ကိုယ်ဝန်ဆောင်နှင့် အရက်သောက်ခြင်း
24-Feb-2017
အရက်သုံးစွဲမှုသည် မွေးရာပါချို့ယွင်းချက်များ၊ သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေအရ ပြောင်းလဲချက်ကို ဖြစ်စေသည့် အဓိက အကြောင်းအရာဖြစ်သည်။ အီသာနောလ်သည် အချင်းနှင့် သန္ဓေသား ဦးနှောက်ကာဆီးထားရာကို လွတ်လပ်စွာဖြတ်ကျော်နိုင်သည်။ ဇီဝတွင်းဖြစ်ပျက်မှုအရ ထွက်ပေါ်လာသော ပစ္စည်းများသည် တဲ့တိုး (သို့) သွယ်ဝိုက်သော နည်းများဖြင့် အဆိပ်အတောက် ဖြစ်စဉ်နိုင်တယ်ဟု ယူဆရသည်။
ကိုယ်ဝန်ဆောင်နေစဉ် အရက်သောက်သုံးနေကြသော အမျိုးသမီးများသည် အများ အားဖြင့် အသက်ကြီးနေသူများဖြစ်ရာ အခြားတရားမဝင်သော ဆေးသုံးစွဲမှု၊ ပညာရေး နိမ့်ကျမှုနှင့် လူမှုရေးအဆင့်အတန်းလည်း နိမ့်ကျမှုလည်း မြင့်မားလျက်ရှိကြသည်။
(၁) သန္ဓေသား အရက်လက္ခဏာစုသည် မွေးရာပါ လက္ခဏာစုဖြစ်ရာ သုံးခုတွဲအရ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးကြန့်ကြာခြင်း၊ မျက်နှာချို့ယွင်းခြင်းများနှင့် ဗဟိုနာ့ဗ်ကြော အစုအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက် အားနည်းနေခြင်းတို့ဖြစ်သည်။ အဖြစ်များဆုံးသော ချို့ယွင်းချက်များမှာ -
(က) မမွေးဖွားမီနှင့် မွေးဖွားပြီး ကြီးထွားဖွံ့ဖြိုးမှု ချို့တဲ့ခြင်း။
(ခ) စိတ်နှင့်ဆိုင်ရာ တိုးတက်မှု နှောင့်နှေးကြန့်ကြာနေခြင်း။
(ဂ) ကျင့်ကြံပြုမူမှုများ အနှောင့်အယှက်ဖြစ်ခြင်း။
(ဃ) ပုံစံမကျသော မျက်နှာအသွင်အပြင်၊ တိုသော မျက်ခမ်းအကွဲ၊ နှာခေါင်းမှ မျက်ခုံးအရောက် မွန်ဂိုလ်ဆန်သော အရေပြား အခေါက်များ၊ ပြားသောမျက်နှာ အလယ်ပိုင်းနှင့် အပေါ်နှုတ်ခမ်း မြောင်းတွင်းကြောင်း ဖွဲ့စည်းမှု ချို့တဲ့ခြင်း။
(င) မွေးရာပါ နှလုံးချို့ယွင်းချက်များ။
(၂) အမေရိကန်ပြည်ထောင်စုတွင် အထက်ဖော်ပြပါ ဖြစ်ပျက်ခြင်း၏ အတိုင်းအတာ ပမာဏမှ မွေးဖွားမှု ၅၀၀ မှ ၁၀၀၀ တွင် တစ်ယောက်ဖြစ်သည်။
အရက်အလွဲသုံးစွဲမှု၏ အစ
ကိုယ်ဝန်ဆောင်စဉ် ဘေးအန္တရာယ်နှင့် ကင်းစေသော ညီမျှခြင်းသည် မရှိပေ။ မကြာခဏ သောက်သုံးခြင်းသည် ဘေးအန္တရာယ်မရှိဟု ဆိုနိုင်သော်လည်း ဘေး အန္တရာယ် အကင်းဆုံးမှာ ကိုယ်ဝန်ဆောင်စဉ် အရက်မသောက်သုံးခြင်းဖြစ်ကြောင်း လူနာများကို အကြံပြုရ၏။ တစ်နေ့လျှင် ၁-၂ အောင်စမျှ လုံးဝဥဿုံဖြစ်သော အရက် ကိုသောက်သုံးခြင်းသည် မွေးကင်းစကလေးတွင် ရလဒ်မှာ သန္ဓေသား အရက် လက္ခဏာစုနှင့် ဆက်နွှယ်နေခြင်းပင်ဖြစ်သည်။ အရက်သည် နို့ရည်တွင် စွန့်ထုတ် သည်။ နို့တိုက်နေစဉ် ကလေးငယ်၏ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် ပတ်သက်သောကြွက်သားများနှင့် နာ့ဗ်ကြောများ ဖွံ့ဖြိုးမှုကို ထိခိုက်နစ်နာစေသော အကျိုးဆက်ရှိကြောင်း အထောက်အထားရှိသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, January 2014, Pg.34
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
