Print

မျက်စိကြောင် အိပ်မပျော်နိုင်ခြင်း

  09-Apr-2017
Preview Image

မျက်စိကြောင်အိပ်မပျော်နိုင်ခြင်း (Insomnia) ဆိုင်ရာ သတိပေးလက္ခဏာများ

• အိပ်ပျော်ဖို့ခက်ခဲခြင်း


• တောက်ရှောက်အိပ်ပျော်ဖို့ရာ ခက်ခဲခြင်း


• အိပ်ချိန်ရဲ့ အဆုံးပိုင်းှာ အစောကြီးနိုးနေခြင်း


• တစ်ရေးနိုးပြီးနောက် ပြန်အိပ်ဖို့ရာ ခက်ခဲခြင်း


• အိပ်ရာဝင်ချိန်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ လှဲလျောင်းရင်း အိပ်ပျော်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပူပင်သောကရောက်မှု၊ စိတ်ဆိုးမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု၊ စိုးရိမ်ပူပန်မှု ဒါမှမဟုတ် ဒေါသဖြစ်မှုတွေကို ခံစားနေရခြင်း


• အိပ်ပျော်ဖို့ကြိုးစားနေချိန်မှာ ဒါမှမဟုတ် ညဘက်တဟ်ရေးနိုးလာတဲ့ အချိန်မှာ အတွေးတွေ တစ်သီတစ်တန်းကြီး ဝင်လာခြင်း


• နေ့ခင်းဘက်မှာ စိတ်ရောကိုယ်ပါ မောပန်းနွမ်းနယ်မှုကို ခံစားရခြင်း


• အနည်းဆုံးတစ်လအတွင်း တစ်ပတ်မှာ ၃ ရက်နဲ့အထက် ကောင်းကောင်း အိပ်မပျော်ခြင်း


• ကောင်းကောင်းအိပ်မပျော်ခြင်းကြောင့် မိမိအတွက် ထူးထူးခြားခြား တစ်ဦးချင်းဆိုင်ရာ စိတ်သောကရောက်မှုဖြစ်စေခြင်း ဒါမှမဟုတ် မိမိရဲ့ အလုပ်လုပ်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေခြင်း


• အိပ်ရေးမဝခြင်း (သင့်တင့်တဲ့အိပ်ချိန်ရပေမယ့် နိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းမဖြစ်ခြင်း)


• အိပ်ရေးပျက်တာနှင့်ပတ်သက်လို့ (အချိန်အများပိုင်းမှာ) ရော အိပ်ရေးပျက်လို့ ရလာတဲ့အကျိုးဆက်တွေနှင့် ပတ်သက်လို့ရော မိမိက အဓိကဖြစ်နေခြင်း


• အိပ်ချိန်ကို အလွန်အကျွံပိုပေးနေရခြင်းနှင့် မကြာခဏနိုးနေလို့ အိပ်ရေးပျက်နေရခြင်း


• ညနေခင်းတိုင်းမှာ စောစောစီးစီး အိပ်ပျော် (ည ၉ နာရီမထိုးမီ) သွားပြီးအစောကြီး နိုးလာကာ ပြန်အိပ်မရတော့ခြင်း


အထက်ဖော်ပြပါ လက္ခဏာအချို့နဲ့ ကိုက်ညီမှုရှိနေခြင်း ကောင်းကောင်း အိပ်မပျော်ခြင်းကြောင့် မိမိရဲ့ဘဝကို ထိခိုက်မှုရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါပြီ။ 


Credit : အောင်အေး (ရန်ကုန်တက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18