ဆီးခုံရောင်ခြင်းရောဂါ (Pelvic Inflammatory Disease PID)
30-Oct-2016
ဆီးခုံရောင်ခြင်းရောဂါ (PID) ဆိုသည်မှာ အမျိုးသမီး၏ ဝမ်းဗိုက်အောက်ပိုင်းရှိ မျိုးဆက်ပွားအင်္ဂါများ၌ ပိုးဝင်ခြင်းကိုခေါ်သည်။ ဆီးခုံ ပိုးဝင်ခြင်းဟု ခေါ်လေ့ရှိသည်။ PID သည် အထူးသဖြင့် Gonorrhea (သို့) Chlamydia စသော STD များပျောက်ကင်းသွားခြင်း မရှိသောအခါ ဖြစ်ပေါ်တတ်သည်။ ကလေး မွေးခါစဖြစ် ခြင်း (သို့) သားပျက်ခြင်း (သို့) သားဖျက်ခြင်း၏ နောက်ဆက်တွဲလည်း ဖြစ်နိုင်သည်။ STD ဖြစ်စေသော ပိုးသည် မွေးလမ်းကြောင်းမှတစ်ဆင့် သားအိမ်ခေါင်း၊ ထို့နောက်သားအိမ်၊ သားဥပြွန်များနှင့် သားဥအိမ်များသို့ တဆင့်ပြီးတစ်ဆင့် တက်၍ကူးစက်နိုင်သည်။ အကယ်၍ အချိန်မီမကုသပါက နာတာရှည်နာခြင်း၊ ပြင်းထန်စွာနာမကျန်းဖြစ်ခြင်း (သို့) အသက်ဆုံးရှုံး ခြင်းအထိ ဖြစ်နိုင်သည်။ ဎ္ဍပန်များ့ရောဂါပိုးဝင်ပါက ဒဏ်ရာများဖြစ်ကျန်ခဲ့ပြီး မြံုခြင်း (သို့) သားအိမ်အပြင်ဘက်၌ သန္ဓေတည်ခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။
လက္ခဏာများ
(အောက်ပါတို့အနက် တစ်ခု (သိို့) တစ်ခုထက်မကဖြစ်တတ်သည်)
• ဗိုက်အောက်ဘက်နာခြင်း။
• အဖျားကြီးခြင်း။
• နေမကောင်းဖြစ်ပြီး အလွန်အားနည်းခြင်း။
• မိန်းမကိုယ်မှ အစိမ်း(သို့) အဝါရောင်အနံ့ဆိုးသော အရည်များဆင်းခြင်း။
• လိင်ဆက်ဆံစဉ်နာခြင်း၊ သွေးထွက်ခြင်း။
ကုသမှု
အောက်ပါဆေးတို့ကို ချက်ခြင်းသောက်ပါ။ အကယ်၍အောက်ပါ လက္ခဏာတစ်ခုခုဖြစ်ခဲ့ပါက-
• ဆေးသောက်ပြီး ၂ ရက် ၂ ည (၄၈ နာရီ) နေသော်လည်း မသက်သာလျှင်
• အလွန်နေမကောင်းဖြစ်ပြီး အဖျားကြီးလျှင် (သို့) အော့အန်လျှင်
• လောလောလတ်လတ် ကိုယ်ဝန်ပျက်ထားလျှင် (သို့) မီးဖွားထားလျှင် ကျန်းမာရေးဌာန (သို့) ဆေးရုံသို့ ချက်ခြင်းသွားပါ။ ပိုမိုထိရောက်သော အကြောဆေးများလိုအပ်လိမ့်မည်။
ReF: WEAVE
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
