လိင်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်မှုများ
16-Jul-2018သက်ငယ်မုဒိမ်းမှု၊
အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာ အဓ္ဓမကျင့်မှု၊ ထိကပါးရိကပါးပြုမှု၊ လူကုန်ကူးမှု
စတာတွေဟာ ပတ်ဝန်းကျင်တွင် ကြားနေရသော ပြဿနာများဖြစ်ပါတယ်။
- အားနည်းသူ
အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လုံခြုံမှုကဘယ်မှာလဲ?
- အနိုင်ကျင့်ခံရတဲ့
သူတို့တွေမှာရော ဘယ်လောက်တောင်မှ စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ
ထိခိုက်သွားနိုင်ပါသလဲ?
- အဲဒီလိုတွေ
မဖြစ်ရအောင် ဘာတွေလုပ်ကြမှာလဲ?
လိင်ပိုင်းဆိုင်ရာ
ညှင်းပမ်းနှိပ်စက်မှုများတွင်
- သဘောတူညီမှု
မပေးနိုင်သည့် သူများထံမှ မည်သည့်နည်းလမ်းဖြင့်မဆို ကာမရယူခြင်း ( သဘောတူညီမှု မပေးနိုင်သည့်
သူဆိုသည်မှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ သူများနည်းတူမလှုပ်ရှားနိုင်ဘဲ ကိုယ်လက်အင်္ဂါ
အစိတ်အပိုင်းချို့တဲ့နေသူများ၊ သတိမေ့ သို့မဟုတ် အသိစိတ်ပျောက်နေသူများ အားလုံးအကျုံးဝင်ပါတယ်)
- မုဒိမ်းကျင့်ခြင်း
- မုဒိမ်းကျင့်ရန်
ကြံစည်အားထုတ်ခြင်း
- ခြိမ်းခြောက်၍
ကာမရယူခြင်း(ခြိမ်းခြောက်ခြင်းဟုဆိုရာတွင် ကိုယ်ထိလက်ရောက်သာမက မျက်နှာအမူအရာဖြင့်
သော်လည်းကောင်း၊ စကားဖြင့်သော်လည်းကောင်း ခြိမ်းခြောက်ခြင်းများလည်း ပါဝင်ပါတယ်)
- သက်ငယ်မုဒိမ်းမှု၊
ကြံစည်အားထုတ်မှု
- မိသားစုဝင်အချင်းချင်းထဲမှသော်လည်းကောင်း၊
ဆွေမျိုးတော်သူတစ်ဦးတစ်ယောက်၏ မုဒိမ်းပြုခံရမှု
- သဘောတူညီမှုမပါဘဲ
အရှက်နေရာများကို ထိတွေ့ကိုင်တွယ်ခံရခြင်းများ အားလုံးအကျုံးဝင်ပါတယ်
ထိုကဲ့သို့လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခံရသောသူများတွင် ကျန်းမာရေးဆိုးကျိုးများအနေဖြင့် -
- မကြာခဏခေါင်းကိုက်သည့်ဝေဒနာခံစားရခြင်း
- နှိပ်စက်ခံထားရသည့်နေရာမှာ
နှစ်ပေါင်းများစွာကြာသည့်တိုင်နာကျင်နေခြင်း
- အိပ်၍ မပျော်ခြင်း
- ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးထိခိုက်ခြင်း
- အချိန်တိုင်းစိုးရိမ်ပူပန်နေရခြင်း၊
အရာရာကိုကြောက်လန့်နေခြင်း
- မူးယစ်ဆေး၊
အရက်စွဲသွားနိုင်ခြင်း
- စိတ်ဓာတ်ကျခြင်း
- လိင်မှတစ်ဆင့်ကူးစက်သော
ရောဂါများဖြစ်ပွားခြင်း
- ကိုယ်ဝန်ရသွားနိုင်ခြင်း
- မိမိကိုယ်ကို
ထိခိုက်အောင်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်ခြင်း
ဒါတွေမဖြစ်ရအောင်
-
- တစ်ယောက်တည်းသွားလာခြင်းကို
ရှောင်ကြဉ်ပါ။ (မိဘများအနေဖြင့် သားသမီးများကို တစ်ယောက်တည်းစေလွှတ် ခိုင်းစေခြင်းများကို
ရှောင်ကြဉ်ပါ)
- မိမိဖုန်းထဲတွင်
အရေးပေါ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များ၊ Text message စာသားများ (အရေးပေါ်
မက်ဆေ့စ်ပို့ပြီးအကူအညီ တောင်းခံလို့ရသည့် စာသားများကို ထည့်ထားပါ)
- သူငယ်ချင်းများ၊
မိသားစုများမှ မိမိကိုရှာနိုင်သည့် Application ကိုုဖုန်းထဲတွင်ထည့်ထားပါ။
- မသိတဲ့သူတစ်ယောက်မှကျွေးသော
အစားအသောက်များကို အလွယ်တကူ မစားပါနှင့်။
- သင်စိတ်ကို
သင်ယုံကြည်ပါ(ဆိုလိုသည်မှာ မိမိစိတ်ထဲတွင် အဆင်မပြေဖြစ်နေသောပတ်ဝန်းကျင်၊ အခြေအနေတွင်
ဆက်မနေပါနှင့်။ ထိုနေရာမှာထွက်လာလိုက်ပါ။ ဥပမာ ဘတ်စ်ကားပေါ်တွင် ဆိုရင်လည်းကားပေါ်မှ
ဆင်းလာလိုက်ပါ။ အကယ်၍ ဘာမှလုပ်လို့မရသည့် အခြေအနေဖြစ်ပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရန်မရှက်ပါနှင့်)
- မိမိသွားလာနေသည့်
ပတ်ဝန်းကျင်ကို အမြဲအကဲခတ်ပါ။
- မိမိကိုယ်ကို
ခုခံကာကွယ်နိုင်သည့် ပစ္စည်းတစ်ခုခုကို အမြဲဆောင်ထားပါ။
အမျိုးသမီးများနှင့်
ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်မှုများလျော့နည်းသွားစေရန် ရည်ရွယ်ပါသည်။
Dr.Moon
(7887 Healthcare Call Center)
Ref;
Medline Plus