ဆယ်ကျော်သက်များအတွက် မျိုးဆက်ပွားကျန်းမာရေး
29-Oct-2016
မှားယွင်းစွာယုံကြည်တတ်သောသားဆက်ခြားနည်းလမ်းများ
သွေးပေါ်စဉ်လိင်ဆက်ဆံခြင်း
ပထမဆုံးပြောချင်တာကတော့ သွေးပေါ်နေစဉ် လိင်ဆက်ဆံပါကကိုယ်ဝန်မရနို်င်ဘူးဆိုတာ အားလုံးသိကြပါတယ်။ဒါပေမယ့်အဲဒီသွေးပေါ်တာကရာသီသွေးပေါ်တယ်ဆိုတာ သေချာဖို့ ့လိုအပ်ပါတယ်။ဘာလို ့လည်းဆိုတော့ တစ်ချို ့အမျိုးသမီးတွေမှာမမျိုးဥကြွေတဲ့ အချိန်မှာသွေးဆင်းတတ်လိုပါပဲ။အဲဒီမမျိုးဥကြွေတဲ့အချိန်ကကလေးအရနိုင်ဆုံးအချိန်ပေ့ါ။အမျိုးသမီးတယောက် ဘယ်အချိန် မမျိုးဥကြွေမလဲဆိုတာ အတိအကျခန် ့မှန်းရခက်လှတယ်။ နောက်တစ်ခုကတော့ အဲဒီသွေးဆင်းနေတဲ့အချိ်န်မှာ လိင်ဆက်ဆံယင် HIV ကူးစက်တတ်ပါတယ်။
လိင်ဆက်ဆံပြီးနောက်တွင် အပေါ့သွားခြင်း
တစ်ချို ့က ရှိတတ်တယ်။ လိင်ဆက်ဆံပြီးယင် အပေါ့သွားလိုက်ယင် ကိုယ်ဝန်မရနိုင်တော့ဘူး။ သုတ်ပိုးတွေ ပါသွားမယ်ပေါ့။ တကယ်တော့ လုံးဝ မသက်ဆိုင်ပါဘူး။ ဘာလို ့လည်းဆိုတော့ ဆီးသွားတဲ့ အပေါက်နဲ ့ မိန်းမကို်ယ်နဲကတခြားဆီပါဒါကြောင့်ဆီးသွားလိုက်လဲသုတ်ပိုးတွေကမပါသွားပါဘူး။
ရေဆေးခြင်း
တစ်ချို ့က လိင်ဆက်ဆံပြီးယင် ရေဆေးတတ်တယ်။ တကယ်တော့ ရေဆေးလိုက်ယင်သုတ်ပိုးတွေကိုဆေးချတာမရောက်တဲ့အပြင်အပေါ်ကိုတွန်းတင်သလိုတောင်ဖြစ်သွားတတ် ပါသေးတယ်။ တစ်ချို ့ကျတော့ ရေကိုနာနာဆေးတတ်တယ်။အဲလိုဆေးလေးမိန်းမကိုယ် အတွင်းသားတွေ ပွန်းလေလေရောဂါကူးစက်တတ်လေလေပါပဲ။ဒါကြောင့် အခုပြောသွား တဲ့ အချက်တွေ အားလုံးက ကိုယ်ဝန်ကို မကာကွယ်ပေးနိုင်ပါဘူးကွယ်။
Ref: Srh4youth November 14, 2013
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
