ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ
29-Oct-2016
ချင်းဖျော်ရည်သောက်ပါ
-------------------------
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့စိမ်ပြီး ပျို့အန်ချင်တိုင်း သောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံးဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
စမုန်စပါးစေ့ကို ဝါးစားပါ -
-------------------------
စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေအတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။
နှိပ်နယ်နည်း
--------------
သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။
နံနက်တိုင်း အချဉ်ရည်သောက်ပါ
-----------------------------------
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည်တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန်သက်သာသွား နိုင်ပါတယ်။
Ref: မြဝတီ Tuesday, June 23, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
