ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းနှင့် ဆက်စပ်နေသော အမျိုးသမီးများ...
29-Oct-2016
အစာမစားလိုသည့် ပြသနာကြုံတွေ့ရတဲ့မိခင်လောင်းများဟာ ကလေး ရနိုင်ချေနည်းတဲ့အပြင် မျိုးဆက်ပွားကျန်းမာရေးပြဿသနာတွေနဲ့လဲ ကြုံတွေ့ ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ aလ့လာမှုမှာ အစာမစားလိုတဲ့ အခြေအနေ(anorexia) ကိုကြုံတွေ့နေရတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အစားစားသုံးသူများထက် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတဲ့ အခြေအနေတွေကိုပိုပြီး ကြုံတွေ့ရနိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစာမစားတဲ့ရောဂါ (bulimia) ရောဂါရှင်တွေဟာလဲ ဒီလိုပြဿသနာတွေဖြစ်သွားနိုင်ခြင်းမှာ အကျုံးဝင်နေပါတယ်။ လေ့လာမှုခေါင်းဆောင် Helsinki University မှ သုတေသီ Dr Milla Linna က “စောစောစီးစွာ သိရှိခြင်း၊ ထိရောက်တဲ့ကုသမှုတွေဟာ ဒီအစာမစားချင်တဲ့ ပြဿသနာကို ကုသနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ကလေး အသေမွေးခြင်းတွေကို ကာကွယ်နိုင်ပါလိမ့်မယ်”လို့ ရှင်းပြထားပါတယ်။
ဒီလေ့လာမှုဟာ Helsinki University ရဲ့ သင်ကြားရေးဆေးရုံကြီးကို၁၉၉၅ခုနှစ်မှ၂၀၁ဝခုနှစ်အတွင်း ဆေးရုံတက် ရောက်ကုသခဲ့တဲ့ အစာမစားချင်တဲ့ ရောဂါရှင်အမျိုးသမီးတွေရဲ့ ကျန်းမာရေး မှတ်တမ်းတွေကို ဆန်းစစ်သုံးသပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမျိုးသမီး (၁၁၀၀၀)ကျော်ပါဝင်ခဲ့ပြီး အစာမစားလိုတဲ့ပြသနာနဲ့ ကြုံတွေ့ခဲ့ရသူ လူနာပေါင်း (၂၂၅၇)ဦး ပါဝင်ပါတယ်။ Dr Milla Linna က “အစာမစားခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတွေ ဆက်စပ်နေတယ်ဆိုတာကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို လေ့လာနေဆဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။
Ref: သက်နှင်း As in: ANI Health Updates Journal Wednesday, October 30, 2013
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
