်း သိရသည်။ သို့သော် ချောကလက် အမျိုးအစား အများအပြားသည် ကယ်လိုရီအများအပြား ပါရှိကြောင်း ၁၀၀ ဂရမ်တွင် ၅၀၀ ကယ်လိုရီပါရှိကြောင်း ပျှမ်းမျှအဆီဓာတ် ၃၀ ရာခိုင်နှုန်းပါရှိကြောင်း သတိပြုရမည် ဖြစ်သည်။
သုတေသန အသစ်တစ်ခု အမေရိကန်နှလုံးအဖွဲ့အစည်း(AHA) အဖွဲ့က ထုတ်ပြန်ရာ နေ့စဉ် ချောကလက် အခဲအတုံးလေးများ စားပေးခြင်းဖြင့် သွေးဖိအား ကျဆင်းစေပြီး အင်ဆူလင် ခုခံအား ကောင်းမွန်စေသည်ဟု သိရသည်။ ရှေးရှေးကတွေ့ရှိချက်များအရ အနံ့အရသာ လွန်ကဲသည့် အစားအစာများ၊ လက်ဖက်ရည်၊ ၀ိုင်အနီနှင့် ချောကလက်များသည် နှလုံးရောဂါအတွက် အကျိုးရှိသည်။အမှန်မှာချောကလက် အမည်းရင့်ရောင်သည် သွေးတိုးရောဂါရှင်များအတွက်သွေးဖိအားကျဆင်းစေကြောင်း အမေရိကန် နှလုံးဆိုင်ရာအသင်း၏ ဂျာနယ်မှ ထုတ်ပြန်ထားသည်။ အနံ့အရသာသည် သဘာဝ ဓာတ်တိုး ဟန့်တားပစ္စည်းများအဖြစ် အစားအစားများနှင့် အပင်များတွင် တွေ့ရှိရသည်။
ချောကလက် မည်မျှစားရမည်ဟု တွေ့ရှိချက်တွင်မဖော်ပြထားသော်လည်း ချောကလက် အမည်းရင့်ရောင်အချို့သည် သွေးကြောများ လှုပ်ရှားမှုနဲ့ ဂလူးကို့စ် ခံစားမှုများ အတွက် ကောင်းမွန်ကြောင်း သိထားသည်။ သုတေသနတွင် သွေးတိုးရောဂါ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦး ပါရှိပြီး အီတလီနိုင်ငံရှိ တက္ကသိုလ်၌ ပြုလုပ် ခဲ့ရာ သွေးဖိအားအခြေအနေကို ထိန်းထားနိုင်ကြောင်း ညွှန်ပြခဲ့သည်။ သတိပြုရမည်မှာ ၄င်းတို့အသုံးပြုခဲ့သော ချောကလက် အမည်းရင့်ရောင်များတွင် အနံ့အရသာ အလွန်အမင်း ပါဝင်ကြောင်းနှင့် အမေရိကန်လူမျိုး အများအပြားစား ကြသော နို့ချောကလက်များမှာ ဤဒြပ်ပေါင်းပါဝင်မှု နည်းပါးကြောင်း ပြောကြားသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးအောင်ဆွေ (ဆေး/ သု)