ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရ- အဓိကသတင်းစကားများ
30-Oct-2016
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဘယ်လိုအစာပိုစားကြမလဲ သန္ဓေသားနှင့် နို့စို့ကလေး၏ ကြီးထွားမှုအတွက်
• ပရိုတင်းအာဟာရလုံလောက်စွာရရှိရန် အသား၊ ငါး၊ ပုဇွန်၊ အသည်း၊ ဥ၊ နို့နှင့် ပဲအမျိုးမျိုး တို့ကို ပိုစားသုံးသင့်ပါတယ်။
• လိုအပ်သည့် ဗီတာမင်အေ လုံလောက်စွာရရှိရန် ဗီတာမင်အေကြွယ်ဝသည့် အစာများကိုစားရမည်။
သန္ဓသား၏ သွေးနှင့် ကြွက်သားများ တည်ဆောက်ရန် လိုအပ်သည် သံဓာတ်ကို လုံလောက်စွာ ရရှိစေရန် သံဓာတ်ကြွယ်ဝသည့် အစာများကို စားရမည်။ သန္ဓေသားနှင့် နို့စို့ကလေး၏ အရိုးနှင့်သွားများ တည်ဆောက်ရာတွင် လိုအပ်သည့်ထုံးဓာတ်ကို လုံလောက်စွာရရှိစေရန် ထုံးဓာတ်ကြွယ်ဝသည့် အစာမျာကို စားရသည်။ သန္ဓေသားနှင့် နို့စို့ကလေး၏ ကြီးထွားရေးနှင့် ဦးနှောက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အိုင်အိုဒင်းဓာတ်ကို လုံလောက်စွာရရှိစေရန် အိုင်အိုဒင်းဆားကိုသာ စားသုံးရမည်။ သံဓာတ်၊ ထုံးဓာတ်နှင့် အိုင်အိုဒင်းဓာတ်အပြင် အခြားသောသတ္တုဓာတ်များ ကိုလည်းကောင်း၊ ဗီတာမင်အေအပြင် အခြားသော ဗီတာမင်များကိုလည်းကောင်း၊ လုံလောက်စွာရရှိနိုင်ရန် သား၊ ငါး၊ သီးနှံစုံလင်အောင် စားရမည်။ သံဓာတ်နှင့် ဖောလစ်အက်ဆစ်ဆေးပြားများ မှန်မှန်မှီဝဲရမည်။ ဗီတာမင်နှင့် သတ္တုဓာတ်များ စုံလင်စွာပါ၀င်သည့် အားဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်ကန်စွာ မှီဝဲနိုင်လျှင် အကျိုးရှိပါသည်။
Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)
၁၅.၁၀.၂၀၁၅
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

