Natural Childbirth သမားရိုးကျမွေးဖွားခြင်း
24-Feb-2017
ရိုးရိုးမွေးဖွားခြင်းဖြင့် နာကျင်မှုဝေဒနာကို ခံစားရမည်ဖြစ်သော်လည်း ကိုယ်ဝန်နှင့် မွေးဖွားခြင်း အကြောင်းကို ကောင်းစွာ သိနားလည်ထားပြီးစိတ်ကို အနားပေးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေး ထားခြင်းဖြင့် အနာပျောက်ဆေးများ၊ စိတ်ငြိမ်ဆေးများ များစွာသုံးစွဲရန်မလိုဘဲ ခံနိုင်ရည်ရှိနိုင်မည်ဟု လေ့လာတွေ့ရှိထားပါသည်။ ရိုးရိုးမွေးဖွားခြင်းတွင် မိခင်က မကြောက်မရွံ့လေ၊ နာကျင်မှုဝေဒနာ သက်သာလေ ပင်ဖြစ်သည်။
ရိုးရိုးမွေးဖွားခြင်းတွင် ဆရာတစ်ဆူဖြစ်သော Dick-Read ၏ အဆိုအရ ဆင်ခြင်တုံတရားရှိပြီး ကြောက်ရွံ့မှုကို ဖြေဖျောက်နိုင်သော အမျိုးသမီးတိုင်း နာကျင်မှုမရှိသော ရိုးရိုးမွေးဖွားခြင်းကို ရရှိနိုင်သည်ဆို၏။ ယခုအခါ ဗြိတိန်နိုင်ငံတွင် ၎င်း၏ နည်းလမ်းမှ တီထွင်ဆန်းသစ်ခြင်းအနေဖြင့် မိခင်လောင်းတို့ကို စိတ်ရောကိုယ်ပါ ဖြေလျော့ အနားယူခြင်းများ လေ့ကျင့်ပေးလျက်ရှိသည်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်ချိန်တွင် အခြားသောခန္ဓာကိုယ် ကြွက်သားများ ကျုံ့ဆန့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သားအိမ်မှ နာကျင်မှု လျော့နည်းစေရန်ဖြစ်သည်။
ပုံမှန်ရိုးရိုးမွေးဖွားခြင်းမှာ နောက်ဆက်တွဲ ပြဿနာများ လုံးဝမရှိဟု မဆိုနိုင်ပါ။ ရိုးရိုးမမွေးနိုင်သဖြင့် ခွဲစိတ်မွေးရခြင်း စသည်တို့ဖြစ်ပါသည်။ သို့သော် ၎င်းကို မိခင်အနေဖြင့် ကိုယ့်အပြစ်ကြောင့်ဖြစ်ရသည်ဟု လုံးဝမထင်သင့်ပါ။ ယခုအခါတွင် ခေတ်ပေါ်နည်းများအရ ခါးရိုးတွင် ထုံဆေးထိုးခြင်း (ဥပမာEpidural Anaesthesia) ဖြင့် မွေးဖွားချိန် တစ်လျှောက်လုံး နာကျင်မှုမရှိဘဲ မွေးဖွားနိုင်ပြီ ဖြစ်ပါသည်။ သို့ရာတွင် နာကျင်မှုမရှိသည့်အပြင် မွေးဖွားရန် ညှစ်အားလည်း လျော့နည်းတတ်သောကြောင့် ညှပ်ဆွဲ၍ မွေးဖွားရသောနှုန်း ပိုမိုများပြားသည်ကိုလည်း တွေ့ရ၏။
Healthcare.com.mm
Ref:
ဒေါက်တာမေမိုးနွယ်
မိသားစု ကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

