ပူညံပူညံလုပ်သည့် ဇနီးများကြောင့် ခင်ပွန်းအသက်ရှည်နိုင်
22-Oct-2020
ပူညံပူညံလုပ်သည့် ဇနီးများကြောင့် ခင်ပွန်းအသက်ရှည်နိုင်
“ မိန်းမက
ပူညံပူညံလုပ်လွန်းလို့ ငါတော့ စိတ်ညစ်ပြီး သေတော့မယ် ” လို့ပြောတဲ့ အမျိုးသားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီလို အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးသာယာတဲ့ အမျိုးသားတွေထက် ပိုပြီးကျန်းမာလေ့ရှိတယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။
နားပူနားဆာလုပ်တဲ့ ဇနီးရထားတဲ့ အမျိုးသားဟာ ဆီးချိုရောဂါဖြစ်နို်င်ခြေ ပိုနည်းပြီး ဆီးချို ရောဂါဖြစ်လာပြီဟေ့ဆိုရင်လည်း အဲဒါကို သူများတွေထက် ပိုထိန်းနိုင်ပါသတဲ့။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ ဇနီးက တစ်ချိန်လုံး ပူညံပူညံလုပ်နေတော့ ခင်ပွန်းဖြစ်သူက ကျန်းမာရေး အပြုအမူကို မထိန်းချင်လည်း ထိန်းလိုက်ရလို့ ဖြစ်မယ်လို့ မီချီဂန်ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါသည်။
တစ်ချိန်လုံး တဗျစ်တောက်တောက်ပြော ပူညံပူညံလုပ်သည့် ဇနီးများကြောင့် ခင်ပွန်း အသက်ရှည်နိုင်သည်ဟု ဆိုနေတတ်တဲ့ ဇနီးသည်ကြောင့် ခင်ပွန်းဟာ ကျန်းမာရေး ကောင်းကျိုး ခံစားရပေမယ့် အဲဒါကြောင့်လည်း စိတ်ညစ်ညူးတာ၊ မကျေမနပ်ဖြစ်တာတွေလည်း ဖြစ်သွားနိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသားဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိပေမယ့် အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသမီးကတော့ ကျန်းမာရေး ဆိုးကျိုးတွေကိုပဲ ခံစားရနိုင်တယ်လို့ တွဲဖက်ပါမောက္ခက ဆိုပါတယ်။ သာယာသော အိမ်ထောင်ရေးကို ရထားတဲ့ အမျိုးသမီးဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းပါသတဲ့။
Credit : ( DM, 30.5.16 ) ချယ်ရီ
July 2016, No. 288 – AROGYAM
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
