ကိုယ်ဝန်ဆောင်နှင့် ဆေးဝါးများ
24-Jan-2017
ကိုယ်ဝန်ဆောင် အမျိုးသမီးများဟာ မိမိမသိတဲ့ဆေးများကို အလွယ်တကူ မသောက်သင့်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေစဉ် ပထမ၃လအတွင်းမှာပါ။ ဒီအချိန်ဟာ ရင်သွေးလေးရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စတင်ဖွံ့ဖြိုးကြီးထွားချိန်ဖြစ်ပါတယ်။ မိခင်တို့က တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမများနဲ့မတိုင်ပင်ဘဲ ဆေးများကိုသောက်လိုက်လျှင် မွေးလာမဲ့ရင်သွေးလေးမှာ ကိုယ်လက် အဂါင်္မစုံလင်တာ၊ ကိုယ်တွင်းအဂါင်္ ချို့ယွင်းမှုဖြစ်တာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးတာတွေဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ တချို့ဆေးများကို မိခင်တို့ရဲ့ကျန်းမာရေးအတွက် သောက်ရန်လိုအပ်ပါတယ်။ ဥပမာအားဖြင့် သွေးထိန်းဆေး၊ ရင်ကြပ်သက်သာဆေး၊ အတက်ကျဆေး စတဲ့ဆေးတွေဟာ မိခင်တို့ရဲ့ရောဂါထိန်းနိုင်ဖို့အတွက် လိုကိုလိုအပ်ပါတယ်။ သွေးထိန်းဆေးတွေဖြစ်တဲ့ ACEI နဲ့ Beta-blockers တွေကတော့ သန္ဓေသားကို ထိခိုက်စေပါတယ်။ ရင်ကြပ်သက်သာစေတဲ့ ရှူဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်စဉ်အသုံးပြု လို့ရပါတယ်။
ပါရာစီတမော၊ ပင်နင်စလင် (Penicillin) အုပ်စု ပဋိဇီဝဆေးများ၊ ဓာတ်မတည့်မှု သက်သာစေတဲ့ သောက်ဆေး၊ထိုးဆေးတွေကလည်း သန္ဓေသားကို မထိခိုက်စေဘူးလို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဟာ ဆေးတစ်ခုခု (အားဆေးပင်ဖြစ်စေ) သောက်မယ်ဆိုတိုုင်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ရပါမယ်။ ကိုယ်ဝန်မဆောင်မီ၊ ဆောင်နေစဉ်နှင့် ဆောင်ပြီး သောက်ရမဲ့ဆေးကတော့ ဖောလစ်အက်စစ် (Folic acid) ပါ။ ဒီဆေးဟာ ရင်သွေးငယ်ရဲ့ ဦးနှောက်နှင့် အာရုံကြောမကြီးဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။ ထို့ပြင် လမစေ့ဘဲ မွေးခြင်း၊ပေါင်မပြည့် ရင်သွေးမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း စတာတွေကိုလည်း ကာကွယ်
ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်မှာ အားဆေးမသောက်ဖြစ်လျှင် တောင် ဖောလစ်အက်စစ် (Folic acid) ကိုတော့ သောက်ကိုသောက်ရပါမယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Post by Dr.Jink
Ref; WedMD
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
