ကိုယ်ဝန်ဆောင်မိခင်တို့ ကိုယ်လက်လှုပ်ရှားပြုကျင့်စို့
24-Feb-2017
နေ့စဉ်ပုံမှန် ခန္ဓာကိုယ်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းက ကိုယ်ဝန်မဆောင်မီရော ကိုယ်ဝန်ဆောင်နေစဉ်မှာအပြင် ကလေးမီးဖွားပြီးချိန်တွေမှာပါ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဓိကသော့ချက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း က လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေဖြစ်လာဖို့ ဆဲလ်ထဲမှာဖြစ်တဲ့ ဂလူးကို့စ်တွေ လောင်ကျွမ်းစေပြီး သွေးထဲက သကြားဓာတ်ကိုလည်း ကျစေပါတယ်။
ဒါ့အပြင် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းက ကိုယ်ဝန်ဆောင်ကြောင့် ကိုယ်လက်မအီမသာဖြစ်တာ၊ခါးနာတာ၊ ကြွက်သားတောင့်တင်းတာ၊ ခြေလက်ဖောရောင်တာ၊ ဝမ်းချုပ်တာနဲ့ အိပ်မပျော်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ နေ့စဉ်ပုံမှန် သိပ်မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို အိမ်အလုပ်လုပ်ရင်း၊ ခြံထဲလမ်းလျှောက်ရင်း၊ နံနက်စောစော (သို့) ညနေခင်းပိုင်း
တွေမှာ ပြုလုပ်ပေးသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Sheri (U.O.N,Ygn)
Ziwaka magazine, March 2014, Pg. 82
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

