အူမကြီးကင်ဆာ
23-Apr-2017အူမကြီးကင်ဆာ၏ရောဂါလက္ခဏာများ
- ဝမ်းသွားသည့် ပုံစံပြောင်းလာခြင်း (ဝမ်းလျှောလိုက်၊ ဝမ်းချုပ်လိုက်ဖြစ်နေသည်မှာ တစ်လကျော်ခန် ့ကြာနေတတ်ခြင်း)
- ဝမ်းသွားသည့်အခါသွေးပါခြင်း
- ဗိုက်အောင့်၊ဗိုက်နာဖြစ်ခြင်း၊လေထခြင်း
- ဝမ်းသွားပြီးသည့်အခါ ဝမ်းကျန်သလိုခံစားရခြင်း၊မဝသလိုခံစားရခြင်း
- နုံးချိခြင်း
- အကြောင်းရင်း သေချာစွာရှာမရဘဲ သိသိသာသာပိန်သွားခြင်း
အူမကြီးကင်ဆာသည် ရောဂါနုစဉ်တွင် မည်သည့်ရောဂါလက္ခဏာမှ မပြဘဲ ရှိနေတတ်သည်။ ရောဂါလက္ခဏာများသည် အူမကြီးတွင်
ကင်ဆာဖြစ်ပွားနေသည့် နေရာပေါ်မူတည်၍ ကွာခြားနိုင်ပါတယ်။အူမကြီးကင်ဆာသည်မျိုးရိုးလိုက်တတ်သောရောဂါဖြစ်သည်။မျိုးရိုးရှိသူများသည် အသက် ၄၀-၅၀ အရွယ်မတိုင်ခင်ကပင် ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။
အူမကြီးကင်ဆာသည် အဆီစားများလွန်းခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာများကို အစားနည်းခြင်း တို ့နှင့်လည်း ဆက်စပ်နေပါတယ်
လေ့လာသူများကတော့ ထိုသို ့စားခြင်းသည် အူမကြီးနံရံရှိ အကျိုးပြုဘက်တီးရီးယားများပေါ်တွင် သက်ရောက်မှုရှိပြီး ကင်ဆာဖြစ်နိုင်ချေကို
အားပေးတယ်ဟု ယူဆကြပါတယ်။
အူမကြီးကင်ဆာဖြစ်ပွားမှုကို အားပေးသောအကြာင်းရင်းများ
- အသက်၅ဝကျော်သူများ (အသက်ငယ်သူများတွင် ဖြစ်ပွားနိုင်သော်လည်း အနည်းကျဉ်းမျှသာဖြစ်သည်)
- အာဖရိကန် နှင့် အမေရိကန် လူမျိုးများသည် အခြားလူမျိုးများထက် ပို၍ဖြစ်ကြသည်။
- အူမကြီးကင်ဆာဖြစ်ဖူးထားသူများ၊ အူမကြီးတွင် ကင်ဆာမဟုတ်သော အကျိိိတ်များဖြစ်ဖူးထားသူများသည် နောင်တစ်ချိန်တွင် အူမကြီးကင်ဆာဖြစ်ဖို ့၊ထပ်ဖြစ်နိုင်ဖို ့အခွင့်အလမ်း အတော်များပါတယ်။
- အူမကြီးကင်ဆာဖြစ်သည့် မျိုးရိုးရှိသူများ
- အူလမ်းကြောင်း ရောင်ရမ်းသောရောဂါရှိသူများ
- အဆီစားသုံးမှုများသူများ၊ အမျှင်ဓာတ်ပါသောအစားအစာ စားသုံးမှုနည်းသူများ
- လှုပ်ရှားမှုနည်းသောနေထိုင်မှုပုံစံဖြစ်ခြင်း
- အဝလွန်ခြင်း
- ဆီးချိုရောဂါရှိသူများ
- ဆေးလိပ်၊အရက်သောက်သုံးသူများ
- အခြားကင်ဆာများအတွက် ဓာတ်ကင်၍ ကုနေရသူများသည် အူမကြီးကင်ဆာဖြစ်ပွားမှုကို အားပေးသည့်အချက်များဖြစ်ပါတယ်။
Dr.Moon (7887 Healthcare Call Center)
Ref: Mayo clinic